အိသက် အမျိုးသားက Sizzling လုပ်တဲ့ Plate လေးဝယ်လာပါတယ်။ သူ့ကို လုပ်ကျွေးပါဆိုတဲ့သဘောပါ။ အမဲသားကြိုက်တဲ့သူ့အတွက်အမဲသားသုံးပေမဲ့ မစားသူတွေက ဝက်သား၊ ပုဇွန် သုံးလို့ရပါတယ်နော်။
ပါဝင်ပစ္စည်းများ (တပွဲစာ)
-အမဲသား ၂၀၀ ဂရမ်
-ကြက်သွန်နီ တခြမ်း အတုံးလေးများလှီးထား
-ဂျင်း၁ဇွန်း( စားပွဲတင်)
-ဟင်းချက်ဝိုင်၁ဇွန်း( စားပွဲတင်)
-ကြက်သွန်ဖြူ ၃မွှာ ( ဓားပြားရိုက်ပြီး)
-ငရုတ်ပွသီး ၅၀ ဂရမ် ( လှီးထား)
-ကြက်သွန်မြိတ် ၁ချောင်း ( လက်တဆစ်ခန့်လှီးထား)
-ပဲငံပြာရည်အကြည် ၂ဇွန်း( စားပွဲတင်)
-ပဲငံပြာရည်အနောက် ၂ဇွန်း( စားပွဲတင်)
-ဆားနဲနဲ၊ ကြက်သားမှုန့် ၁ဇွန်း( စားပွဲတင်)
အမဲသားလေးများကို လက်၂စစ်ခန့်အပြားလေးများတုံးထားပါ။ ဟင်းချက်ဝိုင်၁ဇွန်း၊ ဂျင်း၊ဆားနဲနဲ၊ ကြက်သားမှုန့်များနယ်ထားပါ။ ဒယ်အိုးထဲတွင် ဆီအနဲငယ်ထဲ့ကာ အသားများကို ပဲငံပြာရည်အကြည်၊ အနောက် ၁ဇွန်းစီထဲ့ပြီးနူးသည်အထိ ပြုတ်ကြော် ကြော်ပေးပါ။ အသားနူးရင် ခွက်တခွက်ထဲတွင် ဖယ်ထားပေးပါ။
Sizzling plate ကိုစပြီး မီးဖိုပေါ်မှာအပူပေးထားပါ။
တချိန်ထဲမှာ အခြားဖိုပေါ်မှာ ဒယ်ပေါ်တွင် ဆီအနဲငယ်ဖြင့် ကြက်သွန်နီ၊ ဖြူ ဆီသတ်ပါ။ ကြက်သွန်ကျက်ရင် ငရုတ်ပွသီး များကိုထဲ့ကြော်ပါ။ ပဲငံပြာရည်အကြည်၊ အနောက် ၁ဇွန်းစီ ဆားနဲနဲ၊ ကြက်သားမှုန့် နဲနဲထဲ့ ရေအနဲငယ်ဖြန်းကာ ကြော်ပါ။
ဖယ်ထားသော အသားများရောကာရေနဲနဲထဲ့ပြီး နောက်ဆုံးတွင် ကြက်သွန်မြိတ်များဖြူးပါ။ မီးအပြင်းထားပြီး၂မိနစ်ခန့်ဆက်ကြော်ပါ။
Sizzling plate ကို သစ်သားအောက်ခံပြားပေါ်ပြန်တင်လိုက်ပါ။
ကြော်ထားသောအဆာပလာ များကိုSizzling plate ပေါ်လောင်းထဲ့လိုက်ပါ။
တရှဲရှဲမြည်ကာ အငွေ့တထောင်းထောင်းထ နေသော Sizzling အမဲသားကြော် စားချင့်စဖွယ် ရပါပြီ။
ပုဇွန် နဲ့ tryကြည့်မယ်နော်…thanks par
ok tha ngae chin.