အုန်းထမင်း၊ ထောပတ်ထမင်း နဲ့ကြက်သားဟင်း
ထုံးစံအတိုင်းအမျိုးသားက အဲဒီနေ့မှာရှောင်တခင်အိမ်ကို နောက်နေ့ညနေဧည့်သည်ဖိတ်လာကြောင်းည ၁၂ နာရီ မှပြောပါတယ်၊ ကြိုမပြောသည့်အတွတ်စိတ်ဆိုးလို့မရပါ။ မိန်းမ ဟင်းချက်ကောင်းကြောင်းကြွားရင်းဖိတ်ဖြစ်ပါသည်ဆိုတော့လဲ။နောက်နေ့မနက်အိမ်မှာရှိပြီးသားကြက်၂ကောင် နဲ့ အုန်းထမင်းချက်ဖို့လုပ်ရပါတယ်။အဲဒီနေ့ကအလုပ်ကလဲ ၄နာရီသွားစာ သွားလုပ်ရမယ်ဆိုတော့ ၁၂မထိုးခင်အပြီးချက်ရပါတယ်။ သူကတော့အားရက်လေ။ အုန်းထမင်း နဲ့ ကြက်သားချက်ပါတယ်။ အုန်းနို့ပါမယ်ဆိုတော့ သွေးတိုးလေးထိန်းအောင် မကျည်းရွက်ချဉ်ရည်လေးလုပ်ထားပါတယ်။အိသက်ကညနေမှာအလုပ်ကပြန်မှထောပတ်ထမင်းထပ်ချက်ပါတယ်။ ကြည့်ကြမယ်နော်။
ကြက်သားဟင်းပါဝင်ပစ္စည်းများ (၅ယောက်စာ)
– ကြက်၂ကောင် (၁ကောင်ကို ၈တုံးရအောင်တုံးပါ)
-ဆား၊ ကြက်သားမှုန့်
-အရောင်တင်မှုန့် ၁ဇွန်း(စားပွဲတင်)
-မဆလာ ၁ဇွန်း
-ပျဉ်းတော်သိမ် လေးရွက် curry leave
-လေးညင်း ၄ပွင့်, clove
-ကြက်သွန်နီ ၂လုံး၊ ဖြူ ၅မွာ ( ထောင်းပြီး)
ကြက်သားကို ဆား၊ ကြက်သားမှုန့်တို့နဲ့နယ်ထားပါ။
ကြက်သွန်ထောင်းပြီးသားတွေကိုအရောင်တင်မှုန့် ၊ဆား၊ ကြက်သားမှုန့်၊ပျဉ်းတော်သိမ် လေးရွက်၊ လေးညင်း ၄ပွင့် တို့နဲ့ဆီသတ်ပါ။ ထုံးစံအတိုင်း ရွှေဝါရောင်သန်းရင် ကြက်သားရောပြီး ကြာကြာလုံးပေးပါ(အသားထဲအရသာဝင်အောင်)။ကြက်သားလေးများအပြင်အရောင်လေးများပြောင်းလာရင် ရေ နဲနဲထဲ့ပြီး မီးအနေတော်နဲ့အဖုံအုပ်ထားပါ။ မဆလာခတ်ပါ။
ဆီပြန်လာရင်မီးပိတ်ထားလိုက်ပါ။ မဆလာနံ့သင်းသောကြက်သားဟင်းရပါပြီ။
ငရုတ်သီးခြောက်လေးများကြော်ထားပါ။( တွဲစားရန်)
အုန်းထမင်းချက်ရန်( ၅ယောက်စာအချိုး) အိသက်ကညနေမှာထောပတ်ထမင်းမို့ ၃ယောက်စာချက်ပါတယ်
-ဆန် (၅ဘူး) ထမင်းပေါင်းအိုးရဲ့ဆန်ချိန်ခွက်
-အုန်းနို့ ၂ဘူး
-သကြား ၄ဇွန်း( စတပ)
– ဆား ၂ဇွန်း
– ကြက်သွန်ဥနီအသေးလေးများလိုသလောက်
– ဆီ ၃ဇွန်း
ပေါင်းအိုးထဲကို ဆီထဲ့ ကြက်သွန်ဥထဲ့ သကြား၊ ဆား၊ ဆန်ဆေးပြီးသားထဲ့ပါ။ ပြီးရင် အုန်းနို့နဲ့ရေအပါအဝင် အိုးထဲရှိရေအမှတ် ၅ခွဲထားထဲ့ပါ။ ထမင်းချက်သည့်အတိုင်းချက်ပါ။ ကျတ်ရင်အနဲငယ်ဖွပေးပြီး ရပါပြီ။
သခွါးသီးချဉ်
-မုန်လာဥနီခြစ်ထားပြီး
-သခွါးသီးခြစ်ထားပြီး
-ဒိန်ချဉ် ၂ဇွန်း
-ငရုတ်သီးတတောင့်
-ပူစီနံ နဲနဲ
-ဆား၊ ကြက်သားမှုန့်
အဲဒါလေးတွေရောပါ။ သခွါးချဉ်ရပါပြီ။
ညနေချက်သော ထောပတ်ထမင်း
– ဆန်( ၅ဘူး)
– ဆား၊ ကြက်သားမှုန့်
-သီးစုံ( မုန်လာဥနီ၊ ပဲစိမ်း)
-သီဟိုဠ်စေ့၊ စပျစ်သီးခြောက်
-သစ်ဂျပိုး၁ခေါက် cinnamon bark၊ ပျဉ်တော်သိမ် ၄ရွက်၊ဖာလာစေ့ ၄-၅ စေ့ cardamon ၊ လေးညင်း ၅ပွင့်
-ထောပတ် ၁၅၀ဂရမ်
ပေါင်းအိုးထဲမှာပဲ ထောပတ်ပျော်ရင်သစ်ဂျပိုး၁ခေါက်၊ ပျဉ်တော်သိမ် ၄ရွက်၊ဖာလာစေ့ ၄-၅ စေ့၊ လေးညင်း ၅ပွင့် တို့ကိုအပူပေးပါ။ ပြီးရင် ရေဆေးပြီးဆန်များကိုထဲ့ ဆား၊ ကြက်သားမှုန့်,အသီး၊သီဟိုဠ်စေ့၊ စပျစ်သီးခြောက် တို့ထဲပါ။ ရေကို အမှတ်၅ကျော်ရုံလေးထဲ့ပါတယ် နဲနဲမွှေပေးပြီး ထမင်းချက်သလိုချက်လိုက်ပါ။ ကျတ်ရင် ထောပတ်နံ့အလွန်မွှေးသော ထောပတ်ထမင်းပူပူလေးရပါပြီ။
ကျေးဇူးဘဲ သူငယ်ချင်းလေးေ၇။စမ်းကြည့်အုံးမယ်နော်။
ok tha nge chin lay.
ဟင်းချက်နည်းတွေအတွက် ကျေးဇူးအထူးတင်ပါတယ် မအိသက် ..
အမ ရေ အုန်းနို့ ၂ဘူး ဆိုတာ ဘယ်လို ၂ဘူး ကို ပြောတာလဲဟင်..ပြီးတော့ creamဘူးလား / အရေကြဲဘူး ကိုသုံးတာလား သိပါရစေ။ ကျေးဇူးတင်ပါတယ်.
အရေကြဲဘူး par 🙂
ထောပတ်ကို ရေဘယ်လောက်နဲ့ကြိုရမှာလဲ…ပြီးတော့ရေဆေးပြီးဆန်ထည့်ပြီးရင်ကော ရေထည့်ရဦးမှာလား
ထောပတ် ၁၅၀ ဂရမ် ရေကို အမှတ်၅ကျော်ရုံလေးထဲ့ပါတယ် :)|
Eithet yay, I cooked butter rice with chicken curry for 20 people. Everybody liked it and ate a lot. Thank you so much for your delicious recipe.
Wow! I am so happy that u used my method and told me back , thank you 🙂
အမရေ ကျွန်မကတော့ အမနည်းအတိုင်း လူ ၁၀၀ စာချက်မယ်။ လာမဲ့ ၁၉ ရက်နေ့မှာပေါ့။အဲလောက်အမျာကြီး ဒါပထမဆုံးပဲ။ အိမ်မှာ ၂ ယေက်စာကတော့ အမနည်းအတိုင်းခဏခဏ ချက်စားဖြစ်တယ်။( Thanks for yur recipe naw ….) 🙂