ဘဲကင်ကိုသားသားရော အိသက်ရောအရမ်းကြိုက်ပါတယ်။ ခဏခဏ ဝယ်စားဖြစ်ပါတယ်။ လုပ်စားကြည့်ချင်လို့ သူငယ်ချင်းတရုတ်မလေးကိုမေးကြည့်ပါတယ်။ သူ့မိဘတွေက ဒီမှာတရုတ်စားသောက်ဆိုင်ဖွင့်ထားပါတယ်။ သူ့ဆီကနည်းမေးတုန်းက ရယ်စရာပြောပြချင်ပါတယ်။ Ingredients တွေထဲမှာ သူက အာဂျိနိုမိုတို တဲ့ အချိုမှုန့်ကိုပြောတာပါ။ ဒါနဲ့ အိသက်က monosodium glutamate ဆိုတော့ ဆရာမက ဟုတ်ဘူးတဲ့ အာဂျိနိုမိုတိုပဲတဲ့ သူ့အမေတွေက monosodium glutamateကိုမသုံးဘူးတဲ့။ အတူတူကို ဇွတ်ညင်းနေလို့ သူ့ဆီကနည်းယူရမှာ ဆိုတော့ အေး အာဂျီနိုမိုတို ဆိုလဲ တို ပေါ့ လုပ်လိုက်ရပါတယ်။ အိသက်က သကြားသုံးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-ဘဲအသားဆူဆူတကောင်
-five spice powder ၁ဇွန်း(စားပွဲတင်)
-သကြား၂ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ပျားရည်၂ဇွန်း(စားပွဲတင်)
-ရှယ်ရီဝိုင်၂ဇွန်း(ဟင်းချက်ဇွန်း)
-ကက်စီးနဲ (စားပွဲတင်၂ဇွန်းစာ)Maltose
-ဗီနီဂါ၁ဇွန်း (စားပွဲတင်)
ဘဲကိုရေစင်စင် ဆေးပြီးအတွင်းရောအပြင်ရော five spice powder ၊ သကြား၊ ကြက်သားမှုန့်တို့နဲ့ဆုပ်နယ်ထားပြီး မိနစ်၃၀ခန့်ထားလိုက်ပါ။
ဘဲဖင်ကိုသံချောင်းလေးများဖြင့်ပိတ်လိုက်ပါတယ်။ ပြီးမှဘဲကိုယ်ထယ် အထက်ပိုင်းကနေ သံချိတ်လေးများနဲ့ချိတ်ထားပါတယ်။အဲဒါမှတွဲလောင်းချပြီးကင်နိုင်အောင်ပါ။
ရေ၂လီတာကို ပွက်ပွက်ဆူအောင် တည်ပြီး ပျားရည်ထဲ့ပါ။
ရေဆူအိုးထဲကို ၅မိနစ်ဘဲကိုထဲ့ပြီး ရေပူလေးများလောင်းပေးလိုက်ပါ။
ဘဲအသားနဲ့အရေပြားကို ခွါခြင်းဖြစ်ပါတယ်
ပြီးရင် အဝတ်နဲ့ခြောက်အောင် သုတ်လိုက်ပါ။
အိုးအသေးတအိုးထဲကို ကြက်သားမှုန့်၊ ရှယ်ရီဝိုင်၊ ကတ်စီးနဲ၊ ဗီနီဂါ တို့ကို မီးမျှင်းမျှင်းနဲ့ ၁မိနစ်ခန့်တည်ပြီးအပျစ်အနေမှာရပ်ထားလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ထားသောဘဲကို တည်ထားသောအရည်များလိုက်သုတ်လိုက်ပါ။
၆နာရီခန့်လေသလပ်ခံချိတ်ထားပါ။
ပန်ကာဖွင့်ပေးထားနိုင်ရင်ပိုကောင်းပါတယ်။ ၆နာရီကြာလို့ ဘဲအရေပြားတင်းနေပြီဆိုရင် ကင်လို့ရပါပြီ။
Oven ထဲမှာခုလိုချိတ်ပြီး အောက်က ဗန်းတခုထဲ ရေနဲနဲခံကာ ၁၅၀ဒီဂရီ နဲ့ အပေါ်မီးအောက်မီး နဲ့ ကင်ပေးပါ။ ၂နာရီအကြာမှာ ဘဲအရေပြားများနီရဲပြီး ကျွတ်လာရင် ရပါပြီ။ ဘဲကင်လို့ ရေခံဗန်းထဲကျလာတဲ့အဆီတွေကို သိမ်းထားပါ။
ဘဲကိုအလယ်ကစ ခြမ်းပြီး အတုံးလေးများတုံးထားပါ။
ရေမုန်ညင်း ကို ဆားထဲ့ပြုတ်ပါ။ ဆားထဲ့တာစိမ်းစိမ်းလေးကျန်အောင်လို့နော်။
Sauceလုပ်နည်း
-Hoisin sauce ၅ဇွန်း
-ကြက်သားမှုန့်၁ဇွန်း
-ရေခံဗန်းထဲကအရည်များ
အဲဒါတွေအားလုံးကို ထဲ့ကျိုပြီးရင် ရပါပြီ။
တရုတ်ဆိုင်ကငရုတ်သီးကြော်
အိသက်အမျိုးသားအရမ်းကြိုက်လို့ကြော်ပေးရတဲ့ ငရုတ်သီးကြော်ပါ။
ငရုတ်သီးအမှုန့်ကိုဆီပူမှာကြော်ကာ ကြက်သားမှုန့်ရယ် ၊ soy sauce ထဲ့ ပြီးကြော်လိုက်ရင် ရပါပြီ။
ထမင်းပူပူပေါ်ဘဲကင်တင် ရေမုန်ညင်းထဲ့ Sauceရည်လောင်းကာ ငရုတ်သီးကြော်ဖြင့်တွဲကာအရသာရှိရှိစားနိုင်ပါပြီ
Yummy……:)
🙂
like it. sis, where can i get ကတ်စီးနဲ?
from chinese shop. it is called Maltose
Great Chef…
thank you 🙂
အခုမှပဲပီကင်းဘဲကင်လုပ်နည်းကိုတိတိကျကျသိတော.တယ်။၇ှယ်ပဲအစ်မေ၇ကျေးဇူးပါပဲ။ပုံကိုကေ၇ွှ
ဘဲကဘဲကင်ပုံပေါက်နေပြီ…
looks so delicious… Ama.. how do you call “Kat See Nae” in English?
It looks delicious . I will try to make it . By the way , Ma Ei Thet , Do you know how to make ပန်:ဂေါ်ဖီသနပ်. If you know it , could you share me ,please? Thank you so much for every dish that you made and posted.
will do it on sunny day nyi ma lay 🙂
thz sis..try it soon.
အ၇မ်းမိုက်ဘဲ အိသက်ေ၇ အမတို့မိသားစုလဲ ဘဲကင်အ၇မ်းကြိုက်တယ် မကြာခန၀ယ်စားဖြစ်တယ်..ကိုယ်တိုင်လုပ်ဖို့ကြိုးစားကြည့်အုံးမယ်…
ဟုတ်တယ်မရယ် ခုဆို ဘဲကင်တကောင်ကို၁၀ပေါင်လောက်ပယ်ပေးရတော့တဲ့သဘောပေါ့ 🙂
Wan Sway..Wan Sway..envy u…I don’t think I can be patient like u…But I really enjoy about reading ur blog…
နင်တော်တောစိတ်ရှည်တာပဲနော်။ တော်ပါ့ဟယ်
😛
glutamateနှင့် ajinomoto တကယ်မတူဘူးညီမရဲ့…နောက်ပြီး haime အစရှိသဖြင့် နောက်ထပ်ထွက်တာတွေရှိပါသေးတယ်… glutamate က ဈေးပေါပြီးသိတ်မသုံးတာကောင်းမယ်…ဆိုးကျိုးများတယ်…ဆိုင်ကြီးများမှာတော့ ဈေးချိုလို့ အဲဒါပဲသုံးပါတယ်…ဂျပန်ကထုပ်လုပ်တဲ့ အချိုမူန့် အမျိုးအစား တော်တော်များများရှိတယ် …မြန်မာ ဘက်မှာ ajinomoto သာလျှင် ပေါက်သွားတာပါ…လူသိများသွားတာပါ…
မမအိသက်ရေ! မမပြောတဲ့ထဲကပစ္စည်းတွေကမြန်မာနိုင်ငံကဘယ်အရာတွေနဲ့ တူတူလဲဆိုတာပြောပြပါလားမမ 🙂 ဥပမာ-ကပ်စေးနဲဆိုတာမျိုးပေါ့
which one do u want to know sis ?
တွ့လောင်းချပြီးဘဲကိုမဆွဲလဲရလား ကပ်စေးနဲအစားထညက်ထဲ့လို့ရမလား
If i don’t like to use sherry wine, what can i use? Thank you so much for your blog and I and all my family members really like yours.
sherry wine smell is so good for this. but u can use any red wine or cooking wine 🙂