ဈေးရောင်းပွဲမှာတွေ့ခဲ့တဲ့အမ လီလီရဲ့ အချိုးအစားလေးပါ။ စားကောင်းလွန်းလို့ မေးခဲ့လိုက်တာ။ အမက ချစ်ဖို့အလွန်ကောင်းပါတယ်။ ဒီကို ၉ နှစ်သမီး အရွယ်တည်းကရောက်ပေမဲ့ ဗမာစကားကိုကောင်းကောင်းပြောတတ်ပါတယ်။ မုန့်လုပ်တာလဲတော်တော် ကျွမ်းကျင်ပါတယ်။
ပါဝင်ပစ္စည်းများ
-ကောက်ညင်းမှုန့်၃ဆ
-ဆန်၁ဆ
-ဆားနဲနဲ,ဆိုဒါ နဲနဲ
ကောက်ညင်းနဲ့ ဆန် ကိုဆားနဲနဲ၊ ဆိုဒါ နဲနဲ, ရေအနဲငယ်ထဲ့ပြီ မုန့်အသားကိုစီးနေအောင်နယ်ထားပါ။ ကြော်ပြီးလို့အညိုရောင်လေးဖြစ်ချင်ရင် ထန်းညက်ရည်လေးထဲ့နယ်ပေးပါ။
ပြီးရင် ရေစိုအဝတ်ပါးလေးအုပ်ပြီး ၂နာရီခန့်ထားလိုက်ပါ။
ပြီးရင် မုန့်ကိုလက်ကောက်သဏ္ဍာန်လုပ်ကာ ဆီပူပူတွင်ထဲ့ကြော်ပါ။
မုန့်လေးများ ဆီပေါ်ပေါ်လာပြီ ဆိုရင် ဟိုဖက်ဒီဖက်ခဏ လှန်ပေးပြီးရင်ဆယ်လိုက်ပါ။
ထန်းညက်ရည် ပျစ်ပျစ်ကျိုထားတာနဲ့တွဲစားရင် အလွန်ကောင်းပါတယ်။
ကောက်ညင်းမှုန့်တွေ ပိုနေလို့ ဘာလုပ်ရမှန်းမသိတာနဲ့ အတော်ပဲ sis ရေ.. လုပ်ကြည့်လိုက်ဦးမယ်…ကျေးဇူးတင်ပါတယ်နော်