ပါဆယ်ထုတ်လေး
အိသက် အမျိုးသားအရမ်းကြိုက်တဲ့ ဟင်းလေးပါ။ စားချင်စဖွယ်ပြင်ဆင်ထားပြီးအရသာလဲအလွန်ရှိသော ဟင်းတမျိုးပါ။ ဧည့်သည်လာရင်တည်ခင်းဧည့်ခံရန် အကောင်းဆုံးနဲ့လွယ်ကူတဲ့ဟင်းတမျိုးပါနော်။ ကြည့်ရအောင်
ပါဝင်ပစ္စည်းများ( တပွဲစာ )
-ဝက်သားဓနုတ်ပေါက်၂၀၀ ဂရမ်
– ကြက်ဥ ၄လုံး
– ကော်မှုန့်၁ဇွန်း(စားပွဲတင်) Corn flour
-ဆား၊ ကြက်သားမှုန့်၊ဂျင်း
-တရုတ်နံနံ အနဲငယ်
-ငရုတ်သီးအနီ ၁တောင့်
– Japanese soy sauce
ပထမဆုံး ဝက်သားကို ကြက်ဥ၁လုံး၊ ကော်မှုန့်၁ဇွန်း(စားပွဲတင်)၊ ဆား၊ ကြက်သားမှုန့်၊ ဂျင်း တို့နဲ့နယ်ထားပါ။
ပြီးရင်ဒီလိုအပြားလေးများလုပ်ပြီးကြော်ပါ။ ဆီစစ်ထားပါ။
ပြီးရင်ကြက်ဥကိုခလောက်ပြီး အပေါက်ပါတဲ့ပုလင်းလေးထဲ ထဲ့ပါ။
ဒယ်ကိုဆီသုတ်အပူပေးပြီး ကြက်ဥရည်များကို ပုံပါအတိုင်း လောင်းပေးပါ။
ကျွတ်လာရင် ဇွန်းပြားနဲ့ ယူပြီး ပန်းကန်တခုပေါ်တင်ပါ။ အလယ်တွင်တရုတ်နံနံ အရွက်လေးတင်ပါ ၊ အပေါ်မှ ကြော်ပြီးသား ဝက်သားကြော်လေးတင်ပြီး ကြက်ဥကြော်လေးနဲ့ပတ်လိုက်ပါ။ ထိုနည်းအတိုင်း နောက်ထပ်လုပ်ပြီး ပုံပါအတိုင်း ပန်းကန်ပေါ်ပြင်ပါ။ ငရုတ်သီးအနီ လှီးပြီးသားလေးများဖြူးပါ။
soy sauce လေးနဲ့တွဲစားပါ။ အလွန်အရသာရှိပါသည်။
OMG!!! very very..great chef …ပါပဲလား ညီမရေ..
တော်လိုက်တာ..
ကျေးဇူးပါနော် 🙂
ချစ်စရာလေး … စိတ်ကူးကောင်းတယ် ….:)
ကျေးဇူးပါမရယ် 🙂
အရမ်းကို creative ဖြစ်တာပဲ အိသက်က
Thank you evy, lv u..
chit sa yar lay,,,,i will try to make it …thx,ma yay
thank u nyi ma lay.
so creative mama … 🙂 … u r awesome
thank you nyi ma lay yay 🙂
So lovely. Ei
ma yay ta yote nan nan ko bae mar buy loe ya lae please pyaw pya pay par …
nyi ma , if u r in england u cam buy from anywhere. it is called parsley 🙂
thanks ma