dim sum စားတဲ့အခါ ကြက်ခြေထောက်ပေါင်း ကိုအိသက်မှာစား နေကျ၊ အဲဒါကိုသိတဲ့အမျိုးသားက ကြက်ခြေထောက်အစိမ်းတွေ တွေ့တော့သတိတရ နဲ့ အိမ်မှာလုပ်စားရအောင်ဝယ်ပါလားတဲ့။ ဝယ်ကျွေးရရင် ၁ပွဲနဲ့လဲမလောက် ၂ပွဲနဲ့လဲမလောက် ဆိုတော့ ကိုယ့်ဘာသာလုပ်စားပါလားဆိုတဲ့သဘောပေါ့။ ဩ သူ့စေတနာ မြောက်သွားအောင် ငါလုပ်စားမှဆိုပြီး ကြက်ခြေထောက်တဘန်း ခြင်းလှည်း ဘတ်ဆိုထဲ့ပလိုက်တာပေါ့။ နောက်နေ့မနက်လုပ်စားတော့ကိုယ့်ထက်သူက ပိုတောင်စားနေသေး။ လုပ်နည်းလေးရေးပေးမယ်နော်။ စားကောင်းလွန်းလို့။
ပါဝင်ပစ္စည်းများ
-ကြက်ခြေထောက် ၂၀၀ ဂရမ်
– black bean sauce၂ဇွန်း(စားပွဲတင်)
-ပျားရည်၁ဇွန်း(စားပွဲတင်)
-ရှယ်ရီဝိုင် ၁ဇွန်း(စားပွဲတင်)
-light soy sauce ၁ဇွန်း(စားပွဲတင်)
-vinegar ၁ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း၁ဇွန်း(အချိုပွဲဇွန်း)
-ငရုတ်သီးချိုတောင့် ၁တောင့်
ကြက်ခြေထောက်များကိုသန့်စင်ကာblack bean sauce၂ဇွန်း(စားပွဲတင်)၊ ပျားရည်၁ဇွန်း(စားပွဲတင်)၊ ရှယ်ရီဝိုင် ၁ဇွန်း(စားပွဲတင်)၊ soy sauce ၁ဇွန်း(စားပွဲတင်)၊ vinegar ၁ဇွန်း(စားပွဲတင်)၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ငရုတ်ကောင်း၁ဇွန်း(အချိုပွဲဇွန်း) တို့နဲ့နယ်ထားပါ။
တနာရီ အကြာမှာ ဒယ်ပေါ်တင်ပြီး ၁၀မိနစ်ခန့်အပူပေးလိုက်ပါ။
အသားလေးများအညိုရောင်ပြောင်းလာရင် ပေါင်းအိုးထဲ ထဲ့ကာငရုတ်သီးချိုတောင့် ၁တောင့်ကို ပါးပါးလှီးထဲ့ကာ ရေ၁လီတာခွဲ ခန့်ထဲ့ကာ ပေါင်းလိုက်ပါတယ်။
မိနစ် ၅၀အကြာမှာ နူးအိနေသော ကြက်ခြေထောက်လေးများရပါပြီ။
ကြိုက်တယ်အိသက်ရေ……ကောင်းမှကောင်း..လုပ်ကြည့်ဦးမယ်….
sis instead of cherry wine, can use rice wine ?
i used that for smell sis yay . yes you can use rice wine 🙂
ကြက်ခြေထောက်ပေါင်းကို ထမင်းလွတ်တီးသွားပါကြောင်း
မမကျား
အကြိုက်ဆုံးပါ……ညီမရေ
thz for sharing, i luv it 🙂
welcome naw 🙂
ma me ei thet, I wanna try this. I just have one question
do you steam it in pressure cooker?
yes sis , it will be more easy 🙂