လားရှိုးမြို့ကကြက်ဥကင်နံမည်ကြီးပါတယ်နော်။ခဏခဏလုပ်နည်းမေးခံရလို့တင်ပေးလိုက်ပါတယ်၊ ဒီနည်းလေးကအိသက်မောင်လေးပေးတဲ့နည်းပါ။ ကြက်ဥကင်ကဖြူဖြူလေးပါ။ သူတို့လင်မယားက soy sauce တို့ အဆာပလာတွေ ထဲ့စားတော့အရောင်ကမီးခိုးရောင်ဖြစ်သွားတာပါ။ လက်ဝင်ပေမဲ့တော်တော် စားလို့ကောင်းပါတယ်။ ၂မျိုးလုံး လုပ်ပြထားပါတယ်နော်။ အိသက်အမျိုးသားတော့အရမ်းကြိုက်ပါတယ်။ အချဉ်ရည်လေးနဲ့တွဲစားလို့ပဲဖြစ်ဖြစ် Salad Mix နဲ့ဖြစ်ဖြစ်တွဲစားလို့လိုက်ဖက်ပါတယ်။ လွယ်ပါတယ်နော်။
Grilled chicken eggs from Lashio, the city of Shat State in Myanmar is pretty famous. I have posted it as I have been asked many times. This is the recipe from my younger brother. It is meant to be white but my brother and his wife love to enjoy with all the bits and bobs like soy sauce and etc so it looks smoky. It is a bit hard to do but it’s delicious. I have shown two ways to do it. My husband likes it so much. It can be complemented with either sauce or mixed salad. Easy.
ပါဝင်ပစ္စည်းများ
-ကြက်ဥ
-ဆား
-ဆေးထိုးအပ်ပြွန်တချောင်း
Contents
– egg
-salt
-1 piece of syringe
ပုံမှာပြထားတဲ့အတိုင်း ကြက်ဥထိပ်လေးကိုအပေါက်လေးဖောက်ပြီးကြက်ဥအနှစ်များကို ဆေးထိုးပြွန်နဲ့စုပ်ထုတ်လိုက်ပါ။
As shown in picture, make a little hole at the top of the egg and suck the egg yolks and white with syringe.
ကြက်ဥနှစ်များကို ဆားအနဲငယ်ထဲ့မွှေပြီး ကြက်ဥခွံလေးထဲ ပြွန်နဲ့ပြန်ထဲ့ပါ။ အပြည့်မထဲ့ပဲ အနဲငယ်နေရာ ချန်ထားပါ။
ကြက်ဥပြန်ပေါင်းတဲ့အခါလျှံမထွက်လာစေရန်ဖြစ်ပါတယ်။ ပြီးရင်ကြက်ဥထိပ်လေးကို တိပ်နဲ့ပိတ်ကာမီးနဲနဲဖြင့် ၇မိနစ် ၁၀မိနစ်ခန့် ပေါင်း၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ပြုလုပ်ပါ။
All that egg yolks & white are to be mixed with salt and put it back to the egg shell with syringe. Don’t fill it up in full as it may overfill while boiling/cooking. Then cover the hole with a tape and either boil or steam it for 7-10 minutes.
ကြက်ဥလေးများကျက်သွားတဲ့အခါ ရေအေးခဏစိမ်ထားပြီး အခွံခွါလိုက်ရင် အသားရောင်သန်းသောအဖြူရောင်ကြက်ဥလေးများထွက်လာပါမယ်။
Once the eggs are cooked, cover them under cold water and peel the skin off then you will see a bit whitish colour.
အဲဒီကြက်ဥလေးများကို သံလွင်ဆီသုတ်ကာ Oven ထဲတွင်အပေါ်မီး ၁၅၀ဒီဂရီဖြင့်အပေါ်ဆုံးအဆင့်ထားကာ ၁၅မိနစ်ခန့်ကင်လိုက်ပါ။စားတဲ့အခါအရသာကောင်းပြီးခပ်ထုပ်ထုပ်လေးနဲ့ဝါးလို့ကောင်းပါတယ်
Then grill the eggs which are brushed with olive oil in an oven for 15 minutes at 150 C from top down heat. It is so delicious and a bit more chewy than normal boiled eggs.
This is grilled eggs.
ကြက်ဥကင်မွှေးမွှေးလေး ကြိုက်ရာအချဉ်နဲ့တွဲစားနိုင်ပါပြီ။
Lovely smell grilled chicken eggs are to consumed with your favourite sauce.
အစပ်ကြိုက်သူများအတွက်ကတော့ အထက်ပါနည်းအတိုင်းကြက်ဥနှစ်လေးများထုတ်ယူပြီး ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်တို့ထဲ့မွှေပြီးပြန်ထဲ့ကာကြက်ဥထိပ်လေးကို တိပ်နဲ့ပိတ်ကာမီးနဲနဲဖြင့် ၇မိနစ် ၁၀မိနစ်ခန့် ပေါင်း၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ပြုလုပ်ပါ။
For those who love spicy, you can add chicken powder, pepper and chilli powder into the mixed of eggs whites and yolks and put the mixed back in the egg shell and follow the advice above.
ကြက်ဥလေးများကျက်သွားတဲ့အခါ ရေအေးခဏစိမ်ထားပြီးအခွံခွါလိုက်ရင်မီးခိုးရောင်သန်းသောကြက်ဥလေးများထွက်လာပါမယ်။
Once you skin it off, it has a smoky look.
အဲဒီကြက်ဥလေးများကို သံလွင်ဆီသုတ်ကာ Oven ထဲတွင်အပေါ်မီး ၁၅၀ဒီဂရီဖြင့် အပေါ်ဆုံး အဆင့်ထားကာ ၁၅မိနစ်ခန့်ကင်လိုက်ပါ။
Then grill them as previously advised.
စားတဲ့အခါအရသာကောင်းပြီးခပ်ထုပ်ထုပ်လေးနဲ့ဝါးလို့ကောင်းပါတယ်,ကြက်ဥကင်မွှေးမွှေးလေး ကြိုက်ရာအချဉ်နဲ့တွဲစားနိုင်ပါပြီ။
Enjoy them with any of your favourite sauces or salads.
မအိရေ….ကြက်ဥ အနှစ်ကို ထုတ်၇မယ်ဆိုတာ..အကာ၇ည်ကိုပြောတာလား. အနှစ်(အ၀ါရောင်)ကိုမသုံးဘူးပေါ့နော်..သေချာမသိလို့ပါနော်..
both of them Ma .:)
အခုထလုပ်ချင်ပေမယ့် ဆေးထိုးအပ်ရှိဘူးမမရယ် ..
later pop nyi ma lay yae:)
အရမ်းစားလို့ကောင်းမှာဒါပေမဲ့အဲ့လောက်နုရမှာတော့စိတ်မရှည်ဘူးတော့ဟိ
🙂
Ama….I like it so much since I was in Myanmar………..Thanks for your recipe……….I made it and really nice………..
welcome nyi ma lay:)
sis ..တိပ် ka normal scor-tape while colour ko pyaw tar lar ?
i used just normal tape but if u can use water-resistant tape, it will be better. 🙂
thanks ..
pyan htae that kya top a nint yaw.. a kar yaw.. htae tar lar.. mama yay.. today lote kyi tal.. mama ya that pone san a tine ma htwet bu…
yes nyi ma i put them back all.:)
မ ရေ .. ကျေးဇူးပါ .. အဲ့ဒါလုပ်တာရှာနေတာကြာလှပြီ ..
i am glad u r happy 🙂
အရမ်းကျေးဇူးတင်ပါတယ် အမရယ်
အိမ်ထောင်ကလည်း ကျကာစ မချက်တတ် မပြုတ်တတ် ဖြစ်နေတာ
ချက်လိုက်ရင်လည်း အမြဲ တခုခုလိုနေသလိုပဲ
အခုတော့ အမရဲ့နည်းတွေကြောင့်အဆင်ပြေ သွားပါပြီ
ကျေးဇူးတင်ပါတယ်နော်
ကိုယ်ချင်းစာပါတယ်ညီမလေးရေ အဆင်ပြေတယ်ဆိုရင်ဝမ်းသားပါတယ်နော် 🙂
အစ်မအိသက်
အပေါ်ဆုံးက အစ်မမေးသလိုဘဲ ကြက်ဥအနှစ်ဘဲ ထုတ်ရမလား
ဒါမှမဟုတ်နှစ်ခုစလုံးထုတ်ရမလား ပြီးတော့ နှစ်ခုစလုံးကို မွေပြီးပြန်အခွံထဲပြန်ထည့်ရမလား မသိလို့နော်
ကျမလုပ်တာဖြစ်မလားဘူး ကြော်သလို ဖြစ်နေတယ် ဘာကြောင့် မှန်းမသိဘူး ကျေးဇူးပြုပြီးပြန်ဖြေပေးပါ
nyi ma yay , u can take all out nyi ma 🙂 sorry for late reply naw 🙂
ဗိုက်ဆာလာပြီ
သမီးဒီနေ့လုပ်ကြည့်တယ် မရဘူး အမ ပြောသလို လုပ်ကြည့်တာပဲ အမရယ် ကြက်ဥက အမ လုပ်သလို မလှဘူး စိတ်ညစ်လိုက်တာ
yes , the very first time will be like that nyi ma , u will get better result a few times later 🙂