ဒီဟင်းကိုမနေ့ညနေကမှ ဆိုင်၁ဆိုင်မှာ စားခဲ့တာပါ၊ ပြည်ကြီးငါးကို အုန်းနို့ထဲ့ပြီး ချက်တာအတော်ကို စားကောင်းပါတယ်။ ဟင်းအဆန်းလေးမို့ စားလို့လဲကောင်းတာမို့ မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
-ပြည်ကြီးများ ၄၅၀ ဂရမ်(အတုံးလေးများလှီးထား)
-ကြက်သွန်နီ ၁လုံး
-ကြက်သွန်ဖြူ ၃မွှာ
-ဂျင်း၁ဇွန်း(စားပွဲတင်)၊အရောင်တင်၂ဇွန်း(စားပွဲတင်)
-ဆား၊ ကြက်သားမှုန့် ၂ဇွန်း(စားပွဲတင်)
-အုန်းနို့ ဟင်းချက်ဇွန်းကြီးတဇွန်း
– thai red curry paste ၁ဇွန်း(စားပွဲတင်)
ကြက်သွန်နီ၊ဖြူ တို့ကို ကြိတ်ထားပြီး ဂျင်း၊အရောင်တင်၂ဇွန်းဖြင့် ဆီသတ်ပါ။ ဆားနဲနဲ၊ ကြက်သားမှုန့် ၂ဇွန်းတို့ထဲ့ပါ။ကြက်သွန်ကျက်ရင် thai red curry paste၁ဇွန်း ကိုရေရောထဲ့ပြီးအနှစ်ချက်ပါ။
အနှစ်ဆီပြန်လာရင် ပြည်ကြီးငါးများကိုထဲ့ပါ။အုန်းနို့ ဟင်းချက်ဇွန်းကြီးတဇွန်း ထဲ့ကာအဖုံးခဏအုပ်ထားပါ။
ဆီပြန်လာရင် အုန်းနို့နံ့သင်းပြည်ကြီးငါးဟင်းလေးရပါပြီ။
အဆန်းဟင်းလေးဘဲနော်။
🙂
ဒီဟင်းလေးယိုးဒယားဆိုင်တခုမှာစားဖူးကတည်းကကြိုက်သွားတာ..ခုတော့ အိသက်နည်းလေးနဲ့ချက်စားကြည့်အုံးမယ်…
hote kae ma ma . how is everything? are you settle down with your new house? It is so nice.