ခရမ်းသီးမီးဖုတ်သုတ်


ခရမ်းသီးမီးဖုတ်သုတ်
ခရမ်းဘုတ်မသီးကြီးတွေ မီးဖုတ်ပြီးသုတ်စား စား၊ ကြက်ဥလေးနဲ့ကြော်စား စား အရမ်းကြိုက်ပါတယ်။ အမျိုးသားက ကြက်ဥနဲ့ကြော်တာလေးပိုကြိုက်ပေမဲ့လို့ တခါတလေ ကိုယ့်အာသာလေးပိုဦးစားပေး ဦးမှဆိုပြီးသုတ်စားပါတယ်.။ အားလုံးလုပ်စားတတ်ကြမယ်လို့ ယုံကြည်ပါတယ်နော်။ အိသက် Blog  လေးမှာ တစုတစည်းတည်းဖြစ်စေချင်လို့တင်လိုက်တာပါ။ စိမ့်ပြီးအရသာကိုရှိနေတာပဲ။ သတ်သက်လွတ်ဟင်းတခွက်ပါပဲနော်။


ပါဝင်ပစ္စည်းများ( ၅ယောက်စာ)

-ခရမ်းဘုတ်မသီး၂လုံး
-ကြက်သွန်နီ၁လုံးပါးပါးလှီးပြီးရေစိမ်ထားပါ
-ဆီစိမ်းလေးဇွန်း (စားပွဲတင်)
-ကြက်သွန်ဖြူ ၄မွှာ ပါးပါးလှီးထားပါ
-ဆား၊ကြက်သားမှုန့်
-နံနံပင်

ခရမ်းသီးများကို Oven ထဲ ထဲ့ပြီးမီးဖုတ်လိုက်ပါ။ မိနစ်၂၀အကြာ မွှေးလာပြီး ခရင်းနဲ့ထိုးကြည့်လို့အိနေပြီဆိုရင်ရပါပြီ။  
ခရမ်းသီးများ အခွံခွါပြီး အနှစ်များယူပါ။ ဇလုံ၁ခုထဲ မှာထဲ့ပြီး ဆီစိမ်း၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ ၄မွှာ ပါးပါးလှီးထားတာထဲ့ ( ခရမ်းသီးက လေထိုးတတ်လို့ကြက်သွန်ဖြူ များများထဲ့ပါတယ်)။

  

အားလုံးရောမွှေပြီး နံနံပင် ဖြူးကာ စားသုံးနိုင်ပါပြီ။

Advertisements

8 comments on “ခရမ်းသီးမီးဖုတ်သုတ်

  1. မမ အိသက်၇ှင့်—ပျို့အဖေက ကုန်းနေသတ္တ၀ါ မစားဘူး—ေ၇နေသတ္တ၀ါပဲစားတော့ သူ့အတွက် ဟင်းတွေချက်၇တာ ဒီငါးထဲကကို မထွက်တော့ဘူး—ပျိုက ခုမှ ဟင်းချက်စသင်တုန်းပါ–ပျို့အဖေအတွက် အ၇သာ၇ှိတဲ့ဟင်းလေးတွေ ချက်ပေးချင်လို့ေ၇နေသတ္တ၀ါ ဟင်းချက်နည်းလေးတွေ တင်ပေးပါဦး၇ှင့်–ဟင်းချက်၇င် ကြက်သားမှုန့်ထည့်သုံးလို့၇ပါ့မလားနော်—ထည့်သုံးလို့၇မ၇ ဖြေပေးပါဦးနော်—ကျေးဇူးတင်ပါတယ်၇ှင့်—-

  2. ငါ ကြိုးစားပြီးချက်စားတယ်အိသက်ရေ ကောင်းမှကောင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s