ထိုင်းမှာသွားလည်တော့အိသက် မမလေးကအဲဒါ ခဏခဏ စားတယ်။ အဲဒီမှာနေရာတိုင်း ဒီခေါက်ဆွဲကြော် ရတယ်။ သူတို့ရဲ့ Signature dish လို့ပြောရမယ် ထင်တယ်။ စားလို့လဲတော်တော်ကောင်းပါတယ်။
အရည်လုပ်ရန်
-ထန်ညက်(သို့) ကြံသကာ ၂ခဲ( အသေး)
-ကြက်သားမှုန့်၁ဇွန်း
-မကျည်းရည် ၅ဇွန်း
-ငံပြာရည်၂ဇွန်း
-ခရုဆီ ၂ဇွန်း
ခေါက်ဆွဲကြော်ရန် (လူ၅ယောက်စာ)
-ခေါက်ဆွဲပြား ၇၀၀ ဂရမ်( ရေစိမ်ထားပါ)
-ကြက်ဥ၃လုံး
-ဝက်သားစဉ်းကော ၂၀၀ ဂရမ်
-ပုဇွန် ၄၀၀ ဂရမ်
-ငဖယ်လုံးလေးများ(ပါးပါးလှီးထား)
-တိုဖူး (အတုံးလေးများ)
-ငံပြာရည်၊ ကြက်သားမှုန့်၁ဇွန်း
-ပဲပင်ပေါက်
-ငရုတ်သီးစိမ်း
-သံပရာသီး
-မုန်လာဥနီ ၁လုံးပါးပါးခြစ်ထားပါ
-ငရုတ်ပွသီး၁လုံး ပါးပါးလှီးထားပါ
-ကြက်သွန်နီ ၁လုံးအတုံးသေးသေးလှီးထားပါ
-ကြက်သွန်ဖြူ ၃မွှာ ဓားပြားရိုက်ထားပါ
-ကြက်သွန်မြိတ်
-မြေပဲစံလှော်ထောင်း
Sauce အရင်လုပ်ရအောင်-ထန်ညက်(သို့) ကြံသကာ ၂ခဲ( အသေး)၊ ကြက်သားမှုန့်၁ဇွန်း၊ မကျည်းရည် ၅ဇွန်း၊ ငံပြာရည်၂ဇွန်း၊ ခရုဆီ ၂ဇွန်းတို့ကို ဒယ်တခုထဲမှာ ရေနဲနဲဖြင့် ထဲ့ပြီးအပူပေးပါ။ ပျစ်လာရင် ရပါပြီ။
စစချင်း ကြက်သွန်နီ ဂျင်းနဲနဲ ကြက်သွန်ဖြူကို ဆီများများနဲ့ကြော်ပါ။ ဝက်သားလေးများထဲ့ကြော်ပါ။
ဝက်သားကျက်မှ ငဖယ်၊ တိုဖူးလေးများရောပါ။ ကြက်ဥကျက်ရင် ပုဇွန်ထဲ့ကာ ရောမွှေပါ။
ကြော်ထားတာများကို ဒယ်တဖက်သို့ကပ်ခါ ကြက်ဥများဖောက်ထဲ့ ပြီးမွှေကြော်ပါ။
ကြက်ဥကျက်ရင် ပုဇွန်ထဲ့ကာ ရောမွှေပါ။
ပဲပင်ပေါက်၊ ငရုတ်ပွသီး၊ မုန်လာဥ တို့ကိုထဲ့ပါ။ မမွှေခင် ခေါက်ဆွဲထဲ့ပါ။
အရည် လောင်းထဲ့ကာနှံ့အောင် မွှေပါ။ ရေအနဲငယ်တောက်ပေးပါ။ ငံပြာရည်နဲနဲ၊ ကြက်သားမှုန့်၁ဇွန်းထဲ့ပါ။ ကြက်သွန်မြိတ် ရောပါ။ ခေါက်ဆွဲလေးများနူးရင်ရပါပြီ။
ပြင်ဆင်စားရန်
ခေါက်ဆွဲပူပူကို ပန်ကန်တချပ်ထဲ ထဲ့ပါ။ ပဲပင်ပေါက်ရေနွေးဖျောပြီးသားနဲနဲ၊ သံပရာတခြမ်း၊ ငရုတ်သီးစိမ်းလေးများ၊ ကြက်သွန်မြိတ်လေးများ ပုံပါ။ မြေပဲစံလှော်ထောင်းများဖြူးပါ။ စားတဲ့အခါ သံပရာသီးလေးညှစ်ပြီး ကျန်တာတွေနဲ့ရောမွှေကာစားပါ။ အလွန်ကောင်း သော ထိုင်းခေါက်ဆွဲကြော်လေးရပါပြီ။
very nice.you are very good housewife.
Thank you par naw 🙂
အမရေ ဘဲသွေးလုပ်နည်းလေးစောင့်မျှော်နေပါတယ်နော်
tin pay mae nyi ma lay.
Hi. Ei thet .it tastes look like with bate kat kyee kite??
not really. it is a little bit sweet.
Can i use ordinary noodle??
yes
အမ
ဆောစ် ပါ တခါတည်း ထည့် ကြော်ရ မှာပေါ့နော်………….
yes , nyi ma