ထိုင်းသင်္ဘောသီးသုတ်
အိသက်တို့လင်မယားဒီနေ့ မင်္ဂလာနှစ်ပတ်လည် ၆ နှစ်ပြည့်ပါတယ်။ တပတ်လုံးဘာမှ မဲမဲရရ မိသားစုနဲ့ မလုပ်ဖြစ်ပါ။ ဒီရက်ပိုင်း စိတ်ပင်ပန်း လူပင်ပန်းမို့လုံးဝ ဘာမှချက်စားချင်စိတ်မရှိဖြစ်တာနဲ့ ဒီနေ့တနေ့လုံးလဲ ၃နာရီလောက်သာ အိပ်ရသေးတာကြောင့် ထိုင်းသင်္ဘောသီးသုတ် လေးပဲသုတ်စားဖြစ်တယ်၊
ပါဝင်ပစ္စည်းများ
-သင်္ဘောသီးအရွယ်ကောင်းတလုံးခြစ်ပြီးသား
-မုန်လာဥနီတလုံးခြစ်ပြီသား
-ငရုတ်သီးစိမ်း ၅တောင့် ပါးပါးလှီးထား
-ပဲသီး၂တောင့်
-ခရမ်ချဉ်သီး ၁လုံး
-သံပရာ တစိတ်
-ပုဇွန်ခြောက် ထောင်း ၂ဇွန်း( စားပွဲတင်)
-Papaya salad sauceတဇွန်း (မရှိရင် သကြား၁ဇွန်း(အချိုပွဲဇွန်း) ၊ဗနီဂါ ၁ဇွန်း(အချိုပွဲဇွန်း)၊ sweet chiliတဇွန်း(အချိုပွဲဇွန်း) ရောပါ)
-ငံပြာရည် ၂ဇွန်း( စားပွဲတင်)
-ကြက်သားမှုန့်နဲနဲ
-ကြက်သွန်ဆီသတ် တဇွန်း( စားပွဲတင်)
-မြေပဲစံထောင်းနဲနဲ
ပဲသီး၂တောင့်ကိုလက်တစစ် ခန့်အနေများဖြတ်ထားကာ ရေနွေးဖျောထားပါ။
သင်္ဘောသီးအရွယ်ကောင်းတလုံးကိုအချောင်းလေးများခြစ်ထားပါ။
မုန်လာဥနီတလုံးကိုလဲထိုနည်းတူ အချောင်းလေးများ ခြစ်ထားပါ၊
ငရုတ်စုံ ထဲကို သင်္ဘောသီးနဲနဲ ထဲ့ မုန်လာဥနဲနဲ ထဲ့ ကာ ငရုတ်သီးစိမ်းပါးပါးလှီးထားတာများထဲ့ ပါ။ ပုဇွန်ခြောက်၊ ကြက်သားမှုန် ၊ ငံပြာရည်ထဲ့ကာထောင်းပါ။ အရည်ထွက်ရုံဖြေးဖြေးထာင်းပါ။
တခါ နဲနဲစီ ထပ်ထဲ့ ပြီး အထက်ပါနည်းအတိုင်းသင်္ဘောသီးခြစ်လေးများတဝက်ကုန်ထိ ထောင်းပါ။
ဇလုံတခုထဲကို ထောင်းပြီးသားများထဲ့ကာ ချန်ထားသော သင်္ဘောသီးခြစ်လေးများ၊ ပဲသီးတောင့်လေးများ ၊ ခရမ်ချဉ်သီးများထဲ့ပါ။ ပုဇွန်ခြောက်၊ ကြက်သားမှုန် ၊ ငံပြာရည် လိုသလောက် နဲနဲစီထဲ့ပါ။ သံပရာသီး ညှစ်ပါ။ ကြက်သွန်ဆီသတ် တဇွန်း၊ Papaya salad sauceတဇွန်းထဲ့ကာ ဇွန်းဖြင့် နှံ့အောင်မွှေပါ။
ပြီးရင် ပန်းကန်ပေါ်ပြင်ကာ မြေပဲစံ ဖြူးပါ။ ရှူးရှဲ ထိုင်းသင်္ဘောသီးသုတ်လေးကို ထမင်းပူပူနဲ့အလွန်စားလို့ ကောင်းခဲ့ပါတယ်လို့ သတင်းကောင်းပါချင်ပါတယ်နော်။
စားချင်လာပြီ အိသက်ရေ
🙂
lovely thai papaya salad and happy anniversary, ma ei thet!!! wish you the best for many more anniversaries 🙂
Thank u lovely Hay mar lay:)
အရမ်းကြိုက်တယ်အိသက်ရေ..
thank u naw 🙂
မြင်တာနဲ့ကို စားချင်ပြီ.. thanks Ma Ei Thet
yummy.yummy.