ခရမ်းချဉ်သီးပန်ထွေဖျော်
ဒါလဲ သူငယ်ချင်း ၂ယောက်ကို ရိုက်ချင်စိတ်ကိုပေါက်ခဲ့တဲ့အတွက်ရေးရတာပါ။ ထုံးစံအတိုင်း အိသက်ရဲ့ ချစ်သူငယ်ချင်းများဖြစ်ကျသော ဝသာန်နဲ့ ကူကူးပါ။ မလေးဆိုင်မှာ ကူကူးကသိပ်ကောင်းတာပဲဆိုပြီး မှာကျွေးတယ် ။
အဲဒီ ဟာကို ဝသာန်က အောင်မလေးတွေဘာတွေ တပြီး ကောင်းလိုက်တာဟဲ့ တန်လိုက်တာဟဲ့လုပ်နေကြလို့ ဘာများပါလိမ့်ကြည့်လိုက်တော့ ခရမ်းချဉ်သီးပန်ထွေဖျော် ဆန်ဆန်လုပ်ထားတာပါ။ တော်တော်ရိုက်ချင်တယ်ဆိုတာ အဲဒီလောက် လွယ်သော ဗမာ အစားအစာကို သူတို့အသက်အရွယ်ကြီးတွေနဲ့ မသိရကောင်းလားဆိုတဲ့ ဂရုနာဒေါသနဲ့ပါ။ အိသက် ကတော့မြန်မာပြည် အထက်တဝက် အောက်တဝက် တိတိကျကျ စပ်ထားတာဆိုတော့ အမေလုပ်ကျွေးတာရော အဖေ့ဖက်က အညာ အစားအစာရော အကုန်ကြိုက်ပါတယ်။ ဒီခရမ်းချဉ်သီးပန်ထွေဖျော်က အိမ်မှာအမြဲရှိတတ်ပါတယ်။
ပါဝင်ပစ္စည်းများ
-ခရမ်းချဉ်သီး၃လုံး
-ငပိမီးဖုတ် ၂ဇွန်း(စားပွဲတင်)
-ငရုတ်သီးလှော် ၁ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ငံပြာရေ၁ဇွန်း(စားပွဲတင်)
-နံနံပင်အနယ်ငယ်
ခရမ်းချဉ်သီးများကို ထဲ့ပြီး ၁၅မိနစ်ခန့် ၁၈၀ဒီဂရီဖြင့် အပေါ်မီးအောက်မီးဖြင့်ဖုတ်လိုက်ပါ။
မီးဖုတ်ပြီး ခဏအအေးခံပြီး ချေလိုက်ပါ။
ပြီးရင် ချေထားသော ခရမ်းချဉ်သီးထဲကို ငပိမီးဖုတ် ၂ဇွန်း(စားပွဲတငငရုတ်သီးလှော် ၁ဇွန်း(စားပွဲတင်),ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ငံပြာရေ၁ဇွန်း(စားပွဲတင်)၊ နံနံပင်အနယ်ငယ် တို့ကိုရောမွှေလိုက်ပါ။
ဒါဆိုရင် အလွန်လွယ်ပြီးစားလို့မြိန်စေသော ခရမ်းချဉ်သီးပန်ထွေဖျော်ရပါပြီ။တို့စရာ လတ်လတ်ဆတ်ဆတ်များနဲ့တွဲစားရင်အလွန်ကောင်းပါတယ်။