ထိုင်းကြက်သားအာလူးဟင်း
ဒီဟင်းက အိသက် အမျိုးသား စာအုပ်ဖတ်ပြီးချက်ပြတဲ့နည်းပါ။ အိသက်မောင်လေး ဒီမှာရှိတုံးက တယောက်တလှဲ့စီဟင်းချက်ကြရတယ်။ အမျိုးသားက ဟင်းမချက် တတ်တော့ဆေးကျောင်းသား လုပ်ရတယ်။ အဲဒီနေ့က စိတ်လိုလက်ရ သူချက်မယ်ဆိုပြီးစာအုပ်ဝယ်လာပြီးချက်ပါတယ်။ အဲဒါပဲချက်ကျွေးဖူးတယ်၊ နောက်တခါဆိုဒါကို မတွေ့ရတော့ဘူး။ စားလို့အရမ်းကောင်းပါတယ်။ ဒါလေးကောင်းလွန်းလို့ ပြန်ချက်စားဖြစ်ပါတယ်။ ထိုင်းဟင်းလေးပါနော်။
ပါဝင်ပစ္စည်းများ(၆ယောက်စာ)
-ကြက်သား အသား ၅၀၀ ဂရမ်
-အာလူးအသေးလေးများ ၂၀လုံး
-အုန်းနို့၁ဘူး
-ရှောက်ရွက်၅ရွက်
-ပူစီနံ လက်တဆုပ်စာ
-ငံပြာရေ ၁ဇွန်း(စားပွဲတင်)
– thai red curry paste ၁ဇွန်းခွဲ(စားပွဲတင်)
-သံပရာရေ ၂ဇွန်း(စားပွဲတင်)
-ငရုတ်ချိုတောင့်၂တောင့်
-ကြက်သားမှုန့် ၂ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ ၂လုံး၊ ဖြူ ၃မွှာ
ကြက်သားလေးများအတုံးသေးသေးတုံးထားကာ ဆား၊ ကြက်သားမှုန့်နယ်ထားပါ။ ငရုတ်ချိုတောင့် ၊ ရှောက်ရွက်၅ရွက်၊ ပူစီနံတို့ကို ပါးပါးလှီးထားပါ။
ကြက်သွန်နီ၊ ဖြူ အတုံးလေးများကိုဆီသတ်ပါ။
ရွှေဝါရောင်သန်းလာရင် အုန်းနို့လောင်းထဲ့ပါ။ ပွက်လာရင် red curry paste ကိုထဲ့ပါ၊ ငံပြာရေ နဲ့ ကြက်သားမှုန့်ထဲ့ပါ။
အာလူးလေးများထဲ့ကာ ၁၅မိနစ်ခန့်နူးအောင် အဖုံးအုပ်ထားပါ။
ပြီးရင် ကြက်သားအတုံးလေးများထဲ့ပြီး ရေအနဲငယ်ထဲ့ကာ မီးအေးအေးဖြင့် ၁၅မိနစ်ခန့်ထပ်အုပ်ထားပါ။
ကြက်သားရော အာလူးလေးများနူးလာရင် သံပရာရေထဲ့၊ ပူစီနံပါးပါးလှီး ထားတာများထဲ့ပါ။
ရှောက်ရွက်ပါးပါးလှီးများထဲ့ပြီး ငရုတ်ချိုတောင့်ထဲ့ပြီး အနံ့အရသာ ပြည့်စုံသော ထိုင်းကြက်သားအာလူးလေးစားရန်အဆင်သင့်ရပါပြီ။
five spice powde ဆိုတာဘာလဲအစ်မ။
တရုတ်မဆလာ par .http://www.google.co.uk/imgres?hl=en&sa=X&biw=1440&bih=807&tbm=isch&prmd=imvnse&tbnid=5hIEkbhA3TKG8M:&imgrefurl=http://www.prosi.at/product_sub.php%3Fproduct%3DCondiments&docid=VJ8Jm3xtVMx0pM&imgurl=http://www.prosi.at/admin/Product/chinese-five-spices-powder-ngo-hiong.jpg&w=280&h=280&ei=uYoRUP_0JsfX0QWly4GYBQ&zoom=1&iact=hc&vpx=1003&vpy=141&dur=456&hovh=224&hovw=224&tx=176&ty=207&sig=100573953689416830962&page=1&tbnh=148&tbnw=146&start=0&ndsp=26&ved=1t:429,r:5,s:0,i:88