ဟာလဝါ
ဟိုတလောကအိမ်က မိသားစုတွေ ချောင်းသာသွားတယ်ဆိုကတည်းက ဒီလန်ဒန်မှာကိုယ်က ဂနာတယ်မငြိမ်ချင်တော့ဘူး။ ကျန်ခဲ့ရတာက တမျိုး ပုသိမ်ဟာလဝါ၊ ဂဏန်း၊ ပုဇွန် စားချင်တာက တမျိုးနဲ့ တယောက်တည်းတော်တော် ခံစားလိုက်ရပါတယ်။ အမေက ပြန်လာဆိုတော့လဲ ပူလွန်းတဲ့ရာသီမို့ ကလေးတွေဂျီမှာကြောက်လို့ မသွားရဲ။ ဘယ်သူ့အပြစ် ပြောရမှန်းမသိနဲ့ တအိမ်လုံးလိုက်မဲမိပါတယ်။ နောက်ဆုံးကလေးတွေနဲ့အတူနေပေးတဲ့အမက ညီမလေးလုပ်တတ်နေတာပဲ လုပ်စားပေါ့တဲ့ ၊ ဟာလဝါထိုးရမှာလဲ ခပ်ကြောက်ကြောက်ပါ။ တော်တော်လက်ညောင်းအောင်ထိုးရလွန်းလို့ပါ။ ဒီတခါတာ့အလွယ်နည်းနဲနဲသုံးပါတယ်။ အိသက်က ရွှေမြင်းပျံကိုပဲအရမ်းကြိုက်လို့ အဲဒီပုံစံ အရသာမရမခြင်း ကျင့်ထားတာပါ။ အဲဒါနဲ့ ဒီဟာလဝါဆိုတာက ကျန်းမာရေးနဲ့တော်တော်မညီတာပါ။ အဆီအအိမ့်မျိုးစုံပါ ပါတယ်။ ဒါပေမဲ့လဲ ဦးရယ် လူဆိုတာဟာ ခက်တယ်ဆိုသလိုပေါ့နော် ကြိုက်လွန်းလို့ စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့ဖြစ်သွားတာပေါ့ 🙂 ( ပုံမှန်က ကောက်ညင်းပဲသုံးပါတယ်။ သူငယ်ချင်း မနိုင်ရဲ့အကြံပေး ချက်အရဆန်မှုန့်ရောကြည့်တာ အရင်ကထက်ပိုအဆင်ပြေတာတွေ့ရပါတယ်)
ပါဝင်ပစ္စည်းများ
-ကောက်ညင်းဆန်မှုန့်၃ခွက်(ဆန်ချိန်ခွက်)
-ဆန်မှုန့်၁ခွက်
-အုန်းနို့၂ဗူး
-ကြံသကာ ၃၀ ဂရမ် (ဂရမ်မသိရင် ကြံသကာရည်ကျဲဖျော်ဟင်းချက်ဇွန်း၃ဇွန်း)
-သကြား ၄ဇွန်း(ဟင်းချက်ဇွန်း)
-ထောပတ် ၃ဇွန်း(ဟင်းချက်ဇွန်း)
-ဆီ၂ ဇွန်း(ဟင်းချက်ဇွန်း)
-ဆား ၁ဇွန်း(စားပွဲတင်)
-ဘိန်းစေ့
ကောက်ညင်းနဲ့ဆန်မှုန့်ကိုရောကာရေဖျော်လိုက်ပါ။ ပြီရင် ဆားရောပါ။
ထမင်းပေါင်းအိုးထဲကို ထဲ့ပြီး ထမင်းချက်သလို ရေအမှတ်၃မှာထားပြီး ချက်လိုက်ပါ။( မွှေရတာ သက်သာအောင်)
ကျတ်သွားရင် ခပ်ပျစ်ပျစ်လေးဖြစ်နေတာတွေ့ရပါမယ်။
အဲဒီအခါမှမုန့်ကျိုမဲ့အိုးထဲကို ပြောင်းထဲ့ကာ အုန်းနို့၊ သကြားရောပါ။
ပြီရင် ဆားရောပါ။
ခနမွှေပြီး ကြံသကာရေ လောင်းထဲ့ပါ။ မီးကိုအနေတော်ထားလို့ရပါတယ်။အဆက်မပြတ်မွှေပါ။
မိနစ် ၃၀ – ၄၀ ကြားကျိုရင်းမှမုန့်ကျိုရေနီလာရင် ဘိန်းစေ့ များလောင်းထဲ့ကာဆီ၊ ထောပတ်ရောကာမွှေပါ။အဆက်မပြတ်မွှေပါ။
ဆီပြန်ကာပျစ်ခဲလာရင် ဟာလဝါရပါပြီ။
မုန့်ဘန်းထဲ ထဲ့အအေးခံထားပါ။
ဒီနေ့ညအအေးခံရင် နောက်တရက်မနက်မှာ အနေတော်ခပ်ပျစ်ပျစ် ပုသိမ်ဟာလဝါ ကိုစားသုံးလို့ရပါပြီ။
Thanks a Lot sister for sharing this food !!! It is my favourite food.
welcome naw 🙂
ma ma…………thanks alot for ur recipe………..I love it so much…………one question ma ma…………Do I need to used non sticky pan?
it will be better. you will not tired if u use with non stick nyi ma lay 🙂 but u can still use with normal pan .
thank you very much.
မမ ကြံသကာကို English လို ဘယ်လိုခေါ်ပါသလဲ။ UK မှာဆို ဘယ်မှာ ၀ယ်လို့ ရမလဲဟင်။ thank you for ur recipe 🙂
jagarry sis. 🙂
အမ…ဆန်နှင့်နနွင်းမှုန့် နဲ့လုပ်ပြီးအပေါ်က အုန်းဆီချက်ကလေးဆမ်းစားတဲ့ ဆနွင်းမကင်းဝါဝါလုပ်နည်းလေးရမလားရှင့်။ကျေးဇူးပြုပြီးတင်ပေးပါလားရှင့်။
အားတဲ့အခါလုပ်ပေးပါ့မယ် ညီမလေးရေ၊ မလဲ တွေတင်ဖို့အကြွေးတွေများနေတာ။ လုပ်ပေးမယ်နော် 🙂
ဟုတ်ကဲ့ရှင့်…ကျေးဇူးတင်ပါတယ်အမ။
အဲဒီ ပုသိမ်ဟာလဝါလုပ်နည်းလေး မျှလို့ ကျေးဇူးတင်ပါတယ်။ ဟာလဝါခြောက် လုပ်နည်းလေးသိရင် ပြောပြပါဦးနော်။
မမ …. ဘိန်းစေ့ကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲဟင်? ဘယ်လိုဆိုင်မျိုးမှာ ဝယ်လို့ ရနိုင်ပါသလဲ?
poppy seed sis 🙂
ကျေးဇူးပါ အရမ်းကြိုက်တယ်လုပ်နည်းလေးသိလို့အရမ်းဝမ်းသာသွားတယ့် လုပ်စားကြည့်မယ်နော်
hote kae , let me know if you like it naw 🙂
Hi Ma i love halawa. I cannot read burmese language . If possible can you give english version of recipe. I would love to try this at home.
လုပ်စားဦးမယ် အစ်မရေ
အရမ်းကြိုက် ကြိုက် ကြိုက်
Hi,
I tried your Pathein Halawa recipe today but here, “hta nyat” is not available to buy, I use brown sugar instead and the colour is not as beautiful as yours. How many ml is your coconut milk can? Thank you so much for your website and effort.
မအိသက်ခင်ဗျာ။ချက်နည်း ပြုတ်နည်းများကိုစေတနာရှေ့ထားပြီး အပင်ပန်းခံပြီး ကျနော်တို့လိုမသိတဲ့လူတွေအတွက်တင်ပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်။ဒါပေမဲ့ကျနော်အကြံတခုလောက်တင်ပြပါရစေ။အချိုးအစားများကိုတင်ပြရာမှာ ဥပမာ အုန်းနို့ဗူးလို့ဆိုရာတွင် ၁ လီတာဗူးလား။၄၀၀ မီလီဗူးလားဆိုတာပေါ့။ကျနော်တို့မြန်မာတွေထုံးစံ ဟင်းခတ်ဇွန်း ၃ ဇွန်းလို့ရေးမယ့်အစား gm လေးနဲ့ရေးရင်ပိုအဆင်ပြေမလားလို့တင်ပြတာပါ။ထွက်လာတဲ့အရသာလည်းတိတိကျကျထွက်တာပေါ့။ဆရာလုပ်တယ်လို့မထင်စေချင်ပါ။ကျနော်တို့မြန်မာလူမျိုးတွေရဲ့အစားအစာ တခြားလူမျိုးတွေကြားတိတိကျကျပြောပြလို့ရတာပေါ့။(တကယ့်စေတနာနဲ့တင်ပြတာပါ)
Thank you so much for the recipe. Appreciated.