လ္ဘက်ရည်ကျစိမ့်
အိသက်က ဟိန္ဒူကုလားမကြီးနဲ့ကြီးရတာလို့ပြောပြီး ပြီနော်။ အိသက်အမေက အကား (ကုလားလိုအမ) လို့ခေါ်တော့ ဘာမှန်းမသိ အကား လို့လိုက်ခေါ်တယ်။ အနှစ် ၂၀ကျော်အတူတူ နေတယ် အကားကြီး နံမည်ကို မသိဘူး၊ တခြားမီးပူ လာတိုက်တဲ့အကားတွေလဲ ရှိတော့ အိမ်က အိသက်အမတွေက အိသက်အကား လို့ခေါ်ကြတယ်။ ခေါ်ဆိုသူကလဲ အိသက် မှ အိသက်ပါ၊ အိသက်ကြိုက်တတ်တာလေးတွေ ဆိုရင် ဟင်းကိုဖယ်ပြီး ဖွက်ပေးထားတယ်။ကြက်သားဟင်းချက်ရင် ကြက်သားနဲနဲဖယ်ပြီးကြော်ထားပေးတာမျိုးပေါ့။ အိသက်ငယ်ငယ်ကဆီပြန်ဟင်းချက်ရင် မစားပါ။ အိသက် မောင်လေးက အဲဒီဖယ်ထားတဲ့ ဟင်းကိုမှ စားချင်တယ်ဆိုရင် ”နင်ကအကုန်စားနိုင်တယ် ငါ့သမီးကအကုန်မစားတတ်ဘူး ဟင်းတွေအများကြီးပဲ ကျန်တာတွေနဲ့စား”လို့ ပြောတတ်တယ်။ သူ့စိတ်ထဲဘယ်လောက်တောင်ချစ်သလဲမသိဘူး တခါက မဂ္ဂဇင်းတခုမှာ ဦးချစ်ကောင်း ရဲ့ ကော်ဖီခါးခါး ကာဗာကြော်ငြာ ဦးချစ်ကောင်းမျက်နှာ အမှောင် တဝက် အလင်းတဝက်နဲ့ရိုက်ထားတယ်။ ဦးချစ်ကောင်း ကထုံးစံအတိုင်း မျက်မှန်အနက်ကြီးနဲ့ပေါ့။ အကားကြီးက သူအရမ်းကြိုက်တော့ ဒီကောင်ချောတယ် ငါ့သမီးကြီးရင်ပေးစားမယ်တယ်။ အဲဒီကစပြီး တအိမ်လုံးက ဦးချစ်ကောင်းတွေ့တာနဲ့ အိသက်ယောက်ျားလာပြီဆိုပြီစကြတာ ခုချိန်ထိပါ။ အဲဒါက အိသက်ကိုအရမ်းချစ်ပြီး အိသက်ကလဲကအမေလိုချစ်တဲ့အကားကြီးအကြောင်း၊ သူကတနေ့ကို လ္ဘက်ရည် ၅ခွက်လောက်တော့သောက်မယ်ထင်တယ်။ မိုးလင်းတာနဲ့ လ္ဘက်ရည်ပါဆယ်သွားဝယ်ပြီပြန်လာပြီ။ အိသက်လဲ အကားသမီးဆိုတော့ လ္ဘက်ရည်ကြိုက်တာပေါ့နော်။ ဒီမှာတော့ ကိုယ့် ဘာသာဖျော်သောက် ရတော့အကားကိုသတိအရမ်းရပါတယ်။ ဖျော်ကြည့်ရအောင်နော်။
I have said before that I was grown up with an Hindu Indian lady. My mum called her ‘Ah Khar’ meaning sister in Indian, so did I but no knowing the meaning. I didn’t know her real name although I lived with her for 20 old years. There were other Ah Khar who came to do the ironing at our house but my Ah Khar was know as Ei Thet’s Ah Khar among my sisters. Funny I should say that, she really loved me for instance, she kind of hid my favourite dishes. I didn’t like chicken curry so she hid some pieces of chicken and fried them for me later as I loved it that way. If my younger brother only wanted to eat this, then he had been told off to eat the rest of the dishes as he could eat anything but I couldn’t. I wonder how much she loved me, once there was an advertisement for U Chit Kaung’s songs ‘strong coffee’, in its’ cover page he was captured in half light and half dark photo shoot wearing a dark sun glasses as usual. As my Ah Khar loves him so much, she said that she will organise a wedding for me with him when I grew up. Since then, my family tease me that my husband is coming whenever they see him. This was about how much she loved me and how much I loved her as my mum. I reckon she drank about 5 cups of tea a day. Since the day begun, she came back with a plastic bag of tea. I love tea as well because I am her daughter, ain’t I? Here, I have to make a tea myself and I really miss her. Let’s see how to make.
ပါဝင်ပစ္စည်းများ(၂ခွက်စာ)
– Tea bag အထုပ်လေးထုပ်
-ရေကော်ဖီ ၃ခွက်စာ
-ဆား လ္ဘက်စားဇွန်း ၁ဇွန်း
-နို့ဆီ
Contents (2 servings)
-4 Tea bags
-3 tea cups of water
-1 tbl spoon of salt
-condensed milk
tea bag အထုပ်လေးထုပ်ကို ရေကော်ဖီ ၃ခွက်စာထဲ့ပြီးကျိုပါ။ ဆားထဲ့ပါ။ ၁၅မိနစ်လောက် ပွက်ပွက်ဆူတည်ပြီးရင် အနံ့လေးလဲ မွှေးပြီး အရောင်လဲ တော်တော် ညိုလာရင် လ္ဘက်ရည်လုပ်ဖို့အကျရေရပါပြီ။
Boil the 4 tea bags with 3 tea cups of water for 15minutes after adding salt. Once it boils, the colour would change to a bit brownish then it is ready to make tea.
ပြီးရင်ခွက်ထဲသို့ အကျရေများထဲ့ပြီး နို့ဆီ ၃ဇွန်း စားပွဲတင်ဇွန်းထဲ့ဖျော်ပါ။ ( အချိုကြိုက်ရင်ပိုထဲ့ပါ) ။
Then pour them all without the tea bags in a bowl and add 3tbl spoons of condensed milk and mix it. Add more condensed milk if you like it sweeter.
လူရွှင်တော် ဦးကင်းကောင်ကြော်ငြာသလို လ္ဘက်ရည်ရဲ့အရသာဟာလ္ဘက်ရည်ရဲ့အမြုပ်ဆိုသလို ခွက်၂ခွက် နဲ့ အမြုပ်ရအောင် လ္ဘက်ရည်များကို ဟိုဘက်ဒီဘက် အတန်းရှည်ရှည်ဆွဲပြီးပြောင်းပေးပါ။ အမြုပ်လေးများရပါမယ်။ အမြုပ်ထအောင်မလုပ်ပဲဒီတိုင်းသောက်လဲရပါတယ်နော်။
The comedian U King Kong’s in his TV commercial, he said that the taste of the tea is its’ froth that’s why you can make the froth by pouring back and forth from one cup to another. You can drink without any form/froth.
ခုဆိုရင် အီကြာကွေးတို့ ပလာတာတို့နဲ့တွဲသောက်စရာလ္ဘက်ရည်ကျစိမ့်၂ခွက်ရပါပြီ။
Now you can have your tea complement with ‘e kyar kwe'(deep fried glutinous rice stick) or Paratha.
အဲ့ဒီအကားက အခု ဘယ်မှာလဲဟင်…
yangon mar.
Ei Thet,
Thanks for sharing, and I like to read about ur young life stories coz I was lived and grown up until over 20yrs in 31st street straightly. So ur feeling and my atmosphere are all time the same. Pabedan is full of ours….wow…..
🙂
do you know ei kya kwe’s receipe? pls share for me. thank you.
Ok.i will post it soon.
🙂
လုပ်ထားအိသက်ရ။ ပို့စ်တွေတက်တာ မြန်လို့မနဲလိုက်ဖတ်နေရတယ်။ လက်ဖက်ရည်အရမ်းကြိုက်တယ်။ သိပ်မတည့်တော့ အိမ်ကလူတွေမတွေ့အောင် ခိုးသောက်ရတယ်။ မိတာ များပါတယ် ;D 😀
😀
မအိသက်က အရမ်းတော်တာပဲ။ အစ်မ ဟင်းချက်နည်းတွေက လွယ်ကူမြန်ဆန်ပြီး အမြင်လည်းလှတယ်။ သဇင်တော့ အစ်မဟင်းတွေလာကြည့်လိုက် စမ်းချက်လိုက် လုပ်နေတော့တာပဲ။ ဟင်းအတွက် အချိုးအစားကလည်း အစပ်တည့်တော့ စားလို့သိပ်ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်နော်း)
thank u par cho zin lay yay. 🙂
hello sister,
where is buy in new york (shwekyi power). i like very much your cooking. thank
ma yay . i live in london 🙂
Hey ma ei thet…today i followed to ur recipe and made tea!!and it was turned out to be very good and taste’s like exactly as yangon tea shop….i m so happy now..thank you so much ama 😀
ohh !! really . I am so happy for you . Thanks for using my recipe nyi ma lay .:)
အိသက်ရေအစ်မတော့အဆင်မပြေဘူး။တစ်ရက်ကငန်သွားတယ်…နောက်တစ်ရက်ကျတော့အကျ ရည်များသွားလို့လားမသိဘူးရင်တောင်တုန်တယ်သောက်ရတာ၊ ဒီမှာက Lipton tea အထုပ်ပဲဝယ်လို့ရလို့မတူတာများလားမသိ…နောက်ရက်ကျမှထပ်ပြီးကြိုးစားကြည့်ဦးမယ်
အမရေ မတဲ့ရင်အရမ်းမသောက်ပါနဲ့ အာသာပြေပေါ့နော်၊ 🙂
မအိသက်ရေ
ပိုစ့်အဟောင်းတွေပါ ပြန်ရှာဖတ်သွားတယ်။ တော်လိုက်တာ အစ်မရေ။ အကုန်ကို ချက်တက်တာပဲနော်။
အကုန်လုံးကို ဓါတ်ပုံတွေကြည့်ပြီး သားရည်ကျသွားပါတယ်။
(လီယို)
မောင်လေးရေ ကျေးဇူးပါနော် 🙂
ညီမလေးရေ..
အရမ်းကြိုက်တာပေါ့..
လက်ဖက်ရည်ကတော့ ဟုတ်နေပါပြီ..
အီကြာကွေးက ဘယ်နားလေးသွားရှာရမှာတုန်းလို့………..
လွမ်းအောင်လုပ်တယ်..
😦
i have got them from chinese shop ma. cant you have it near from u 🙂
thanks ama ei thet yay…here is not good tea with milk. I also love it.
မအိသက်က အီကြားကွေးလုပ်နည်းတော့ ရေးမထားဘူး 🙂