ပုဇွန်ငဆုပ်လုံး
အိသက်တို့မောင်နှမ ငယ်ငယ်တုံးက ခဏခဏစားတဲ့ဟင်းလေးပါ။ အိသက်က အကြော်ပဲစားပေမဲ့ မောင်လေးက ဟင်းအနှစ်နဲ့စားပါတယ်။ အိသက် သားလေး နဲ့ သမီးလေးလဲဒီဟင်းလေးကိုကြိုက်ပါတယ်.။ သမီးလေးကတော့အကြော်လေးပဲစားပါတယ်။ ဒီနေ့ ဒီဟင်းလေးကိုချက်ပါတယ်။
ပါဝင်ပစ္စည်းများ
-ပုဇွန် ၁ကီလို
-ဂျင်း၁ဇွန်း(စားပွဲတင်)
-ဆား၊ ကြက်သားမှုန့်
-ကြက်သွန်နီ ၁လုံး၊ ဖြူ ၃မွှာ, ငရုတ်သီးစိမ်း၅တောင့်
-အရောင်တင်မှုန့်၁ဇွန်း
-ခရမ်းချဉ်သီး ၂လုံး လှီးထား( သေးရင်၃လုံး)
-နံနံပင်
သန့်စင်ပြီးပုဇွန်များကို ဆနွမ်းနဲနဲထဲ့ပြီး ဆား၊ ကြက်သားမှုန့်၊ ဂျင်းများထဲ့ပြီး blender မှာကြိတ်မွှေလိုက်ပါ။
ပြီးရင်ပုဇွန်လေးများကို ဆီမြုတ်သည်ထိကြော်ပြီး ရွှေဝါရောင်သန်းလာရင် စစ်ထားပါ။
ကြက်သွန်နီ၊ ဖြူဆား၊ ကြက်သားမှုန့်၊ အရောင်တင်မှုန့်၁ဇွန်းထဲ့ဆီသတ်ပြီး ကြက်သွန်ကျက်ကာနီးရင် ခရမ်းချဉ်သီးထဲ့ပြီး လုံးပါ။
ခရမ်းချဉ်သီးလေးများကျေရင် ရေအနဲငယ်ထဲ့ကာအဖုံးအုပ်ထားပါ။ ဆီပြန်ကာနီးရင် ကြော်ထားသောငရုတ်သီးစိမ်း၅တောင့် , ပုဇွန်လုံးလေးများထဲ့ချက်ကာဆီပြန်ရင် မီးပိတ်ပြီး နံနံပင်အုပ်ကာစားသုံးလို့ရပါပြီ။
မရေ
ပုဇွန်က ဘယ်လိုအမျိုးအစားလဲဆိုတာသိချင်လို့ ပါ
အသားပုဇွန်လား၊ ပုဇွန်တုပ်လား ဘယ်လိုပဲဖြစ်ဖြစ်ရလားလို့ ပါ
ပုဇွန်အစိမ်းဆိုရပါပြီ ညီမရေ 🙂