ငါးခူငါးဘတ်မွှေကြော်
ကိုရီးယားဆိုင်က ငါးခူ ခပ်ကြီးကြီး တကောင်ဝယ်လာတော့ အမျိုးသားက အမေလန်ဒန်လာတုံးကကြော်ကျွေးဖူးသလို ငါးဘတ်မွှေကြော်ပေးပါဆိုလို့ ဒါလေးကို ကြော်ပေးဖြစ်တာပါ။ ခပ်စပ်စပ်လေးကြော်လိုက်တယ်။
ပါဝင်ပစ္စည်း
-ငါးခူအကောင်ကြီးကြီး
-ကြက်သွန်နီ၁လုံး
-ကြက်သွန်ဖြူ ၃မွှာ
-ဆနွမ်းမှုန့်၁ဇွန်း(စားပွဲတင်)
-စပါလင်၁ချောင်း
-ငရုတ်သီးမှုန့်၃ဇွန်း(စားပွဲတင်)
-အရောင်တင်မှုန့်၂ဇွန်း(စားပွဲတင်)
-ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)၊ ငံပြာရည်
ငါးခူကိုသန့်စင်ပြီး ဆနွမ်းမှုန့် ၊ စပါလင်တို့ဖြင့် ပြုတ်လိုက်ပါ။
ငါးနူးရင် အသားထွင်ကာ အနဲငယ်ထောင်းထားပါ။
ကြက်သွန်နီ ၊ဖြူ ၊ စပါလင် တို့ကိုဆီများများဖြင့်အရောင်တင်မှုန့်ထဲ့ကာကြော်ပါ။ကြက်သွန် ရွှေဝါရောင်သန်းလာတယ်အခါ ဆား၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်) ထဲ့ပါ။ ငရုတ်သီးမှုန့်ထဲ့ကြော်ပါ။
ခဏအကြာ ငါးအသားများထဲ့ကြော်ပါ။ အသားများကျွတ်စပြူလာရင် ငံပြာရည်အနဲငယ်ထဲ့မွှေ ကြော်ပါ။
ခဏအကြာ ငါးမွှေခပ်စိုစိုအနေတွင်ချပါ။
ထမင်းပူပူတွဲစားလို့ရသလို ၊ မုန့်ဟင်းခါး ချက်တဲ့အခါ ငါးဆီသတ်အနေဖြင့် သုံးလို့ရပါတယ်။