မုန့်လုံးကြီး
အုန်းသီးနဲ့လုပ်တဲ့မုန့်မှန်သမျှကိုကြိုက်တာဆိုတော့ မုန့်လုံးကြီးကြော်ကိုလဲအရမ်းကြိုက်ပါတယ်။ လုပ်နည်းလေးလဲ လွယ်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
-ကောက်ညင်းမှုန့်၅ဇွန်း(ဟင်းချက်ဇွန်း)
-ဆန်မှုန့်၂ဇွန်း(ဟင်းချက်ဇွန်း)
-ဆားနဲနဲ
-သကြား၁ဇွန်း(ဟင်းချက်ဇွန်း)
-အုန်းသီးဖတ် ၁ခွက်(ဆန်ချိန်ခွက်)
သကြားများများနဲ့အုန်းသီးကို ဒယ်ပေါ်တင်ကာ ရေမပါပဲ လှော်လိုက်ပါတယ်။ ရေမပါအခြောက်ဆိုတော့ ကျွတ်ကျွတ်လေး ဖြစ်နေပါတယ်။ ရေပါရင်မုန့်ထဲထဲ့လုံးရာမှာ မုန့်နှစ်တွေရေပျော်ပြီး ဌာပနာ မလုံမှာစိုးလို့ပါ။
ကောက်ညင်းနဲ့ဆန်မုန့်ကို ရေအေး စားပွဲတင် ၅ဇွန်းဖြင့် နယ်ထားပြီ ၂နာရီခန့် မုန့်သားပေါက်အောင်ထားလိုက်ပါ။
ပြီးမှမုန့်သားကို လက်ပေါ်တင်ပြားလိုက်ပါ။ အုန်းယိုကို အလယ်မှာ ဌာပနာထဲ့ပြီးလုံးလိုက်ပါ။
ဆီပူတွင် မြုတ်အောင် မီးအေးအေးနဲ့ကြော်လိုက်ပါ။
မုန့်သား နီရောင်သန်းရင်ဆယ်လို့ရပါပြီ။
အောက်ပိုစ်.က ကြက်သားသုတ်စားပြီး မုန်.လုံးကြီးအချိုတည်းသွားပါတယ်ညလေးေ၇။
မမကျား
good 😛
မအိသက်- လက်ဖက်နှပ်ပုံနှပ်နည်းလေး ကျေးဇူးပြုပီးပြောပြပေးပါနော်… ကျေးဇူးပါ.
will do naw 🙂
ဟင်းချက်ဇွန်း ဆိုတာ ဘယ်အရွယ်အမျိုးအစားလဲ..မအိသက်..thx u par
when we cooking the spoon that we use for string in the pot 🙂
အုန်းသီးဖတ်ကို ဘယ်လိုလုပ်ရမှာလဲ..၀ယ်လို့ရလား..ကျေးဇူးတင်ပါတယ်..
u can buy it from indian shop 🙂 they come like dry 🙂
Hi there I absolutely love your page. All the food looks so yummy and I wouldn’t mind try making some of it my self. However I am unable to view the recipes. And I am not sure why? Would you kindly be able to help me out please. Many thanks 🙂
အမ မုန့်သားကိုနယ်ရင်ရေဘဲထည့် ရမှလား
ရေအေး စားပွဲတင် ၅ဇွန်းဖြင်ကနယ်ပါနော် 🙂