အိမ်ကပို့ထားတဲ့ ငါးရံ့ခြောက်တွေအရမ်းများနေပါတယ်။ ဖုတ်ပြီးဆီဆမ်းစားတာလဲများပြီ ဆိုတော့ အိသက်အဖေတို့အညာဖက်ကလုပ်စားတဲ့အတိုင်း ချက်စားဖြစ်ပါတယ်။ အတူနေတဲ့ တဝမ်းကွဲအမက အညာသူစစ်စစ် ဆိုတော့ဒီဟင်းက သူပြောတဲ့နည်းလေးပါ။ စားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
-ငါးရံ့ခြောက်၄၀၀ ဂရမ်
-ခရမ်းချဉ်သီး ၂လုံး
-ငရုတ်သီးတောင့် ၅တောင့်
-ကြက်သွန်နီ ၁လုံး
-ကြက်သွန်ဖြူ ၃လုံး
-အရောင်တင်မှုန့်၂ဇွန်း
-ကြက်သားမှုန့်
-နံနံပင်
ငါးခြောက်ကိုအတုံးလေးများတုံးကာ အိုး၁လုံးထဲတွင် ရေနဲနဲဖြင့် ပြုတ်လိုက်ပါ။ ပြီးရင်စစ်ထားပါ။
ကြက်သွန်နီ၊ ဖြူကို အရောင်တင်မှုန့်ဖြင့်ဆီသတ်ပါ။ ကြက်သွန်ကျွတ်လာရင် ငရုတ်သီးစိမ်းများ၊ ခရမ်းချဉ်သီးအတုံးလေးများထဲ့ပါ။ ရေနဲနဲထဲ့ပြီး ကြက်သားမှုန့်နဲနဲထဲ့ကာ ခရမ်းချဉ်သီးအနှစ်ချက်ပါ။
အနှစ်ရလာရင် ငါးခြောက်စစ်ထားတာများရောထဲ့ပြီး ၁၀မိနစ်ခန့်အဖုံးအုပ်ထားလိုက်ပါ။ ဆီပြန်လာရင်မီးပိတ်ကာ နံနံပင်အုပ်ပြီး ငါးရံ့ခြောက်စပ်စပ် အညာချက် ကို ထမင်းပူပူဖြင့်စားနိုင်ပါပြီ။
အမရေ .. ဒီဘလော့လေးကိုတွေ့တာမကြာသေးဘူး .. ပိုစ့်တွေအားလုံးဖတ်ပြီးပီ .. အမက ဟင်းချက်ကောင်းလိုက်တာ အားကျတယ် .. နောက်လည်းလာအားပေးမယ်နော်အမ
hote kae. kyay zu naw 🙂
ဒီနေ့တော့ဒါလေးချက်ကြည့်လိုက်အုံးမှပဲ−−ကျေးဇူးနော်မအိ……။
kyay zuu par….I can learn many curries from u…………
I can learn many recipes from u..TKS…
🙂