မကျည်းရွက်ချဉ်ရည်ဟင်း
အုန်းထမင်းအုန်းထမင်း၊ ထောပတ်ထမင်း နဲ့ကြက်သားဟင်းချက်မိလို့သွေးမတိုးအောင် မကျည်းရွက်ချဉ်ရည်ဟင်းလေးချက်ရပါတယ်။ ဒီမှာက မကျည်းရွက်လတ်လတ်ဆတ်ဆတ် မရဘူးဆိုတော့ ထိုင်းဆိုင်က ပုလင်းနဲ့ရောင်းတာလေးဝယ်ရပါတယ်။ဘာပဲဖြစ်ဖြစ် စားလို့တော့ရနေသေးတယ်လေနော်။ အရွက်လေးတွေတော့တော်တော် ချွေယူရတယ်။ အရိုးများလို့။ ဒါပေမဲ့တော်တော်နုတယ်။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
-မကျည်းရွက်လေးများ
-မကျည်းရေနဲနဲ
-ငပိနဲနဲ ရေဖျော်ပြီး
-ဆား၊ ကြက်သားမှုန့်၊ငံပြာရည်
-ကြက်သွန်နီ၊ ဖြူ
-ပုဇွန်ကျားနဲနဲ
ကြက်သွန်နီ၊ ဖြူ ကိုဆီသတ်ပြီး ပုဇွန်ထဲ့လုံးပါ။
မကျည်းရွက်ထဲ့လုံးပြီး ရေလိုသလောက်ထဲ့ပါ။
ရေဆူလာရင်မကျည်းရေနဲနဲ၊ ငပိရေဖျောထဲ့ပါ။
ဆား၊ ကြက်သားမှုန့်၊ငံပြာရည် လိုသလောက်ထဲ့ပါ။ ဆူပွက်လာရင်အဆင်သင့်ဖြစ်ပါပြီ။
ဘယ်ထိုင်းဆိုင် က၇လာတာလဲဟင်?
(ပုလင်း)ပုံနမူနာလေးနဲ့..တကွ သိပါ၇စေလားနော်
thanks 🙂
i will do it now.