အိန္ဒိယတိုရှည်လုပ်နည်း
အမျိုးသားကပြောတယ် ကုလားပြည်ကိုဒီရက်ပိုင်းခဏခဏသွားတယ်တဲ့ ကုလားဟင်းပဲစားနေရလို့လေ။ ငယ်ငယ်ကအိသက်တို့၂၉လမ်းအိမ်ရှေ့မှာတိုရှည်ဆိုင်ရှိတယ်။ ကုလားမဝဝကြီး ပုံ့ပုံ့ကြီးထိုင်ပြီး ရောင်းနေကျလေ။ မနက်ဆိုအစောကြီး တိုရှည်တွေ ဒယ်၂ ပြားနဲ့တချပ်ပြီးတချပ်ရောင်းနေပြီ။ ကြုံလို့ စကားမစပ် အဲဒီကုလားမကြီးမှာ အိသက်နဲ့ရွယ်တူ မြေးကောင်မလေးရှိတယ်။ သူ့ နံမည်ကလဲတိုက်တိုက်ဆိုင်ဆိုင် အိသက်တဲ့။ အဲဒီမှာပဲ အကိုဝမ်းကွဲ ၁၃ယောက်လောက်ထဲက အိသက်ကို တွေ့တဲ့သူ ဘယ်သူမဆို ”အိသက် ကုလားမ ကုလားမ အိသက်”လို့အော်ကြ ခေါ်ကြ စကြတယ်။ အဲဒီတုံးက ဒေါ်စောရီ မိသားစုအကုန်နီးပါး ၂၉လမ်းမှာနေတာပါ။အသားမဲမဲပိန်ခြောက်ခြောက်လေးမို့ ကုလားမလေးနဲ့လဲတော်တော်တူခဲ့မှာပါ။ အဲဒီလို စရင်ပြန်ရန်ဖြစ် အော် အဲဒါမှစိတ်မထိန်းနိုင်သေးရင်လက်နက်ကူ တွေ့ရာ နဲ့ကောက်ပေါက်ပေါ့လေ။ (တခါက Blackpool ကအကို ကို TV ရှေ့ကကာလို့ခွေးခြေခုံးနဲ့ပေါက်တာ ခေါင်းကွဲဖူးပါတယ်။ အဲသလို စိတ်ကြီးတာ) အကိုတွေက ဘာပြန်ပြောလဲဆိုရင် ကုလားမအိသက်ကိုခေါ်တာ နင့်ကိုမဟုတ်ဘူးလို့။ အဲဒီ ကုလားမ အိသက်ရဲ့အဖွားရဲ့ တိုရှည်က တသက်မမေ့စရာ စားကောင်းပါတယ်၊ အိသက် မောင်လေးက ကြက်ဥလေးနဲ့ စားတာပါ။ ငယ်ငယ်ကတော့ သကြားနဲ့စားပါတယ်။ ခုတော့ ဟင်းအနှစ်နဲ့ စားပါမယ်။ ကလေးတွေနဲ့ အတူနေတဲ့အိသက်အမ ဝမ်းကွဲကသကြားနဲ့စားပါတယ်။လုပ်နည်းကြည့်ရအောင်နော်
-ဆန် ၂ ခွက်
-ပဲနောက် ၁ခွက်/ Urid dal
-ပဲနံသာ၁ဇွန်း (စားပွဲတင်)/ Methi seed@ Fenugreek
-ပါဝါ ၁ခွက် (သို့) ကုလားပဲ ၁ခွက် /pawa , Chana dal
နောက်တနေ့မနက်လုပ်မယ်ဆိုရင် ဒီနေ့မနက်ထဲကဆန်၊ ပဲနောက်၊ မန်တီ ၊ ကုလားပဲတို့ကိုရေစိမ်ထားပါ။ ကုလားပဲအစားပါဝါနဲ့လုပ်မယ်ဆိုရင်တော့ ပါဝါကလွဲရင်ကျန်တာရေကြိုစိမ်ထားပါ။ အနဲဆုံး ၁၀ နာရီ စိမ်ရပါမယ်။
ဆန်များ ပဲများ ကြိတ်ကာနီး ၃၀မိနစ် အလိုလောက်မှ ပါဝါကိုရေစိမ်ပါ။ ၁၀နာရီကြာရေစိမ်ထားသော ဆန်၊ ပဲများကို ကြိတ် ၍ဖြစ်စေ ထောင်း၍ဖြစ်စေ၊ Blender နဲ့ထဲ့မွှေ၍ဖြစ်စေ ကြေသွားအောင်လုပ်ပါ။ Blender နဲ့မွှေမယ်ဆိုရင် ဆန်အရင်ဆုံး မွှေပါ။ရေနဲနဲထဲ့မွှေမှ ကျေပါမယ်။ ဆန်ကျေရင် ပဲနောက်၊ မန်တီ၊ပါဝါ တို့ကိုအထက်ပါအတိုင်း မွှေပါ။ (ကုလားပဲနဲ့လုပ်ရင် ပါဝါအစား ကုလားပဲတခါတည်း ထဲ့ကြိတ်ပါ) အိသက်က ပါဝါနဲ့လုပ်တာပါ။ တိုရှည်နံ့ပိုမွှေးလို့ ။ အရသာကတူတူပါပဲ။
ကြိတ်လို့ရတဲ့အရည်တွေကို ဆိုဒါ ၁ဇွန်း(လဘ္လက်ရည်ဇွန်း) ထဲ့ မွှေပြီ ညသိပ်ထားလိုက်ပါ။
နောက်တနေ့ မနက်မှာ ကြိတ်ရည်များကို စား၂ဇွန်း(စားပွဲတင်)ထဲ့မွှေပါ။
တိုရှည်လုပ်ရန်အဆင်သင့်ဖြစ်ပါပြီ။
အိသက်က crepes maker electric pan ကိုသုံးပါတယ်။
ဒယ်အိုးအပြားကြီးကြီးသုံးလဲရပါတယ်။
ဒယ်ကို ဆီပါလေကာနဲ့ ခပ်နွေးနွေးအပူပေးပါ။
ယောက်ချိုဇွန်း နဲ့ခပ်ပြီ အရည်များထဲ့ကာဇွန်းဖင်လေးနဲ့အဝိုင်းလေးဒယ်ပေါ်ဝိုင်းပေးပါ။ မီးအနေတော်ပြန်ထားပြီး မုန့်အစွန်လေးများကိုဆီလိုက်ဖြန်းပေးပါ။ မုန့်ပေါ်မှာပါဆီအနဲငယ်ဖြန်းပါ။
ကြက်ဥကြိုက်တတ်ရင်ဖောက်ထဲ့ပါ။ မုန့်အနေအထား အပျော့အကျွတ် အလိုက် ကြိုက်နှစ်သက်သလို ဖိုပေါ်က ချပါ။ ပူပူလေးစားလို့ရပါပြီ။
အရေးကြီးဆုံးအချက်က မုန့်နောက်တချပ်ကြော်ကာနီးတိုင်းမီးပိတ်ပြီးဒယ်ကိုရေဖြန်းကာ အပူလျှော့ရပါမယ်နော်။
ဒယ်ပူလွန်းရင်မုန့်သားမလှပဲ ကပ်စီးကုန်ပါမယ်နော်။ ပြီးမှ ဒယ်နွေးနွေး:နဲ့ နောက်တချပ်ထပ်ကြော်ပါ။ (ငယ်ငယ်က ကုလားမကြီးရေဖြန်းရင်သူဒယ်ဆေးတယ်ထင်တာ။ ရှဲကနဲမြည်ပြီ ကြည့်လို့ကောင်းပါတယ် ,ဝရမ်ဒါကနေ မောင်နှမနှစ်ယောက်အထူးအဆန်းကြည့်ရတာအမောပေါ့)
တွဲစားရန်ဒိန်ချဉ်အချဉ်
-ပူစီနံအရွက်အနဲငယ်ထောင်းပြီး
-ဒိန်ချဉ် ၃ဇွန်း(စားပွဲတင်)
-အုန်းနို့ ၁ဇွန်း(စားပွဲတင်)
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးခြောက်၂တောင့်
-ပျဉ်တော်သိမ် ၂ရွက်
-နံနံစေ့
နံနံစေ့၊ ငရုတ်သီးခြောက်၊ပျဉ်တော်သိမ် ၂ရွက် ကိုဆီနဲနဲ နဲ့ အပူပေးကာ ကြော်လိုက်ပါ။ ပြီးရင်ပူစီနံအရွက်အနဲငယ်ထောင်းပြီး ဒိန်ချဉ်၊ အုန်းနို့ ၊ ကြက်သားမှုန့်တို့နဲ့ရော မွှေထားလိုက်ပါ။
တွဲစားရန်ကုလားအာလူးဟင်း
– အာလူး
-ခရမ်းချဉ်သီးတလုံး (လှီးထား)
-အရောင်တင်မှုန့်၁ဇွန်း(စားပွဲတင်)
-မဆလာ နဲနဲ
-ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်)
-ငရုတ်သီးခြောက်၂တောင့်
-ပျဉ်တော်သိမ် ၂ရွက်
-နံနံစေ့
-ကြက်သွန်နီ၁ခြမ်း၊ဖြူ ၁မွှာ(လှီးထား)
ကြက်သွန်နီ ၊ဖြူ၊ ကို နံနံစေ့၊ ငရုတ်သီးခြောက်၊ ပျဉ်တော်သိမ်၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်) နဲ့ဆီသတ်ပြီးကျက်ရင် ခရမ်းချဉ်သီးထဲ့ကာ အနှစ်ချက်ပြီးရင် အာလူးအတုံးလေးများထဲ့ပြီ ရေထဲ့ပါ။( အိသက်ကတော့အရင်နေ့က အာလူးဟင်းလက်ကျန်ရှိသေးတာရောလိုက်တာပါ။ မဆလာနောက်ဆုံးဖြူးလိုက်ပါတယ်.
Very good , Ma Ma . How smart you are !!!
Thank you so much .
Hnin Wut Yee
THank u Nyi ma lay.:)
Hey, Eithet, my name is Eithet too. I used to lived in 29th street too. I am senior than you are:) I know your whole family, your dad and your mom and your sisters and cousins too. I am not sure you still remember me.. you were very young when we left Burma.
I am still thinking of that dosa lay until these days:)
You are doing the good job with your blog. Keep up sis!
ma I think you are Ma Ma Lay( ma su su aung @ saw thandar aung’s friend).if it is true, i do remember u.
🙂
ma I think you are Ma Ma Lay( ma su su aung @ saw thandar aung’s friend)friend.if it is true, i do remember u.
🙂
Sis,
Yes. My sis is same age as Su Su Aung. Thank you for remembering me:) And thank you for sharing all the recipes. I love to cook and I will be trying out all your recipes.
really, The world is too small. ma ma lay still talking about u sometime. i think she miss u. nice to meet u again ma .
Sis Eithet,
My sis, Suthet is Susu Aung’ s friend. I am going to tell my sis about you and Susu Aung. It is really a small world! So glad to reconnect with you also!
yes, sure !! ma 🙂
သမီး မဂိုလမ်းထိပ်က အာလူးပူတီနည်းရယ်
နောက် သမီးတို့ လမ်းထိပ်ကနဲ့ တူတယ် မိုးပျံ ပလာတာတိုင်က ပန်းသေးခေါက်ဆွဲကျော်နည်းရယ် သိခဲ့မယ်ဆို အချိန်ရရင် ရေးပြပါအုံး
သမီးအမေက အတော်ကြီးကို ၀နေတယ်နော်
ငယ်ငယ်က အကြောင်းတွေ ဆက်စပ်ပီး သတိ၇မိသေးတယ်
ဟုတ် သမီးလဲ အဲလိုလေးတွေရေးရင်း ငယ်ဘဝကို အောက်မေ့နေတာ။ 🙂
https://htetfamily.com/2012/03/09/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%80%e1%80%b9%e1%80%86%e1%80%bc%e1%80%b2/
Your Cooking is excellent and ဆရာစားမချန်အကုန်ပြောပြပေးဝေတဲ့အတွက်ကျေးဇူးပါဘဲ။
thanks for the sweet comment 🙂
thanks a lot for ur sweet comment 🙂
မမစိမ်ထားတဲ့ပဲတွေကို ဖျောရည်ကြိတ်တဲ့စက်ထဲမှာကြိတ်ရမှာလား ဓားအမာနဲ့ အသားကြိတ်တဲ့ထဲမှာကြိတ်ရမှာလားမမ…..အရမ်းစားချင်နေတာနဲ့အတော်ပဲ ကျေးဇူးပါနော်