ငါးနီတူထမင်းအစပ်ကြော် ကိုမလေးဆိုင် တခုမှာစားခဲ့တာပါ။ ဟင်းချက်တာ ဝါသနာပါပြီး မအားလပ်တဲ့ သူငယ်ချင်း ဝသာန် ရယ် ဟင်းချက်တာ လုံးဝ စိတ်မဝင်စားပဲ တခါတလေ ချက်စားတော့လဲ ဆံပင် မီးလောင်လို့ စိတ်အပျက်ကြီးပျက်သွားရှာတဲ့ သူငယ်ချင်း ကူကူး ရယ် သူတို့ ၂ ယောက်လုံးအလွန်ကြိုက်တဲ့ ထမင်းကြော်ပါ။ ငါးနီတူကလွဲရင် ဒီထမင်းအစပ်ကြော်က အိမ်မှာကြော်စားနေကျပါ။ မလေးဆိုင်က ငါးနီတူထဲ့ထားတာတွေ့လို့ Idea ရသွားတယ်. ထမင်းကြမ်းလဲကျန်နေတော့ ဒါလေးကြော်စားဖြစ်ပါတယ်
ပါဝင်ပစ္စည်းများ
-ငါးနီတူခြောက်လေးများ (ကြိုက်သလောက်)
-ထမင်း၂ပွဲစာ
-မုန်လာဥနီ ၁လုံး( စိတ်ထားပါ)
-ငရုတ်သီးစိမ်း ၂တောင့်
-Chilli powder ၁ဇွန်း(စားပွဲတင်)
-ကြက်ဥ၂လုံး
– ကြက်သားမှုန့်၂ဇွန်း
-နံနံပင်အနဲငယ်
-ကြက်သွန်နီ ၁ခြမ်း၊ ဖြူ ၂မွှာ
ငါးနီတူခြောက်လေးများကို ကျွတ်သွားအောင် ကြော်လိုက်ပါ။ ဖယ်ထားပါ။
ငါးကြော်ထားသောဆီထဲကို စိတ်ထားသော ကြက်သွန် အနီ၊ ဖြူ များကြော်ပါ။
ကြက်သွန်လေးများကျွတ်လာရင် chilli powder ထဲ့ပြီး မုန်လာဥလေးများထဲ့ပါ။ အကြော်များကို အိုးတဖက်ကိုကပ်၍ ကြက်ဥ၂လုံး မွှေကြော်ပါ။
အကုန်ရောမွှေကာ ထမင်းထဲ့ကြော်ပါ။ ကြက်သားမှုန့်၂ဇွန်း၊ ငရုတ်သီးစိမ်း ထဲ့ကြော်ပါ။
အားလုံးနှံ့ပြီဆိုရင် ကြော်ပြီးသားငါးနီတူများထဲ့ပါ။ နံနံပင် အုပ်ပြီးရင်အဆင်သင်ဖြစ်ပါပြီ။
ကြိုက်တယ်…ထမင်းကြော်အသစ်လေးပေါ့
🙂
Thank you for your web site i like it .
THANK YOU 🙂
thx you for your web sis..i really like it…i did try some of the food from here…it was so good…
Thank you naw 🙂
အဲဒီထမင်းကြော်ကိုအရမ်းကြိုက်တယ်မလေးစားသောက်ဆိုင်ရောက်ရင်အဲဒီထမင်းကြော်ပဲစားဖြစ်တယ်မလေးလို(နာစီဂိုရင်းကမ်ပုန်)လို့ခေါ်တယ်မြန်မာလိုဘာသာပြန်တော့ရွာထမင်းကြော်ပေါ့
🙂
မရေ ဒီနေ့ထမင်းကြမ်းကျန်လို့ မဆီကလုပ်နည်းလေးလာယူသွားတယ်နော် မနက်ကြော်စားမလို့ ကျေးဇူးပဲနော် မ =)
zar yay , let me know if u like it 🙂
yes sis =) .. i liked it…. thz for all recipes sis…. I luv ur blog… =)
thank you so much for let me know bc sis 🙂