ပန်းသေးခေါက်ဆွဲ
၂၉လမ်းမှာ ကြီးရတဲ့သူပီပီ ကုလားစာအရမ်းကြိုက်ပါတယ်။ ပန်းဘဲတန်း ကရန်ကုန်မှာ ကုလားစာအပေါဆုံးပေါ့နော်။ လမ်း၃၀ ထိပ်က ရွှေထူးစားသောက်ဆိုင်က ပန်းသေးခေါက်ဆွဲ ကိုအိသက်တို့အိမ်မှာ ညနေ စာအဆာပြေစားချိန် ၇ရက်မှာ ၄ ရက်လောက် စားကြပါတယ်။ အဲဒီဆိုင်မှာ ဟိုးအိသက်တို့ ငယ်ငယ်က မိုးပျံခေါက်ဆွဲဆိုပြီးရောင်းပါတယ်။ ကြော်တဲ့လူကြီးက ခေါက်ဆွဲကြော်တိုင်း ငံပြာရည်ပုလင်းတို့ခေါက်ဆွဲတို့ကို လေထဲမှာမြောက်ပြီး ကစားပြီးကြော်ပါတယ်။ကြည့်လို့တော်တော်ကောင်းပါတယ်။ ဆိုင်ရှေ့လဲလူတွေဝိုင်းလို့ပေါ့၊ အဲဒီတုန်းက ပလက်ဖောင်းပေါ်မှာ အခုလိုလမ်းဘေးဈေးသည်တွေ အများကြီးမရှိသေးပါဘူး၊ အိသက်တို့ မောင်နှမ၂ယောက် ကတော်တော်ငယ်ပါသေးတယ်။ ၆နှစ် နဲ့ ၄နှစ်ပေါ့။ အမေ နဲ့ အဖေက လှည်းတန်း ဓနုဖြူဆိုင်ခွဲ စဖွင့်ကာစဆိုတော့ အလုပ်များလို့အမေနဲ့နေရတာတော်တော်ရှားပါတယ်။ အထိန်းကလဲ ဟိန္ဒူကုလားမကြီး နဲ့ နောက်အဖေ့ဘက်က အမျိုးတယောက် ယောက်ပေါ့။ သူဒို့နဲ့နေရတာများပါတယ်။ ကုလားမကြီးသမီးလို့တောင်ခေါ်ခံရလို့ ရှက်ခဲ့မိတယ်။ တကယ်တော့ အရမ်းကျေးဇူးရှိတာပါ။ အိသက်ကိုအရမ်းချစ်ပါတယ်။ ညနေတိုင်းလိုလို ဆူးလေ ဘုရားလိုက်ပို့ ဗန္ဓုလပန်းခြံလိုက်ပို့ပြီး လမ်းလျှောက်ပြန်လာလို့ ရွှေထူးဆိုင်ရှေ့ရောက်ရင် ပန်းသေးခေါက်ဆွဲစားချင်တယ် ပူဆာရော၊ အိမ်မပြန်ချင်သေးတာရယ်၊ ခေါက်ဆွဲကြော် ကြည့်ချင်တာရောပေါ့နော။ အဲဒီ ခေါက်ဆွဲလေး အမှတ်တရကြော်စားပါတယ်။ ပုလင်းတွေ ဘာတွေတော့ မီးဖိုထဲ မြောက်မကစားမိဘူး။ ကွဲကုန်မစိုးလို့။
ကြက်သားဟင်းပါဝင်ပစ္စည်းများ( ၄ယောက်စာ)
-ကြက်တကောင်( လေးပိုင်းပိုင်းထား)
-ကြက်သွန်နီ၁လုံး( ပါးပါးလှီးထား)၊ ဖြူ ၃မွှာ
-အရောင်တင်မှုန့် ၁ဇွန်း( စားပွဲတင်)
– ကြက်သားမှုန့် ၂ဇွန်း( စားပွဲတင်)
-ကရဝေးရွက် ၄ရွက်၊ သစ်ဂျပိုးခေါက် ၁ခေါက်၊ လေးညင်း ၃ပွင့်
-ဂရမ်းမဆလာ ၂ဇွန်း( စားပွဲတင်)
-မဆလာ ၂ဇွန်း(စားပွဲတင်)
-ပဲငံပြာရည်နောက် ၁ဇွန်း( စားပွဲတင်) ၊ ကြည် ၂ဇွန်း( စားပွဲတင်)
-သကြား၁ဇွန်း( စားပွဲတင်)
ကြက်သားကိုရေစင်စင်ဆေးပြီး ကြက်သားမှုန့်နဲ့နယ်ထားပါ။
ထုံးစံအတိုင်း ဆီများများနဲ့ကြက်သွန်နီ ဖြူ အရောင်တင်မှုန့် ၁ဇွန်း၊ ကရဝေးရွက် ၄ရွက်၊ သစ်ဂျပိုးခေါက် ၁ခေါက်၊ လေးညင်း ၃ပွင့် တို့နဲ့ဆီသတ်ပါ။
ကြက်သွန်ကျက်ပြီဆိုရင် ကြက်သားများကိုဂရမ်းမဆလာ ၂ဇွန်း၊ မဆလာ ၊ ပဲငံပြာရည်နောက် ၁ဇွန်း ၊ ကြည် ၂ဇွန်း၊ သကြား၁ဇွန်း ထဲ့ပြီး တော်တော်ကြာလုံးပါ။ အနံ့မွှေးလာပြီး ကြက်သားးလဲဒီလိုလေးအရောင်ပြောင်းပြီဆိုရင် ရေကြက်သားမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ထားပါ။
မီးအနေတော်ထားပါ။ ဆီပြန်ရေကျန်လေးမှာချထားပါ။
ခေါက်ဆွဲကြော်ရအောင်(လေးပွဲစာ)
-ခေါက်ဆွဲ 1 kg
-မုန်လာဥ နီ ၂လုံးအချောင်းလေးများခြစ်ထား
-ဂေါ်ဖီ ၁ထုတ် ပါးပါးလှီးထား
-ကြက်သွန်၁လုံးပါးပါးလှီးထား
-ပဲငံပြာရည်အနောက် ၁ဇွန်း( စားပွဲတင်)၊ ကြည် ၂ဇွန်း( စားပွဲတင်)
– ဂရမ်းမဆလာ ၁ဇွန်း( စားပွဲတင်)
-မဆလာ ၁ဇွန်း(စားပွဲတင်)
ခေါက်ဆွဲကြော်မဲ့အခါ ကြက်သားဟင်းထဲက ဆီကိုယူသုံးပါတယ်။ ကြက်သွန်ဆီသတ်ပြီး ဂေါ်ဖီ၊ မုန်လာဥနီ တို့ကြော်ပါ။ ခေါက်ဆွဲ ထဲ့ပါ။ ပဲငံပြာရည်အနောက် ၁ဇွန်း၊ ကြည် ၂ဇွန်း၊ မဆလာ များ၊ ကြက်သားမှုန့်၁ဇွန်း၊ ငံပြာရည် ၁ဇွန်းတို့ထဲ့ပါ။ ခေါက်ဆွဲနူးစေရန် ရေအစား ကြက်သားဟင်းအရည်များထဲ့ကြော်ပါ။ ခေါက်ဆွဲနူးရင်ရပါပြီ။
ကြက်သားဟင်းကဆီနဲ့ အနှစ်နဲနဲကိုဒယ်အပြားထဲ ထဲ့ကာ ခလောက်ထားသောကြက်ဥကိုကြော်ပြီးတွဲစားပါ။ အိသက်အမျိုးသားအတွက်တော့သူကြိုက်တဲ့ half boil ကြော်ပဲကြော်ပေးပါတယ်။
စားရန်ပြင်တဲ့အခါ ခေါက်ဆွဲများကိုပန်းကန်ထဲ ထဲ့ပြီးကြက်ဥကြော်, ကြက်သားတုံးနဲ့အတူ ဟင်းအနှစ်များကို ရွှဲရွှဲလေးဆမ်းပေးပါ။အစပ်ကြိုက်ရင်ငရုတ်သီးမှုန့်ဖြူးပြီးစားပါ။
ကြက်သွန်ချဉ်
-ကြက်သွန်၁လုံးပါးပါးလှီးထား
-ငရုတ်သီးစိမ်း၂တောင့်
-သခွါးသီးခြစ်ပြီးသားနဲနဲ
-သံပုရာသီး၁ခြမ်း
-ကြက်သားမှုန့်၁ဇွန်း( စားပွဲတင်)
အထက်ပါများရောမွှေလိုက်ရင်ရပါပြီ။ ( ပူစီနံ နဲ့ရောစားလဲကောင်းပါတယ်)
Thanks so much for sharing the recipe. I LOVE Pan Thay Noodle. 🙂
welcome :))
my favourite myanmar food resturant is DA NUTE PHYU.glad to read ur cooking blog.
Thank u so much for being our customer.
ညီမလေး အိ ရေ။ ချက်စားပီးပီသိလား။အရမ်းကောင်း အရမ်းပျော်ပီး အရမ်းကျေးဇူးတင်ပါတယ်နော်။
welcome ma yay. I am so happy that you like it. Thanks a lots for letting me know back.
အခုမှာတွေ့ တော့တယ် arigato
🙂
ဂရမ်းမဆလာ ၂ဇွန်း၊ မဆလာ ဘါကွာလဲဟင်? ကုလားလေး မဆလာပဲသိ တယ်။
ပြီးခဲ့တဲ့၂၇က်လောက်က မင်းမင်းအေး ၇ဲ့ အိသက်နည်းနဲ့ကြော်ထားတဲ့ပန်းသေးခေါက်ဆွဲကြော်တွေ့လို့..ဒီထဲဝင်ရှာလိုက်တာ ခုတော့တွေ့ပြီ..အ၇မ်းကောင်းတဲ့နည်းလေး အိသက်ေ၇..မကြာမီကြော်ပါအုံ့းမည်…
မရေ တပုံစံတည်းထွက်တယ် သိလာ: လုပ်စားကြည့်နော် 🙂
မအိသက် ဂရမ်းမဆလာ ဆိုတာ ဘာကိုပြောတာလဲဟင်…တကယ်မသိလို့ပါ….အမ အချိန်ရှိရင်ဖြေပေးပါလားဟင်…ရန်ကုန် ဘယ်မှာဝယ်လို့ ရတယ်ဆိုတာကိုပါ ပြောပြပေးပါလား အမရယ်
i think AYAM CURRY POWDER …………. ၂၇ လမ်းမှာဝယ်လို.ရပါတယ်. ကျေးဇူးပါဗျ
မလေးရှားမဆာလာလို. လဲခေါ်ပါသေးတယ်ဗျ။