ဂဏန်းလက်မချဉ်စပ်
ဂဏန်း တို့ ပုဇွန် တို့ မတဲ့ဘူး ဆိုတာတွေအကုန် ကြိုက်တယ်။ အဲဒီနေ့က တရုတ်ဆိုင်သွားဖြစ်တော့ ဂဏန်းလက်မလေးတွေ တွေ့တာနဲ့ မစားရမနေနိုင်ဝယ်ဖြစ်သွားရာက ပျော်ပွဲစားထွက်မဲ့ ခရီးစဉ် အတွက်ချက်ဖြစ်သွားတာပါ။
ပါဝင်ပစ္စည်းများ
-ဂဏန်းလက်မ ၅၀၀ ဂရမ်
-အကြော်မှုန့်
-ဂျင်း ၁ဇွန်း (လ္ဘက်ဇွန်း)
-ကြက်သွန်ဖြူ ၃မွှာ
-ကြက်သွန်နီ၁လုံး
– Red curry paste ၁ဇွန်း
-ငရုတ်သီးစိမ်း ၃တောင့်
-ခရမ်းချဉ်သီး၁လုံး
-ဆား၊ ကြက်သားမှုန့်
-သံပုရာ တခြမ်း
အကြော်မှုန့်ကိုခပ်ပျစ်ပျစ်ဖျော်ထားပါ။ ဂဏန်းလက်မကို မုန့်နှစ်ထဲနှစ်ကြော်ပြီး ဆယ်ထားပါ။
ဂျင်း၊ ကြက်သွန်နီ အတုံးလေးများနဲ့ ကြက်သွန်ဖြူထဲ့ကာဆီသတ်ပါ။
ကြက်သွန်ကျက်ရင် red curry paste ထဲ့ကာ ရေအနဲငယ်ထဲ့ပါ။ သံပုရာရည်၊ ဆား၊ ကြက်သားမှုန့်ထဲ့ပါ။
ငရုတ်သီးစိမ်းပါးပါးလှီးထားတာများနဲ့ခရမ်းချဉ်သီးလေးများထဲ့ပါ။
၁မိနစ်အကြာမှာ ကြော်ပြီးသား ဂဏန်းလက်မလေး များထဲ့ နံနံပင်လေးအုပ်ကာ ပူပူနွေးနွေးစားသုံးနိုင်ပါပြီ။
အိမ်မှာလုပ်စားကြည့်လိုက်ဦးမယ်