ငါးဖယ်ငါးဆုပ်ချဉ်ရည်
ဒီနေ့အလုပ်နားတယ်ဆိုတော့ အိမ်မှာမနားရဘူးဆိုတဲ့ သဘောပါ။ ဘာလို့လဲဆို မနက်ဖြန်မှာ သူငယ်ချင်း မိသားစုနဲ့ ကလေးတွေ ကုန်ကာနီး တနေရာကိုပျော်ပွဲစားထွက်မယ်လို့ ချိန်းထားပါတယ်။ ဒါကြောင့် ပြင်ရဆင်ရ နဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ ဟိုအရင်ရက်တွေကချက်စားမယ်လို့ အားခဲထားတဲ့ ငါးဖယ်ငါးဆုပ်ချဉ်ရည်ကိုတော့ ချက်စားဖြစ်အောင်ကိုစားလိုက်တယ်။ မစားဖြစ်တာလဲကြာပြီလေ။
ပါဝင်ပစ္စည်းများ
-ငါးဖယ်၅၀၀ ဂရမ်
-ကြက်သွန်နီ ၁လုံး၊ဖြူ ၃မွှာ ထောင်းထားပါ
-ဂျင်း နဲနဲ
-ခရမ်းချဉ်သီး၂လုံး
-မကျည်းရည် လိုသလောက်
-အရောင်တင်မှုန့်၂ဇွန်း(စားပွဲတင်)
-ဆနွမ်းမှုန့်၁ဇွန်း(လ္ဘက်စားဇွန်း)
-ဆား၊ ကြက်သားမှုန့်၂ဇွန်း(စားပွဲတင်)
-ငံပြာရည် ၂ဇွန်း(စားပွဲတင်)
-ငရုတ်သီး ၅တောင့်
-နံနံပင်
ငါးဖယ်အသားများကို ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ဂျင်း နဲနဲဖြင့် နယ်ပြီးစီးလာအောင် ထောင်း၍ဖြစ်စေ ပေါက်၍ဖြစ်စေပြုလုပ်ထားပါ။
ငါးဖယ်လေးများကို လက်ကိုဆီသုတ်ကာ အပြားလေးများဖြစ်အောင်လုပ်ပြီး ဆီပူတွင်ခဏကြော်ပါ။ ဖယ်ထားပါ။
ကြက်သွန်နီ ၁လုံး၊ဖြူ ၃မွှာ ထောင်းထားတာများကိုအရောင်တင်၊ ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်), ဆနွမ်းထဲ့ပြီး ဆီတွင်ထဲ့ကြော်ပါ
ရွှေဝါရောင်သန်းပြီဆိုရင်ခရမ်းချဉ်သီးထဲ့ပါ။
မကျည်းရည်ထဲ့ပါ။( ဒီက ခရမ်းချဉ်သီးတွေကမချဉ်လို့ မကျည်းရည် ထဲ့တာပါ) ။
ငါးဖယ်လေးများ ရောပါ။ ငရုတ်သီး ၅တောင့် ထဲ့ ၊ ငံပြာရည် ထဲ့ကာ အဖုံးအုပ်ထားပါ။
ဆီပြန်ရေကျန်အနေရလာရင် အပေါ့အငံမြည်းကာ နံနံပင်လေးအုပ် ပြီးစားရန်အဆင်သင့်ဖြစ်ပါပြီ။
ကောင်းလိုက်တာ…..ကျေးဇူးတင်တယ်
welcome ma yae 🙂
Thank u very much Nyima Ei, of all the fish base curries, Ngar Phae` nga sote hin is my all time favourite. Thank you also for kindly sharing how to make it. Though we can get the very similar ready made fish paste here(which the product comes from Vietnam and called featherback fish paste), there still something is missing in the taste and aroma. Never can be like the one’s we ate in Yangon. But then, it’s better than nothing, so i’m not complaining 🙂 I’m surprised you can get the fish paste in London too !!
welcome naw ma .:)
ငါးဖယ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ မမ…
fether fish 🙂
sorry feather fish