လန်ဒန်မှာလုပ်ရတော့ လန်ဒန် မြေပဲယိုပေါ့နော်။ သီချင်းလေးတောင်ရှိသေး အပျိုကြီးတွေလင်မရလို့ လန်ဒန်မြေပဲယို ကြံသကာပါမှချို တဲ့ ဘယ်အပျိုကြီးကိုမှမရည်ရွယ်ပါဘူးနော်။ အဖေက အညာဘက်ကဆိုတော့ မြေပဲယို တို့ ထန်းညက်တို့ ပေါမှပေါ။ အဖေ့ညီမ အဒေါ်တွေကိုယ်တိုင် ထန်းတောတွေပိုင်တော့ ကိုယ်တိုင်ထန်းညက်ချက် ထန်းညက်နဲ့ပတ်သတ်တဲ့မုန့်တွေလုပ် ပြီးတော့ ဒိုင်တွေကသူတို့ဆီယူပေါ့။ ခုအမေပို့ထားတဲ့ထန်းညက်ခဲလေး ၄- ၅ခဲကျန်တာနဲ့လုပ်လိုက်တာပါ။
ပါဝင်ပစ္စည်းများ
-မြေပဲ
-ထန်းညက်ခဲ ၅ခဲ( ကြံသကာ)
-ဆား ဇွန်းထိပ်ဖျားခန့်
လန်ဒန်က မြေပဲစံတွေက တော်တော်အောင်ပြီးအကြီးကြီးတွေမို့ နဲနဲထောင်းရပါတယ်
မြေပဲလေးများကို ဆီမှာထဲ့ပြီးကြော်ပါ။ ၁မိနစ်ခန့်ကြော်ကာဆယ်ထားပါ။
ထန်းညက်ခဲလေးများကို ဆားထဲ့ကျိုပြီး တော်တော်စေးလာရင်မြေပဲထဲ့ရောပြီး လေးထောင့်ပုံစံခွက်ထဲ ထဲ့ကာအအေးခံထားပါ။
ခနနေမာလာတဲ့အခါ ဇွန်းအမာနဲ့ကော်ထုတ်ကာစားနိုင်ပါပြီ
လာလည်သွားတယ်..အိသက်ရေ..
အညာထန်းတောအကြောင်းပြောတော့
ပုံဂံသွားတဲ့ လမ်းလေးတွေကိုလွမ်းမိတယ်…
I miss my dad too much these days and want to tell these old days too 🙂
Dear Ei Thet ..
Thank you so much for your recipes. i’ve just found your page and instantly fall in love with it. i am an ok-cook but i don’t know how to make မုန့်. anyway thks again .. and hope to see more of yr creations.
Ma Oo
D.C.
welcome par ma oo yay , thanks for visiting 🙂