၁၂မျိုးဟင်းချို



၁၂မျိုးဟင်းချိုဆို အသားအရွက် ၁၂မျိုးနဲ့ရောချက်ထားတာကိုဆိုလိုပါတယ်။ ဒီနေ့ တော့အိမ်မှာ အဲဒီဟင်းချိုလေးချက်ပါတယ်။ကြည့်ရအောင်နော်။


ပါဝင်ပစ္စည်းများ
၁- ဝက်နံရိုး ၂၀၀ ဂရမ် (တုံးပြီး)
၂-ကြက်အသဲ ၅၀ ဂရမ်
၃-ငုံးဥ ( ကြိုက်သလောက်)
၎-ငါးဖယ်လုံး၈လုံး
၅-ပဲပြား
၆-ဘိုစားပဲပြား
၇-ပြောင်းသူငယ်
၈-ပန်းဂေါ်ဖီ
၉-မုန်လာဥနီ
၁၀-မုန်ညင်းဖြူ
၁၁-ခရမ်းချဉ်သီး
၁၂-ဂေါ်ဖီထုပ်
-ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၃မွာ၊ ငရုတ်ကောင်း၊ ပဲငံပြာရေ ၁ဇွန်း(စပတ)
ဝက်နံရိုးကို ဂျင်းထဲ့ပြီးပထမရေ3 လီတာဖြင့်ပြုတ်ပါ။

အသားများနူးပြီဆိုရင်ကြက်သဲမြစ် ထဲ့ပါ။ ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ပဲငံပြာရေထဲ့ပါ။ ရေပြန်ဆူလာရင် ငုံးဥပြုတ်၊ ငါးဖယ်တို့ထဲ့ပါ။ ပြီးမှ ပဲပြား၊ အသီးအရွက်များထဲ့ပါ။

  


( ကြက်ဥထဲ့ချင်ရင်ခလောက်ပြီး ဖြေးဖြေးချင်းလောင်းထဲ့ပါ)

ဆူပွက်လာရင်အရသာမြည်းပြီးပူပူနွေးနွေးဖြင့် တည်ခင်း၍ရပါပြီ။

ဝက်နံရိုး (တုံးပြီး)၊ ကြက်အသဲ၊ ငုံးဥ၊ ငါးဖယ်လုံး၈လုံး၊ ပဲပြား၊ ဘိုစားပဲပြား၊ ပြောင်းသူငယ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ မုန်ညင်းဖြူ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် တို့ဖြင့်စီမံထားသည့် ၁၂မျိုးဟင်းချိုရပါပြီ၊ ဝက်အစား ကြက်ရိုး သုံးလို့ရပါတယ်၊

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s