ငါးဖယ်ချဉ် (ခ) ပုဇွန်ချဉ်လုပ်နည်း
အိသက် သားအကြီးက ပုဇွန်ချဉ်အရမ်း ကြိုက်ပါတယ်။ ပုံမှန်ပုဇွန်ချဉ် လန်ဒန်အိမ်မှာလုပ်စားဖြစ်တယ်။ ဒါကို လန်ဒန် လာလည်သွားတဲ့ သူ့အဖွား ဒေါ်သဲသဲလှုပ်များက ပုဇွန်ချဉ် ပါပို့တဲ့ဇာတ်လမ်းစပါတယ်။ ကိုထက်မေမေက ဝါးခယ်မကပါ။ ပုဇွန်ချဉ် နံမည်ကြီးသောဒေသပေါ့။ ကိုထက်မေမေက ဝါးခယ်မကပုဇွန်ချဉ်ဒိုင်ကိုရှယ်အောဒါမှာ ချဉ်ပြီးပြီးချင်း ရန်ကုန်ကိုပို့ခိုင်းပါတယ်။ ကျမတို့ ဓနုဖြူဆိုင်( လှည်းတန်း- အင်းစိန်) ဆိုင်မှာလဲအဲဒီပုဇွန်ချဉ်ပဲသုံးတာပါ( ဒါကကြောငြာ) တနင်္လာမနက်စောစော ကားဂိတ်ကသွားယူ ကျမမေမေက ကျန်သူပို့ချင်သော ပစ္စည်းများနဲ့ မနက်၁၂နာရီမကျော်ခင်EMS က ပို့ရင်ဒီကို ဗုဒ္ဓဟူးမနက်ရောက်ပါတယ်။တခါပို့ရင်၈ပိဿာပို့ပါတယ်။ လမ်းမှာချဉ်ခိုင်းလိုက်တာပေါ့။ တခါတရံ မချဉ်သေးပဲရောက်လာတတ်ပါတယ်။ ဒါမျိုးဆိုရောက်ပြီး ၂ ရက်လောက်မှပြန်ဖြေကြည့်ရပါတယ်။သားစားပုံကို သိတဲ့ အိသက် မိတ်ဆွေများကဆိုတော်တော် အံဩပါတယ်။ ပုဇွန်ချဉ်အစိမ်းအတုံးလေးများ၊ သရက်သီးစိမ်း အတုံးလေးများကို ချဉ်ရည်ဟင်း(@) ဟင်းချိုနဲ့ နယ်ပေးလိုက်ရင်တော်တော်စားပါတယ်။ အိသက်ကိုယ်တိုင်ကလဲ အချဉ်ကြိုက်လို့ ကလေး၂ရောက်လုံး သရက်သီးစိမ်းကြိုက်ပါတယ်။အငယ်မလေးကတော့ ပုဇွန်ချဉ် မစားပါ။ (အသားမစားပါ)။ ခုအိမ်မှာ ပုဇွန်ချဉ် ပြတ်သွားလို့ ရန်ကုန်မှာလဲကိုထက်မေမေ မအားလို့ ကျမသားရဲ့ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရပါတယ်။ ကျမ ငါးဖယ် ချဉ်ပါမယ်နော်။ လုပ်နည်းတူတူပါပဲနော်။
ပါဝင်ပစ္စည်းများ
– ငါးဖယ် ၅၀၀ ဂရမ်
-ဆား ၁၅၀ ဂရမ်( ဆားများမှချဉ်ပါမယ်၊ချဉ်သွားရင် မငံပါဘူးနော်)
nam ပေါင်ဒါကိုဆားအစားသုံးရင်၂ရက်အတွင်းချဉ်ပါမယ်။ကျမက သားအစိမ်းအတိုင်းစားမှာမို့ ယမ်းမသုံးချဉ်လို့ပါ။
-ထမင်းကြမ်း လက်၂ဆုတ်စာ( ထမင်းရိုးရိုးလဲရပါတယ်)
ထမင်းကြမ်း လက်တဆုတ်ခွဲစာကိုပြဲနေအောင် ချေလိုက်ပါ။
ပြီးရင် ငါးဖယ်ထဲကို ဆားထဲ့ ချေထားသောထမင်းကြမ်း ထဲ့ပြီးနယ်ပါ။ ရိုးရိုး ငါးဖယ်စီးအောင်ပေါက်သလို ပေါက်ပါ(သို့) စီးသည်အထိနယ်ပါ။
ငါးဖယ်စီးလာရင် အိတ်ထဲ ထဲ့ပြီးကျစ်နေအောင်စည်းပါ။ ပြီးရင် အောက်က ဗန်းခံ အပေါ်က ပန်းကန်မှောက်ပြီး ငါးဖယ်ချဉ်လောင်းထုပ်လေးကိုတင်ပြီး အလေးတခုနဲ့ဖိထားလိုက်ပါ။မီးဖိုထဲက အပူချိန်အများဆုံးနေရာလေးမှာထားပါ။ ၃ရက်လောက်ဆိုရင် အိတ်ထဲမှာ အရည်လေးများ ထွတ်နေပါမယ်။အဲဒီအခါမှအပေါက်လေးများဖောက်ပေးပါ။ အရည်လေးများ ဗန်းထဲသို့ကျနေတာတွေ့ရပါမယ်။
ပန်းကန်မပါလဲအဲလို သံဇကာ နဲ့အောက်ကဗန်းခံလို့ရပါတယ်
အရည်ကျပြီးနောက် ၂ရက်လောက်ဆိုချဉ်ပါပြီ။အရောင်လေးလဲပန်ရောင်ဖျောဖျောဖြစ်နေပါပြီ။အထုပ်လေးကို တို့ကြည့်ပါ။ ထုတ်ထုတ်လေးဖြစ်နေပြီဆိုရင် အသားမြည်းကြည့်ပါ။
အချဉ်အနေအထားစိတ်ကြိုက်ဖြစ်ရင် အဆင်သင့်ဖြစ်ပါပြီ။ရာသီဥတု အပူအအေးပေါ်မူတည်ပြီး ၅ရက်ကနေ ၇ရက်ကြာတတ်ပါတယ်။
အဆင်ပြေကြပါစေရှင်။
ချဉ်သွားရင် ဘူးတဘူးထဲထဲ့ပြီး ဆီမြုတ်အောင်ထဲ့ထားလိုက်ပါ။ အကြာကြီးခံပါတယ်
Thank you Ei Thet, i like very much Nga chin!!! 😉
Thank u for watching U.
မအိသက်..ပုဇွန်ဆိုရင်လည်းဒီတိုင်းဘဲပေါ့နော်။မအိသက်ကိုလုပ်နည်းမေးမလို့အခုအတော်ဘဲဖြစ်သွားတယ်။ကျေးဇူးတင်ပါတယ်။
yes. there r same method but chop the prawn if u dont want to do with whole prawns. thank u.
Can I use food color if I want to add it. Please, I need your advice & tell me detail. Thank you.
Yes you can, a bit of food colour (red) would do the job, dilute with water and you will get your favourite colour.
Ma Eithet, thank you par naw. I don’t like nam powder too because of the smell. Your recipe is really great.
Thank u sis.
Ma Ei Thet,
Where can i buy the Nam powder?
You can buy nam powder from any chinese shop or thai shop.
Thank you so much.
Welcome par 🙂
မအိသက်ရေ၊
အမသုံးတဲ့ ငါးဖယ် ကဘာငါးဖယ်လဲမသိဘူး၊ လန်ဒန်မှာငါးဖယ်အစစ်ရှိသလားဟင်?
ညီမသုံးတဲ့ငါးဖယ်ကဗီယန်နန်ကလာတဲ့ ရယ်ဒီမိတ်မို့လားတော့မသိဘူး၊ မဖြစ်ဘူး အမရယ်။
ဒါပေမဲ့ စိတ်မလျော့ပါဘူး။ ပုစွန်ကိုစမ်းကြည့်အုန်းမယ်။တကယ်လို့ nan powderကိုသုံးမယ်ဆိုရင်ဘယ်လိုအချိုးအစားထဲ့ပြီးလုပ်ရမလဲဆိုတာလုပ်နည်းလေးပြောပြပါဦးအမရေ…
ကျေးဇူးအများကြီးတင်ပါတယ်။
Emma yay .
i can get the real one here. yes , try with prawn if u will use 1 kg add with i package of nam powder and i hand full of warm rice.
မအိသက်ရေ- ငါးဖယ်ချဉ်ကထွက်လာတဲ့အရည်ကို အိတ်ဖောက်၊ အလေးတုံးဖိပြီး ဖောက်ချ၊ နောက်၃ ရက်လောက်ကို အဲဒီအိတ်ပေါက်နဲ့ပဲ ဆက်ထားတာလားဟင်။
နောက်ပြီး မြန်မာပြည်ကပို.လိုက်တဲ့ ပုဇွန်ချည်တွေက လမ်းမှာအချည်ဖောက်လာတာဆိုတော့ အဲဒီအိတ်တွေထဲမှာလဲ အရည်တွေရှိနေမှာပေါ့။ အဲဒီအရည်တွေကို ဘယ်လိုလုပ်လဲဟင်… အစဉ်ပြေရင် ပြောပြပေးပါဦးနော်…
ဟုတ်တယ် အဲဒီအိတ်နဲ့ပဲ။ မြန်မာပြည်က ပို့ရင်ဖတ်နဲ့ ရောက်လာတာ။ လေလုံတဲ့ဘူးထဲ ထဲ့ပေးလိုက်တာလေ ။ ဒီရောက်ရင် ရေ သွန်ပြစ်ပေါ့။ အများကြီးမ ထွက်နေပါဘူး။ 🙂
eithet! Please tell me why I make ပုဇွန်ချည်Is not hard ,Already 3 day Like a soft as first day? Thank a lot!
သေချာကျစ်နေအောင် ချည်ရမယ်နော်။ ရာသီဥတု မပူရင်လဲချဉ်တာ ကြာတယ်။ ၄ ၅ရက်တော့စောင့်ကြည့်ပါ 🙂
Thank! eithet
Ma That, thank you for your kind informations.
welcome 🙂
ကျေးဇူး အိသက်ရေ—— မသိတာ မတတ်တာလေးတွေ သိရလို့နော် 🙂
hote ma 🙂
အမ ငါးဖယ်အစစ်ကို ဘယ်က၀ယ်လို့ရပါသလဲရှင်.. ကျေးဇူးပြုပြီးဖြေပေးပါနော်
u can get them from shedwell 🙂
တွေ့ပြီ အိသက်ရေ ဖတ်ကြည့်လိုက်မယ် ကျေးဇူး 🙂
🙂
ကျေးဇူးတင်ပါတယ်။ကျွန်တော်စမ်းလုပ်ကြည့်လိုက်အုံးမယ်နော်။အဆင်မပြေရင် ကူညီပါအုံး
hote kae par 🙂
အစ်မရေ ကျေးဇူးပြုပြီး Nam power ထုပ်ပုံလေးပြပေးလို့ရမလားဟင်
https://www.google.co.uk/search?q=nam+powder&hl=en&tbm=isch&tbo=u&source=univ&sa=X&ei=eGJ0UcSsFKWm0QWA-YHYBw&ved=0CDAQsAQ&biw=1525&bih=652
မအိသက်ရေ…
ဇာခြည် ငါးဖယ်ချဉ်လုပ်တာလေ ခု၅ရက်မြောက်ရှိပီ အရည်လဲ ဖောက်ထုတ်ပီးပီ ခုထိ ထုတ်ထုတ်လေးလဲ မဖြစ်သေးဘူး ..စင်ကာပူမှာလဲ ပူရဲ့သားနဲ့….ဘာများလိုနေလို့လဲမသိဘူးနော်..အဟီး ကျွမ်းကျင်ချက်..:P
ဇာခြည် ရေ အထုတ်က တင်းတင်းလေး ထုတ်ထားရဲ့ အပေါ်က အလေးဖိတာကလဲ အောက်က အထုတ်ကို ပိပြီးလေးနေမှ ကျစ်လာမယ်နော် ညီမ ဆားနဲ့ချဉ်တာဆိုရင်တော့ နဲနဲကြာတတ်ပါတယ်။ Nam powder နဲ့ဆိုရင် ချဉ်သင့်ပြီ 🙂
စမ်းလုပ်ကြည့်နေပါတယ်
မာကျစ်ပါမလား စိတ်ပူတယ်
အထုတ်က တင်းတင်းလေး ထုတ်ထားရဲ့ အပေါ်က အလေးဖိတာကလဲ အောက်က အထုတ်ကို ပိပြီးလေးနေမှ ကျစ်လာမယ်နော် ညီမ ဆားနဲ့ချဉ်တာဆိုရင်တော့ နဲနဲကြာတတ်ပါတယ်။ Nam powder နဲ့ဆိုရင် ချဉ်သင့်ပြီ
sunday ကလုပ်ထားတာ wednesday မှာ နဲနဲစားကြည့်တော့ ဆားရဲ့ အငံဘဲရနေတယ် မချဉ်သေးဘူး ဆားနဲ့ လုပ်ရင် ဘယ်နှစ်ရက်မှ ချင်မလဲ
5-6 days it depend on the weather . if the weather is hot it will be quick 🙂