အိန္ဒိယပုဇွန်ပူစီနံ
တခါတလေ ဟင်းအစပ်လေးစားချင်လာတဲ့အခါမျိုးမှာ ဒီပုဇွန်လေးကိုကြော်စားဖြစ်ပါတယ်။ သားကတော့မစားပါ။ သိပ်စပ်ပါသည် တဲ့။ သူကအစပ်စားနိုင်ပေမဲ့ အဲဒီ Level ကိုမရောက်သေးလို့ သူ့အတွက်အချိုချန်ပြီ အိန္ဒိယပုဇွန်ပူစီနံ လေးကြော်စားဖြစ်ပါတယ်။ ဒါလေးလဲလွယ်ပါတယ်နော်။
-ပုဇွန် ၂၀၀ ဂရမ်
-ပူစီနံနဲနဲ Mint
-ငရုတ်သီးခြွဲခမ်းမှုန့်၃ဇွန်း(စားပွဲတင်)
-ငံပြာရေ ၁ဇွန်း(စားပွဲတင်)
-ကြက်သွန်နီ ၁လုံးပါးပါးလှီး
-ကြက်သွန်ဖြူ ၃မြွှာ
-ဂျင်း ၁ဇွန်း(စားပွဲတင်)
-ဆားနဲနဲ၊ ကြက်သားမှုန့် ၂ဇွန်း(စားပွဲတင်)
ပုဇွန်ကိုကျောခွဲ ချီးချောင်းထုတ်သန့်စင်ကာ ဂျင်း၊ ဆားနဲနဲ ၊ ကြက်သားမှုန့်၁ဇွန်း(စားပွဲတင်) တို့နဲ့နယ်ထားပါ။
ကြက်သွန်နီ ၁လုံးပါးပါးလှီး၊ ကြက်သွန်ဖြူ ၃မြွှာကို ရွှေဝါရောင်သန်းသည်အထိကြော်ပြီး ဆားနဲနဲ၊ ကြက်သားမှုန့်၁ဇွန်း၊ ငရုတ်သီးခြွဲခမ်းမှုန့်၃ဇွန်း ထဲ့ကြော်ပါ။
ငံပြာရည်ထဲ့ပါ။ ၁မိနစ်ခန့်ဆက်ကြော်ပြီရင် ပုဇွန်ထဲ့ကြော်ကာ ပုဇွန်ကျက်လောက်ရင်မီးပိတ်ပြီ ပူစီနံ အရွက်များ ထဲ့ကာ ဟင်းအပူရှိန်နဲ့ ဆက်လှိမ့်လိုက်ပါ။
အနံ့မွှေးပြီးအရသာကောင်းသော အိန္ဒိယပုဇွန်ပူစီနံ စပ်စပ်လေးရပါပြီ။
ဒီနေ့ဘာချက်၇ပါ့ စိုပြီးလာကြည့်နေသည်။
kyi par shin 😛