ဟော့ပေါ့လုပ်စားနည်းကို မေးခံထားရတာတော်တော်ကြာသွားပြီ။ ဒီရက်ပိုင်းအရမ်းအလုပ်များနေလို့ပါ။ အိသက်မွေးနေ့မှာလုပ်စားဖြစ်တာလေးတင်လိုက်ပါတယ်နော်။ တကယ်တော့ ဟော့ပေါ့က အရည်ကအရေးကြီးတာပါ။ အဲဒီနည်းလေး တင်ပေးလိုက်ပါတယ်။
အရည်လုပ်နည်း(၈ယောက်စာ)
-ဝက်နံရိုး ၅၀၀ ဂရမ်
-ဂျင်းခြောက်လေးများ ၃-၄ချောင်း
– တရုတ်စပျစ်သီးအနီခြောက် နဲနဲ
-စွန်ပလွန်သီးခြောက် နဲနဲ
-ဆား၊ သကြား၊ ကြက်သားမှုန့်
ရေဆေးပြီးဝက်နံရိုးကို ရေနဲနဲ နဲ့ခဏပြုတ်ပြီး ၁ရေသွန်ပါ။ ဒါမှ အရိအရွဲများစင်သွားပါမယ်။
ပြီးမှဂျင်းခြောက် ၃ချောင်း၊ စပျစ်သီးအနီခြောက် နဲနဲ၊ စွန်ပလွန်သီးခြောက် နဲနဲ၊ ဆား၊ သကြား၊ ကြက်သားမှုန့် ၁ဇွန်း(စားပွဲတင်) တို့ကို ရေ၃လီတာထဲ့ကာ ရေ၂လီတာကျော်ရုံလေးကျန်သည် အထိပြုတ်ပါ။
အဲဒါဆိုရင် ဟော့ပေါ့အတွက်အရည်ရပါပြီ. တော်တော်မွှေးပါတယ်
တွဲစားရန်အချဉ်ရည်
ငရုတ်ဆီ ဟင်းချက်ဇွန်း၂ဇွန်း၊ ကြက်သွန်နီ ၃မွှာပါးပါးလှီးထား၊ ငရုတ်သီး ၅တောင့်ပါးပါးလှီးထား၊ ကြက်သားမှုန့် ၁ဇွန်း၊ သံပရာတစိတ်ညှစ်ထဲ့ ပြီးရေနွေးနဲနဲရောကာ မပျစ်မကျဲဖျော်ထားပါ။ Ready made suki sauceနဲ့တွဲစားလဲကောင်းပါတယ်နော်။
-ဟော့ပေါ့ထဲ ထဲ့ရန်အဆာပလာများပြင်ဆင်ပုံ
-ဝက်သားအပြားလေးများ
-ကြက်ဥအသားလိပ်
-ဝက်အူချို
-ငုံးဥ
-ready madeငဖယ်လုံးလေးများ
-ဝက်ခေါက်ကြော် ရေနွေးဖျောပြီးသားများ
ပင်လယ်စာများ
-ဂဏန်းချောင်း
-ပြည်ကြီးငါး ၊ ကမာ
-ငါးအသားလွှာ
-သန့်စင်ပြီးပုဇွန်များ
ဟင်းသီးဟင်းရွက်များ
-ပဲလိပ်ခြောက်
-အပ္ခ်ည္မ်ႇင္မႈိ
-ပဲကြာဇံရေစိမ်ထားပြီးသားများ
-choi sum အရွက်
-ရေမုန်ညင်း
-အတာအိုးအရွက်( rocket)
-ကြာစွယ်
အထက်ပါများကိုတသက်မှတ်တည်း လိုက်ထဲ့စရာမလိုပါ။ မိမိဘာသာစားချင်သောအရာများ ထပ်ဖြည့်၍သော၎င်း လျှော့၍သော၎င်း စားသုံးနိုင်ပါသည်။
ဟော့ပေါ့အိုး (သို့) multi-cooker အိုးထဲ ပြုတ်ရည်ဖြည့်ကာ ပွက်စေ၍ ကျက်ခဲသောအသားများထဲ့ပါ။ ခဏကြာမှ နူးလွယ်သောပင်လယ်စာများနဲနဲချင်းစီထပ်ထဲ့ပါ။
နောက်ဆုံးကျမှ အရွက်များထဲ့ပြီးခဏအုပ်ပြီး အရွက်နွမ်းစပြုရင် ပန်းကန်လုံးလေးများထဲ အစုံထဲ့ အရည်ထဲ့ကာ ပူပူလေးစားပါ။ အချဉ်ရည်နဲ့တွဲစားရင်း မိုးအေးအေးမှာ မြန်မာပြည်ကိုလွမ်းလို့ကောင်းပါစေ။
မမ ရေ ..ကျေးဇူးတင်ပါတယ်.. ထည့် တဲ့ အစာတွေကအရမ်းစုံတာဘဲနော် .. ချက်နည်းမျှလိုက်တာအရမ်းကျေးဇူးတင်ပါတယ်.. လုပ်စားကြည့် ပါအုံးမယ် မမ..
ok nyi ma lay
Thanks for sharing, This is our family favorite.
Thanks for sharing and this is our family favorite.
🙂
အမရယ်တော်လိုက်တာ… ကျေးဇူးလည်းတင်ပါတယ် လိုက်ပိး လုပ်စားလို့လွယ်အောင်ရေးပေးလို့ 🙂
welcome nyi ma lay ..
ကျေးဇူးတင်ပါတယ်..
ကျေးဇူးတင်လိုက်တာအစ်မရယ်..လုပ်စားအုံးမယ်….အစ်မလိုအင်ဆန္ဒတွေ အမြဲတမ်းပြည့်စုံနိုင်ပါစေနော်..
ရှာလိုက်ရတာနော် ကျေးဇူးတင်ပါတယ် အစ်မရယ်
တွေ့သွားပြီလား ၊ဒီမှာရှာရင်ပိုလွယ်တယ် ဓာတ်ပုံနဲ့ဆိုတော့လေ https://www.facebook.com/htetfamily?fref=ts