ကြက်ချဉ်စပ်


ကြက်ချဉ်စပ်ကတော့ဘယ်အချိန်စားရ စားရအလွန်ကြိုက်ပါတယ်။ ဟိုတနေ့က မမအေးခိုင် ပြင်ဦးလွင်မှာ စားခဲ့တာ ဆိုပြီးကြက်ချဉ်စပ် တင်ထားတော့ သူများစားတာတွေ့ပြီးမနေနိုင်မထိုင်နိုင်သွားရည်ယိုပြီး ချက်ချင်းလုပ်စားမိပါတယ်။ ငယ်ငယ်ကတော့ ၂၉လမ်းထဲက 171 စားသောက်ဆိုင်မှာ ဝယ်စားခဲ့တာပါ။ အရမ်းစားလို့ကောင်းပါတယ်။ ခုလုပ်စားကြရအောင်


ပါဝင်ပစ္စည်းများ
-ကြက်သားအသားချည်း ၄၀၀ ဂရမ်( အတုံးလေးများတုံးထား)
-ကြက်သွန်နီ ၂လုံး( အတုံးလေးများတုံးထား)
-ကြက်သွန်ဖြူ ၃မွှာ (ဓားပြားရိုက်ပြီး)
-ဂျင်းနဲနဲ
-ငရုတ်သီးစိမ်း၅တောင့် (ထောင်းထား)
-ရှာလကာရည် ၂ဇွန်း (စားပွဲတင်) <သို့> သံပရာသီးတခြမ်း
-ကြက်သွန်မြိတ် ၂ချောင်း( လက်တစစ်လောက်ဖြတ်ထား)
-ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း (စားပွဲတင်)
-အရောင်တင်မှုန့်၂ဇွန်း (စားပွဲတင်)

 
ဆီများများနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကို ဂျင်းနဲနဲ၊ အရောင်တင်မှုန့်၂ဇွန်းထဲ့ကာဆီသတ်ပါ။

ကြက်သွန်နွမ်းရင် ကြက်သားထဲ့လုံးပါ။ ဆားနဲနဲ၊ ကြက်သားမှုန့်၂ဇွန်း ထဲ့ပါ။  ကြက်သားလေးများအရောင်ပြောင်းရင် ငရုတ်သီးစိမ်း ထောင်းထားတာများထဲ့ပါ။ ရေအနဲငယ် နဲ့ ရှာလကာရည် ၂ဇွန်း (စားပွဲတင်) <သို့> သံပရာသီးတခြမ်းညှစ် ထဲ့ပါ။

ရေကုန်ပြီးဆီပြန်လာရင်မီးပိတ်ပြီး ကြက်သွန်မြိတ်ဖြူးပါ။ ခုဆိုရင် ချဉ်ချဉ်စပ်စပ်ကြက်ချဉ်စပ်လေးရပါပြီ။

Advertisements

10 comments on “ကြက်ချဉ်စပ်

  1. ကျေးဇူးအရမ်းတင်ပါတယ်။ ကြက်ချဉ်စပ် အရမ်းကြိုက်တာ။ ချက်စားလိုက်ဦးမယ်။ ခုတလောတော့ ကြေးအိုး၊ နွားနို့ခဲ နဲ့ ပုဇွန်ငါးဆုပ်လည်း ချက်စားပြီးပြီ။ နောက်ထပ် ပဲသွေးလုပ်နည်းတင်ပေးမယ်ဆိုလို့ စောင့်နေတာ။ 🙂

  2. နောက်၇က်အတွက် ဘာချက်၇မယ်စိုတာ သိပြီ။တော်တော်အ၇သာ၇ှိမဲ့ဟင်းဘဲ။

  3. ဒီဟင်းလေးတော့ ကိုယ်တိုင်ချက်စားကြည့်မယ်အစ်မ။

  4. ကျေးဇူးတင်ပါတယ်အစ်မခင်ဗျာ .. သူများနိုင်ငံမှာရောက်နေတာကြာတော့ ကို့မြန်မာဟင်းတွေကိုစားချင်နေတာကြာပြီ .. ခုမှပဲကိုယ်တိုင်ချက်စားကြည့်ဖို့ နည်းသိတော့တယ် ။

    • aung aung yay , အမလဲ လွယ်ပြီစားကောင်မယ်ထင်တာလေးတွေတင်ပေးတာ လုပ်စားကြည့်ပါ မောင်လေးအားရင် 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s