အမေ ဒီမှာ သားကြီးခန့်မွေးပြီးစလာနေတုံးက မနက်ဆိုအစောကြီး ဟင်းတွေချက်ပြီ၊ ဘာလို့အစောကြီး ထချက်တာလဲဆိုတော့ အဲဒီ တုံးက အိမ်မှာ အတူ နေ နေတဲ့ မြန်မာအတွဲက မနက်၈နာရီဆို အလုပ်သွားတော့ ထမင်းဘူး ထဲ့ရအောင်လို့တဲ့။ သူစရိတ်နဲ့သူ အပင်ပန်းခံထချက်တာပါ။ အဲဒါနေသွားတဲ့၎လလုံး တရက်မှမပျက်ကွက်ပါ။ ဒီက ကလေးတွေအစားအသောက်ဆင်းရဲတယ်၊ အလုပ်နဲ့ကျောင်းပဲ လို့ခဏခဏပြောတယ်။အမေလန်ဒန်လာတုံးက ချက်ပြသွားတဲ့ နည်းလေးပါ။ ဒီမှာကအသားချည်းဝယ်ရင် သိုးသားနဲ့ရောပေး တတ်ပါတယ်။ ဈေးတော့ပိုသက်သာတာပေါ့နော်။ အမေက ဒီမှာဆိတ်သားဝယ်ရင် ဆိတ်ခြေထောက်ကြည့်ဝယ်ဖို့ပြခဲ့ပါတယ်။ ဟိုနေ့ကအိသက်အလုပ်အပြန် ကုလားဆိုင်ဝင်တဲ့အခါ ဆိတ်သားတွေ တွေ့လို့အတော်ဝမ်းသာသွားပါတယ်။ ဆိုင်ကကိုရွှေကုလားက ခြေထောက်ခွါ မြင်ရတဲ့ပေါင်သားကို လှီးပေးရရင် ၁ကီလို ကို ၁၀ပေါင် တဲ့။ မြန်မာကျပ်ငွေ ၁၃၀၀၀ဖိုး။ ခုတ်ပြီးသားအသားချည်းဆို ၇ပေါင်တဲ့။ အမျိုးသားကလဲ ဆိတ်သားဆိုဒီမှာ သိုးသားတွေ စားရမှာစိုးတော့ဆိတ်သားဟင်းစားမလားဆိုလုံးဝငြင်းတဲ့သူပါ။ ဒီဆိတ်သားတောင် သူ မပါတုံးဝယ်ရမှာဆိုတော့ ပေါင်ကအသားပဲ သူ့အရပ်နဲ့သူ့ဇာတ် တန်ပါတယ်လေ ဆိုပြီးစိတ်ချလက်ချဝယ်လိုက်ရပါတယ်။
ဆိတ်သားဒိန်ချဉ်ချက်( ၅ယောက်စာ)
-ဆိတ်သား ၁ကီလို
-ဒိန်ချဉ် ဟင်းချက်ဇွန်း ၂ဇွန်း(စားပွဲတင်)
-ဆနွမ်း ဇွန်း၁ဝက်(စားပွဲတင်)
-မဆလာ၁ဇွန်း(စားပွဲတင်)
-Gram မဆလာ၁ဇွန်း(စားပွဲတင်)
-အရောင်တင်၂ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ၂လုံး၊ ဖြူ၎မွှာ ( ကြိတ်ထားပါ)
-ရှာလကာရည် ၂ဇွန်း
-ပျဉ်တော်သိမ် ၅ရွက်
-ကရဝေးရွက် ၅ရွက်
-ငရုတ်သီးအခြောက်တောင့် ၅တောင့်
-ဂျင်း၊ သစ်ဂျပိုး၁ခေါက်၊ ဖာလာစေ့ ၆စေ့၊ လေးညှင်း၅ပွင့်
-မုန်ညဉ်းစေ့ လ္ဘက်စားဇွန်း၁ဝက်
-ဂီးထောပတ် ဟင်းချက်ဇွန်း ၂ဇွန်း
အိသက်ကအမြန်နူးအောင် Pressure Cooker နဲ့ချက်လိုက်ပါတယ်။
ဆိတ်သားများကိုအရွယ်တော်တုံးကာ ရေစင်စင်ဆေးပြီးဒိန်ချဉ်၊ ဆနွမ်း ဇွန်း၁ဝက်(စားပွဲတင်)၊ ဂျင်း၊ ကြက်သားမှုန့် တို့နဲ့နယ်ထားပါ။ မချက်ခင်၃နာရီလောက်ကြိုနယ်ထားပါ။
အိုးထဲတွင် ဂီးထောပတ်ကိုအပူပေး၍အရည်ပျော်စေကာ ကြက်သွန်နီ၊ ဖြူတို့ကို-ဂျင်း၊ သစ်ဂျပိုး၁ခေါက်၊ ဖာလာစေ့ ၆စေ့၊ လေးညှင်း၅ပွင့်, အရောင်တင်၂ဇွန်း(စားပွဲတင်) ၊ ရှာလကာရည် ၂ဇွန်း၊ ပျဉ်တော်သိမ် ၅ရွက်၊ ကရဝေးရွက်၅ရွက်၊ ငရုတ်သီးအခြောက်တောင့် ၅တောင့်၊ မုန်ညဉ်းစေ့လ္ဘက်စားဇွန်း၁ ဝက် တို့နဲ့ဆီသတ်ပါ။
ကြက်သွန်ကျက်ပြီး အနံ့လဲမွှေးတတ်လာပြီဆိုရင် ဆိတ်သားနယ်ပြီးသားများကို မဆလာများထဲ့ကာ လုံးပါ။ ၁၀မိနစ်ခန့်လုံးပြီး ဆိတ်သားမြုပ်သည်အထိရေထဲ့ကာ အဖုံးအုပ်ထားပါ။
Pressure cooker ဆိုရင်မီးအနေတော်နဲ့ နာရီဝက်ခန့်ဆိုရင်ဆီပြန်ပြီးအသားနူးပါပြီ။ ရိုးရိုးအိုးနဲ့ဆိုရင် ၄၅ မိနစ်ခန့်ချက်ပြီးအသားနူးကာဆီပြန်ရင်ရပါပြီ။ မဆလာနံ့တသင်းသင်းနဲ့ နူးအိနေသော ဆိတ်သားဒိန်ချဉ်ချက်လေးပါ
နောက်တနေ့ကျန်သောဆိတ်သားဟင်းများကို အာလူးရောကာ ဆိတ်သားအာလူးချက်စားလို့ရပါတယ်နော်။
ကောင်းလိုက်တာ ဒီမှာစိတ်သာ:မရှိသလောက်ပဲ မအိသက်ရေ ချက်ထားတာလေးကြည့်ပီ:စားချင်လိုက်တာ…
Thank u Khin yay.
စားချင်စရာကြီးအိသက်ရေ။ ကုလားဆိုင်တွေမှာရောင်းတဲ့ ဟင်းအတိုင်းပဲ
Thank u par evy lay yay.:))
ဆိတ်သားအရမ်းကြိုက်တယ်ဒီမှာလဲရှားတယ်ကုလားဆိုင်တွေမှဘဲရတတ်တယ်ပေါင်သား
လှီးခိုင်းရတယ်ဆိုတာတော့မှတ်ထားလိုက်တယ်အိသက်ကျေးဇူးပါ
မရေ ဆိတ်ခြေထောက်ခွါကိုကြည့်ဝယ်တာ။ ၂ခွပါတယ်။ 🙂
I read your blog every night & find out what i cook tomorrow.
Most of my cooking style is same with you.
I always been your mom restaurant since i was five years old.
Thank u Ei Thet.
thank you a lot for being our customer and still supporting me 🙂
hello sis, i cooked beef like this recipe except yogurt. :):)
Thank you again!!!!
welcome and thanks for using my recipe 🙂
Hi dear, i can share some of my italian Cooking way in my fb my Cooking section. I love your Mom and Yr Cooking .
Hi Sis,
Your recipe help me a lot…Thanks so much for sharing