ကိုရီးယားဝက်နံရိုးကြာစွယ်ဟင်း
ဒီရက်ပိုင်းအလုပ်အရမ်းများနေလို့ဟင်းတွေကချက်ဖြစ်ပေမဲ့မတင်ဖြစ်ဘူး။ ဒီနေ့တော့ဒါလေးတခုတင်လိုက်ဦးမယ်ဆိုပြီး ရေးဖြစ်ပါတယ်။ စားလို့အရမ်းကောင်းတာကြောင့်မမျှဝေပဲ မနေနိုင်လွန်းလို့ပါ။
ပါဝင်ပစ္စည်းများ
-ဝက်နံရိုး ၅၀၀ ဂရမ်
-အကြော်မှုန့်
-ကြာစွယ် ၂၀၀ ဂရမ်
-ကိုရီးယား ပဲငပိpaste
-ကိုရီးယား ငရုတ်သီးpaste
-ကြက်သွန်မြိတ်
-ကြက်သွန်ဖြူ ၃မွှာ
-ကြက်သွန်နီ ၁ခြမ်း
-ဆား၊ ကြက်သားမှုန့်၊ ဂျင်း
ဝက်နံရိုးလေးများကို ဆား၊ ကြက်သားမှုန့်၊ ဂျင်း ထဲ့ကာနူးအောင်ပြုတ်ပါ။
ပြီးရင် အကြော်မှုန့်မပျစ်မကျဲဖျော်ကာပြုတ်ပြီးသားဝက်နံရိုးများရွှေဝါရောင်ဖြစ်ကာကျွတ်သည်အထိ ကြော်ပါ။ ကြော်ပြီးသား ဝက်နံရိုးများကို ပန်းကန်ပေါ် မှာဖြန့်ခင်းထားပါ။
သူငယ်ချင်းJuly ပေးထားတဲ့ပန်းကန်လေးပါ။
ကြက်သွန်နီ၊ြ ဖူ တို့ကို ကြိတ်ကာဆီသတ်ပါ။ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း( စားပွဲတင်) ကြက်သွန်လေးများရွှေဝါရောင်သန်းလာရင် ကိုရီးယား ပဲငပိ ၁ဇွန်း၊ ကိုရီးယား ငရုတ်သီး ၂ဇွန်း ထဲ့ပါ။ ရေအနဲငယ်ထဲ့ပြီးအနှစ်ချက်ပါ။
အနှစ်ရရင် ကြာစွယ် ၊ ကြက်သွန်မြိတ် လေးများထဲ့ကာ ရေစပ်စပ်ထဲ့ပြီး ၃မိနစ်ခန့်ခဏအဖုံးအုပ်ပါ။
ပြီးတဲ့အခါဟင်းအနှစ်များကို ပန်းကန်ထဲ ဖြန့်ခင်းထားသော ဝက်နံရိုးလေးများပေါ်လောင်းချလိုက်ပါ။
အရသာအလွန်ရှိသောဟင်းပူပူကို ကိုထမင်းပူပူနဲ့တွဲစားနိုင်ပါပြီ။
Thank you so much.
I’d love to try.
try kyi naw, the taste is very nice 🙂
ချက်စားကြည့်ချင်တယ်ညီမရေ…ကောင်းမှာပဲ…
the taste is so good ma . very unusual taste but good 🙂
I really want to try. Thanks alot.