ဟိုနေ့က ကုလားဈေးကိုသွားတော့ ဗမာပြည်ကငါးတွေအများကြီးတွေ့တယ်။ နောက်ဆိုရင် Product of Myanmar ဆိုပြီးပိုတွေ့လာရတော့မယ် ထင်တယ်။ ဒီ ဈေးကိုဘယ်အချိန်သွားသွား ပျော်တယ်။ ဘာလို့လဲဆိုတော့ ဗမာပြည်က ငါးတွေအများကြီး၊ အသီးအနှံတွေ အများကြီး တွေ့ရလို့။ အဖေဒီမှာနေတုံးက ငါးဈေးခေါ်သွားတော့ သမီး အမေ လာရင် ဒီဈေးကို ခေါ်သွား အရမ်းပျော်မှာတဲ့ ။ အဖေ့ကိုလဲ သတိရပါတယ်။ ရန်ကုန်ပြန်ရင် အဖေနဲ့ အမေဆိုင်ကပြန်လာတိုင်း ဦးလေးက ပုဇွန်းမီးဖုတ်သုတ်လေးထဲ့ ပေးနေကျ၊ ငပိထောင်းနဲ့ စပ်စပ်လေးသုတ်ပါတယ်။ အိသက်က ပုဇွန်အစိမ်းသုတ်စားချင်ပေမဲ့ အဖေက နေ့တိုင်း ခွန့်မပြုလို့ မီးဖုတ်ရပါတယ်။ ပြီးတော့ ငရုတ်သီးမှုန့်နဲ့ဆိုအရောင်အရမ်း ရဲရင်အစပ်တွေ များတယ်ဆိုပြီး ဦးလေးရော အိသက်ရော ဆူခံရလွန်းလို့ ငပိထောင်းနဲ့သုတ်တော့ အဲဒီလောက်စပ်မှန်းမသိအောင်လို့ ၊ ပြန်ခါနီးမှ အမေ တဇွန်းမြည်းမိလို့ အဆူခံရတာ၊ လုပ်ပေးတဲ့ဦးလေးလဲ အဆူခံရတယ်၊ တိတ်တိတ်လေးပေါင်းလုပ်ရမလား ဆိုပြီးတော့ပေါ့။ သတိရမိတဲ့အကြောင်းလေးတွေပါ။ အဲဒီနေ့ကတော့ ငါးတွေ ဝယ်ခဲ့သလို ပုဇွန်လဲ အကောင်ကြီးကြီးလေးတွေရခဲ့ပါတယ်။ ဆီပြန်ချက်စားဖြစ်ပါတယ်။ ပုဇွန်က လက်မလေးတွေပါ ပါလို့ပိုစားလို့ကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
-ပုဇွန်ထုပ်လေးကောင်
-ကြက်သွန်နီ၁လုံးပါးပါးလှီးထား
-ကြက်သွန်ဖြူ ၃မွှာ ဓားပြားရိုက်ထားပါ
-ခရမ်းချဉ်သီး ၂လုံး
-ငရုတ်သီးစိမ်း ၅တောင့်
-ဆနွမ်းမှုန့်၂ဇွန်း(အချိုဇွန်း)
-အရောင်တင်မှုန့်၁ဇွန်း(အချိုဇွန်း)
-ဂျင်း၊ ဆား၊ ကြက်သားမှုန့် ၂ဇွန်း(စားပွဲတင်)
ပုဇွန်ထုပ်များကို သန့်စင်ထားကာ ဆား၊ ကြက်သားမှုန့်၁ဇွန်း၊ ဂျင်း၊ ဆနွမ်းမှုန့်၁ဇွန်းတို့နဲ့ ဇလုံတခုထဲ ထဲ့ကာနယ်ထားပါ။
ကြက်သွန်နီ၊ ဖြူ ကို ရွှေဝါရောင်သန်းသည်အထိ ကြော်ပါ၊ ကြက်သားမှုန့်၁ဇွန်း၊ ဆား၊ အရောင်တင်မှုန့်၁ဇွန်း၊ ဆနွမ်းမှုန့်၁ဇွန်းတို့ထဲ့ပါ။
ခရမ်းချဉ်သီးများ နဲ့ ငရုတ်သီးစိမ်း ၅တောင့်ထဲ့ပါ။
ပုဇွန်ထုပ်များထဲ့ပါ။ တဖက်စီလှန် ပြီးပန်းရောင်သန်းလာရင် ရေအနဲငယ်ထဲ့ကာအဖုံး အုပ်ပြီး ခဏထားပါ။
ဆီပြန်ပြီး ပုဇွန်ထုပ်များကွေးလာရင် ပုဇွန်ထုပ်ဆီပြန်ဟင်းရပါပြီ။
အဲဒီဟင်းထဲက ကြက်သွန်၊ ငရုတ်သီးစိမ်းလေးတွေကအစ စားလို့ကောင်းပါတယ်။
sister..prawns are so big. Could u tell me where can i buy it?
thank you.
shadwell market
Thank you sister. I like ur cooking. 🙂 Thz again for sharing.
🙂 welcome sis
ma,where is that indian market? if u go next time,pls give me a ring naw
east london 137 Chapman Street, Shadwell
London, E1 2PH
mind telling us next time how to make the grilled prawn salad that ur uncle made for you? thanks a lot for all the recipes and they are indeed mouth watering. and Happy mayanmar new year
will post soon 🙂
Thank you Daw Eithet.
Thz Ma Eithet i appreciate to u yr cooking method is v v good . Happy Newyear to yr whole family .