ကြက်သားပဲရည်သုတ်၊ စမူဆာပဲရည်သုတ်
သူငယ်ချင်း ဂျူလိုင် စားချင်တယ်ဆိုလို့လုပ်ကျွေးရတာပါနော်။ လုပ်စားတဲ့နေ့မှာပဲ အထူးဧည့်သည်များလဲရောက်လာပါတယ်။ ရန်ကုန်မှာဆိုရင် အိသက်မမကြီး ခဏခဏဝယ်လာတတ်တာပါ။ ဗဟန်းရေတာရှည်လမ်းပေါ်က ဗမာမိသားစုရောင်းတဲ့ ကြက်သားပဲရည်သုတ်က သန့်လဲသန့်ပြီးစားလို့လဲ အလွန်ကောင်းပါတယ်။ ရောင်းတဲ့အမ ကိုယ်တိုင်ကလဲ သနပ်ခါးလေးနဲ့သန့်သန့်လေးရယ်။ တော်တော်စားလို့ကောင်းပါတယ် ရှူးရှူးရှဲရှဲပေါ့။
ပါဝင်ပစ္စည်းများ
-ကြက်သား၁ကောင်
-တခြားကြက်အစိတ်အပိုင်းများ
-ဆနွမ်းမှုန့်၂ဇွန်း(စားပွဲတင်)
-ပဲမှုန့်၂ခွက်(ဆန်ချိန်ခွက်)
-Gram မဆလာ၅ဇွန်း(စားပွဲတင်)
-ဂေါ်ဖီ၁လုံး
-ငရုတ်သီးစိမ်း ၁၀ တောင့်
-ကြက်သားမှုန့်
-ပူစီနံ
-ငရုတ်သီးမှုန့်
-ငံပြာရည်
-သံပရာသီး
ပဲမှုန့်ကိုရေလီတာဝက်စိမ်ထားပါ။ ကြက်သားကိုလေးခြမ်းတုံးကာ ကြက်သားမှုန့်၂ဇွန်း၊ မဆလာ၂ဇွန်း၊ ဆနွမ်းမှုန့်၂ဇွန်းထဲ့ ပြီး တခြားကြက်အစိတ်အပိုင်းများပါထဲ့ကာပြုတ်ထားပါ ။ကြက်အသဲကိုအရမ်းမမာအောင်နောက်ဆုံးမှထဲ့ပါတယ်.
ကြက်သားများထုတ်ကာ လှီးစိတ်ထားပါ။ ကြက်ပြုတ်ရေကို ချန်ထားပါ။ ငရုတ်သီးစိမ်း၊ ဂေါ်ဖီပါးပါးလှီးထားပါ။
ပဲကျိုရန်
ပဲရည်ဖြေးဖြေးချင်းလောင်းထဲ့ပြီးကျိုပါ။ ရေ၁လီတာခန့်ထပ်ထဲ့ပါ။ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)၊ မဆလာ ၃ဇွန်း ထဲ့ကျိုပါ။ ကြက်သားပြုတ်ရည်များပါရောပါ။ ပဲရည်ကျတ်ပြီး ပဲစိမ်းနံ့ပျောက်ပြီး မဆလာနံ့မွှေးတတ်လာပြီဆိုရင် ဟင်းရေအရသာမြည်းပြီးအပေါ့အငံထဲ့ဖြည့်ကာ မီးမျင်းမျင်းနဲ့ပူနေပါစေ။ မပျစ်မကျဲအနေမှာထားပါ။
ဟင်းရေရပြီဆိုတော့ ပွဲပြင်ရအောင်နော်။ ကြက်သားများအရင်ထဲ့ လှီးထားသော ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ငရုတ်သီးမှုန့်တို့ဖြင့် ပွဲပြင်ပြီး ဟင်းရေပူပူကိုလောင်းကာ သံပရာရည်၊ ငံပြာရည်လိုသလိုထဲ့စားနိုင်ပါပြီ။
စမူဆာသုတ်
-စမူဆာ
– chick pea ၁ဗူး
-အာလူး အနေတော်၎လုံး
-ဂေါ်ဖီ၁လုံး
-ငရုတ်သီးစိမ်း၅ တောင့်
-ပူစီနံ
-ငရုတ်သီးမှုန့်
-ငံပြာရည်
-သံပရာသီး
စမူဆာ လေးများကိုကြော်ထားပါ။ အာလူးကိုပြုတ်ပြီး အတုံးသေးလေးများလှီးထားပါ။
ပဲပြုတ်ရေက အထက်ပါအတိုင်းပြုတ်နိုင်ပါတယ်။ ကြက်သားပြုတ်ရေ မရှိရင်ကြက်သားမှုန့်သုံးလို့ရပါတယ်။
ပွဲပြင်ရန်
စမူဆာလေးများညှပ်ထဲ့ပါ၊ အာလူး၊ ပဲစေ့၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ ငရုတ်သီးမှုန့်တို့ဖြင့် ပွဲပြင်ပြီး ဟင်းရေပူပူကိုလောင်းကာ သံပရာရည်၊ ငံပြာရည်လိုသလိုထဲ့စားနိုင်ပါပြီ။
Thank you so so much for your recipe….. This is one of my favourites….
sis how to call ပဲမှုန့် in eng? is it fresh or roasted one ?
gram powder 🙂
yummy, i will try soon :))
🙂
wanna eat !!!
Today I make this yummy food, thank you very much for sharing your love and kindness, Ma Ei Thet.
welcome and thank you for using my recipe. 🙂
မအိရေ ကြက် ၁ ကောင်ကို ဘယ်နှပွဲလောက်စားရလဲ သိချင်လို့ပါ။ သဇင်တို့ သူငယ်ချင်းတွေ စုပြီးလုပ်စားကြမှာမို့ လူ ၁၅ ယောက်စာကို ဘယ်လောက်သားလောက် လုပ်ရမလဲ သိချင်လို့ပါ အစ်မရေ။ ကျေးဇူးနော်။
then use 4 chickens sis 🙂
Thank you so much for sharing
welcome par sis yay 🙂
ဒီနေ.ကြက်သားသုပ်ပဲဟင်းရည်နဲလုပ်စားဖြစ်တယ်။ အရမ်းကောင်းတာဘဲ။ မိသားစု တွေအားလုံး လဲကြိုက်ကြတယ်။ ပဲဟင်းအိုး ဝေကျလို.တစ်ဝက်လောက် ပစ်လိုက်ရတာကလွဲရင် အရမ်းကို အောင်မြင်တဲ.အကြောင်းနဲ အိသက်ကို.ကျေးဇူးတင်ကြောင်းပြောချင်တာပါ။
ဟယ် ပလုတ်တုတ် ပဲဟင်းကဝေကျသွားသေးတယ်ပေါ့ ဘာပဲဖြစ်ဖြစ် စားကောင်းတယ်ဆိုလို့ဝမ်းသာပါတယ်နော် 🙂
Thans for sharing all these precious recipe…
ဒီနေ့  စမူဆာသုတ်လုပ်စားတယ် … ကောင်းလိုက်တာ … စိတ်ကို ကျေနပ်သွားတာပဲ … ကျေးဇူးပါအိသက်ရေ … အိသက်ကျေးဇူးကြောင့် ကိုယ်ကြိုက်တဲ့ အစားအစာတွေကို လုပ်စားတတ်သွားတာ … မနက်ဖြန် ကြက်သားသုတ်လုပ်မယ် 🙂
ဟုတ်ပ ရေတာရှည်လမ်းဟောင်းက ကြက်သားပဲသုပ်ကရိုးရိုးလေးနဲ့တကယ်စားလို့ကောင်းတယ်။ ရောင်းတဲ့အန်တီကြီးလည်း အမပြောသလိုပဲ ပါးကွက်လေးနဲ့သန့်သန့်လေးရယ်။ Btw, thanks for sharing recipes, I just love all of your recipes, especially burmese snacks sis. Thumbs up!
🙂