ဂွေးတောက်ရွက်ကြက်သားဟင်း
ဘုန်းကြီးဆွမ်းကပ်တဲ့နေ့က သူငယ်ချင်းဂျူလိုင်ကဂွေးတောက်ရွက်ဝယ်လာတော့ ကြက်သားဟင်းလေးချက်စားချင်သွားတယ်။ စားလို့ကောင်းလွန်းလို့ ဝယ်လာပေးတဲ့သူငယ်ချင်းကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ခပ်ဖန်ဖန်အရသာကြိုက်တဲ့သူတွေအတွက်တော့ဒီဟင်းလေးက အရမ်းကို အရသာရှိ ပါတယ်။
ပါဝင်ပစ္စည်းများ
-ကြက်၁ကောင်
-ဂွေးတောက်ရွက်
-ဆား၊ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ဆနွမ်းမှုန့်နဲနဲ
-ကြက်သွန်နီ ၂လုံး
-ကြက်သွန်ဖြူ ၃မြွာ
ကြက်သားကိုရေစင်စင် ဆေးကာ ဆား၊ ကြက်သားမှုန့်၁ဇွန်းတို့ဖြင့် နယ်ထားပါ။
ကြက်သွန်ထောင်းပြီးသားကို ဆီပူတွင် ဆနွမ်းထဲ့ပြီးဆီသတ်ပါ။ ဆား၊ ကြက်သားမှုန့်၁ဇွန်းထဲ့ပါ။ ကြက်သွန်ကျတ်လာရင် ကြက်သားထဲ့ကာလုံးပါ။
ကြက်သားလေးများပန်းရောင်သန်းလာရင် ရေထဲ့ကာအုပ်ထားပါ။ ကြက်သားနူးပြီး ဆီပြန်ချင်လာရင် ဂွေးတောက်ရွက်ထဲ့ကာ ရေအနဲငယ်ထပ်ထဲ့ပြီးအုပ်ထားပါ။
ဆီပြန်ရေကျန်အနေမှာ ချကာစားသုံးနိုင်ပါပြီ။
Where can you buy the green leaves? what do you call? thanks.
emily
i dont know how to call in english but i will find out and let you know.we got it from west london. 🙂
Hi Ei Thet, thank you v. much.
welcome sis:)
Hi
I am also like to know where to get that Gway-Tauk leaves in London. I will be appreciated if you can share that information.
Many thanks.
Thant
you can get them from indian grocery, especially at Wembley market 🙂
ဂွေးတောက်ရွက်ကို(England)မှာလွယ်လွယ်နဲ့ဝယ်လို့ရလား..
ya par tae 🙂