ရှူးရှဲငါးဖယ်အဆာသွတ်
ဒါလဲ စကော့ဈေးထိပ်က အစာပဲနော်။ တခါတလေ ကံကောင်းလို့ ကျောင်းကို အိမ်ကကားနဲ့ လာမကြိုတဲ့နေ့တွေဆို မောင်နှမတွေ ၂၉လမ်းကို လမ်းလျှောက်ပြန်ကြရင် ဈေးထိပ်က ရှူးရှဲငါးဖယ်အဆာသွတ် လေးဝယ်စားတာကို ငါးဖယ်ဟင်းချက်ရင်း သတိရလို့လုပ်စားဖြစ်တာလေးကို တင်ပေးလိုက်တာပါ။
ငါးဖယ်အသားများကို ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ဂျင်း နဲနဲဖြင့် နယ်ပြီးစီးလာအောင် ထောင်း၍ဖြစ်စေ ပေါက်၍ဖြစ်စေပြုလုပ်ထားပါ။
ငါးဖယ်လေးများကို လက်ကိုဆီသုတ်ကာ အမြှောင်ရှည်ရှည်များဖြစ်အောင်လုပ်ပြီး ဆီပူတွင် ကြော်ပါ။ ဖယ်ထားပါ။
ပါဝင်ပစ္စည်းများ
-ငါးဖယ်ကြော်လေးများ
-ငရုတ်သီးစိမ်း၅တောင့်
-ငံပြာရည်
-သံပုရာရည်
-ဂေါ်ဖီ
ဂေါ်ဖီ ၊ ငရုတ်သီးစိမ်း တို့ကိုပါပါး လှီးထားပါ။
ငါးဖယ်လေးများကို အနဲငယ် ဓားဖြင့်ခွဲထားပါ။
ပြီးရင် ပါးပါးလှီးထားသော ဂေါ်ဖီထဲ့ပါ။
ငရုတ်သီးထဲ့ပါ။ ငံပြာရည် အနဲငယ် သံပုရာရည်အနဲငယ်ထဲ့ပါ။
ရှူးရှဲငါးဖယ်အဆာသွတ် လေးကို ရေနွေခြမ်းလေးနဲ့ တွဲစားနိုင်ပါပြီ။
ကြိုက်ကြိုက်သိပ်ကြိုက်………ကျေးဇူးပါ
hote pa naw 🙂
like it…
🙂
ငါးဖယ် အလွယ်တကူမရလို့ ငါးဖယ်အစား ဘာငါးသုံးလို့ရမလဲဟင်
ကော်ပြန့်စိမ်း နဲ့ သူ.ရဲ. အချဉ်ရည် လုပ်နည်းသိချင်လို.ပါ။ တင်ပေးပါအုံးနော်. ။ ကျေးကျေး
will be post soon 🙂