ရွှေကြည်ဆနွမ်းမကင်း
ကိုထက်မေမေ ၂၀၀၆မှာလန်ဒန်လာတုန်းကသင်ပေးခဲ့တဲ့နည်းလေးပါ။ အရမ်းကောင်းလို့ တော်တော်ကြိုက်ပါတယ်။ ခဏ ခဏလုပ်စားဖြစ်တယ်။ ဘုန်းကြီးလဲကပ်ပါတယ်။ ကိုထက်မေမေက စပျစ်သီးခြောက်လေးတွေ အလွန်ကြိုက်ပါတယ်။ ဒါကြောင့် ထဲ့တာပါ။ ပုံမှန် ဆနွမ်းမကင်းတွေကတော့ ရိုးရိုး အလွတ်ထိုးကြပါတယ်။ ကြိုက်နှစ်သက်သလို လုပ်စားနိုင် ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ( ၁၀” ၈” ၃” မုန့်ဗန်း)
-ရွှေကြည်မှုန့်၄၀၀ ဂရမ်( semolina powder) ခပ်ကြမ်းကြမ်းအမှုန့်ဆိုပိုကောင်းပါတယ်။
-သကြား ၂၀၀ ဂရမ်
-ကြက်ဥ လေးလုံး
-ထောပတ် ၁၀၀ ဂရမ်
-ဆီ ၂၅ ဂရမ်
-ဆားအနဲငယ်
-ဘိန်းစေ့ နဲနဲ(poppy)၊ စပျစ်သီးခြောက်နဲနဲ
-အုန်းနို့ ၂ဘူးခွဲ( ၄၀၀ ဂရမ် ဘူး ၂ဘူး) ၈၀၀ မီလီလီတာ
ကြက်ဥများကိုဇလုံတခုထဲမှာ ထဲ့ပြီး ခပ်နာနာမွှေထားပါ။ ပထမဆုံးရွှေကြည်ကိုနီရောင်သန်းလာအောင်လှော်လိုက်ပါ။ မွှေးလာပါမယ်။ ရဲလာပါမယ်နော်။ နီရဲနေမှ မုန့်အရောင်လှပါတယ်ရှင်။
အိုးကြီးကြီးထဲတွင် ထောပတ် နဲ့ ဆီထဲ့ပြီးပူအောင်တည်ပါ။ ရွှေကြည်နဲ့ သကြား ထဲ့ပြီးမွှေပါ။ဆားလေးနဲနဲထဲ့ပါ.. အုန်းနို့ ၂ဘူးကို အနဲငယ်ချန်ထားကာ ထဲ့ပြီး အဆက်မပြက် မွှေပါ။ (ချန်ထားတာက နောင်တချိန်မုန့်သားမျက်နှာပြင်ပေါ်လောင်းရန်ဖြစ်ပါတယ်) ကြက်ဥ ခေါက်ပြီးသားများကိုထဲ့ပြီး မွှေပါ။
ရေ၁လီတာထဲ့ ပြီး အဆက်မပြက်မွှေနေရင်း မုန့်များလဲ ပွါးလာပါမယ်။ ရေနဲနဲစီထဲ့လိုက်မွှေလိုက်ဖြင့် တော်တော်ကြာမွှေပြီး မုန့်သားများအိုးမှာကပ်မနေတော့ဘဲ လုံးလာပြီး ဆီပြန်ပြီဆိုရင် မုန့်သား ကျက်ပြီဖြစ်ပါတယ်။
မီးပိတ်ပြီးတော့မှ စပျစ်သီးခြောက်များထဲ့မွှေပါတယ်။ မုန့်ဗန်းထဲကို ထောပတ်သုတ်ပြီး မုန့်သားများထဲ့ကာ မျက်နာပြင်ညှိပါ။
မျက်နာပြင်ပေါ်တွင် အုန်းနို့လောင်းပြီး ဘိန်းစေ့ကို မျက်နာပြင်အနှံ့ ဖြူးပြီး ၁၈၀ဒီဂရီ ဖြင့်အပေါ်မီးများများ အောက်မီးနဲနဲဖြင့်လေးဆယ့်ငါး မိနစ် ခန့်ဖုတ်ပါ။
ဓားအသေးတချောင်းဖြင့် မုန့်သားကိုထိုးကြည့်လို ဓားမှာ မုန့်သားများကပ်မပါလာတော့ရင်ရပါပြီ။ အခန်းအပူချိန်မှာအအေးခံကာ လှီးစိတ်စားသုံးနိုင်ပါပြီ။ မြန်မာမုန့်များ ဆနွမ်းမကင်းပုံ လှီးနည်းလေးပါ တင်ပြပေးလိုက်ပါတယ်။
Ko Htet’s mum visited us in 2006 when she showed me how to bake Semolina Cake. It was very nice and I liked it. I bake it very often. Also offer to the monks. Today, I’d like to offer this to the monks so I will bake it.
Contents
-400g of Semolina powder
-200g of sugar
-4 eggs
-100g of butter
-25g of oil
– a bit of salt
– a bit of poppy seeds and dried grapes
-2 and half cans of coconut milk
Dry fry the semolina until ti becomes brownish.
Heat the pot after putting butter and oil.
Mix the semolina and sugar and salt.
2 can of coconut milk is added and then mix continuously.
Mixed eggs are to put in and mix them up really strongly.
Add 1ltr of water and mix it continuously and the paste are not stick to the pot and becomes one good paste that means the oil is resurfaced. Switch off and add the dried grapes and mix it again.
Brush the baking tray with butter and add the semolina paste into it and level it out.
Pour the coconut milk on top and sprinkle the full surface with poppy seeds and bake it in the oven for 180 C with higher hear grill from above and minimum grill from the bottom for 45 minutes.
Once the cake is reddish then take it out from the oven and let it cool down and cut it your desired sizes and enjoy.
Ma,
Where should I find ရွှေကြည်မှုန့် in US? Please advice, Thanks in advance…
Best regards,
Li
I am in London. Anyway, i think u can find from indian grocery shop.
You can find it in indian shop and some of the asian shop, it called ” sooji” too. I hope u can find it.
please, Emma …simolina and sooji …the same right ?..
first of all, i am not Emma. 🙂 they r same yes.
ရွှေကြည်အမှုန့်ကို ဘယ်လိုခေါ်လဲအမ ပြီးတော့ဘယ်မှာဝယ်လို့ရလဲပြောပြပေးးပါနော် ကျေးဇူးတင်ပါတယ်နော်
semolina powder nyi ma lay
semolina powder nyi ma lay . u can buy from indian shop. 🙂
ဒီတစ်ပတ် သူငယ်ချင်းအိမ်မှာ ဘုန်းကြီးဆွမ်းကပ်အတွက် အဲဒါလုပ်သွားမယ်။ ကျေးဇူးပါ အိသက်ရေ။
let me know if it is ok or not naw. thank u evy..
အမေ၇။ သကြားက ၂၀၀ ဂ၇မ်လား ၂၀၀၀ ဂ၇မ်လား မ၇ှင်းလို့ပါ။ ဂ၇မ်ချိန်တာတွေမ၇ှိတော့ ခွက်နဲ့ဆို၇င် ဘယ်လောက်လဲ ပြောပေးပါနော်(သကြားနဲ့ေ၇ွကြည်နဲ့)။ ကျေးဇူးတင်ပါတယ်။ အမ၇ဲ့ blog ကိုအမြဲလာကြည့်ဖြစ်တယ်။
၂၀၀ ဂ၇မ် sis yay.:)
မအိသက်ရေ ထောပက်မပါဘူးလား၊ မထည့် လည်းရတယ်ပေါ့ နော်။
ထောပတ် ၁၀၀ ဂရမ်လို့ရေးထားတယ်လေ မမော် 🙂
မအိသက်ရေ ညီမကြည့် တာလျှံသွားလို့ နော်။တောင်းပန်ပါတယ်။
ညီမကအရမ်းလောသွားလို့ ။
ya par tae sis yay, i dont mind at all 🙂
မမရေ…microwave နဲ့ရော ဖုတ်လို့ရလား ဟင်?
microwave mar grill/roast funtion par yin ya tae naw 🙂
မမရေ ထောပတ်က ဘယ်လို ထောပတ်သုံး ပါလည်း ညီမ သုံးတာ က GEEထောပတ် ပါ မမသုံးတဲ့ ထောပတ် အမည်လေး ပြောပြပေးပါနော်
nyi ma yay , ma lae gee butter yaw , normal butter yaw kyone tha lo thone par tae 🙂
Hi Ma Thet
If I use cream of coconut, how much should I? Or 2 and half cans of coconut milk is equal to how many liter?
Thanks a lot.
မမအိသက်ရေ…. ညီမလေး oven က အပေါ်မီးအောက်မီးမပါဘူး ရိုးရိုးဟိုးတုန်းကဟာကြီး…အဲတာဆိုဘယ်နှစ်မိနစ်လောက်ဖုတ်ရမလဲဟင်…ပီးတော့အခု အတိုင်းအတာက လူဘယ်နှစ်ယောက်စာလဲဟင်
hi ..အမရေ..အခုလိုမုန့်ဖုတ်စားရာမှာအသုံးပြုတဲ့ 0ven ကဘယ်လိုအမျိုးအစားဝယ်သုံးရပါသလဲ..ညီမကအခုမှစမ်းဝယ်သုံးမှာဖြစ်လို့ပါ..
မြန်မာမုန့်ဖုတ်တာရယ်.ကိတ်မုန့်ဖုတ်တာတို့ကွတ်ကီးလုပ်ဖုတ်တာတို့အသုံးပြုဖို့ဆိုရင်အိမ်သုံးဘယ်လိုပစ္စည်းမျိုးဝယ်သင့်လဲ အမ..ညျွန်းပါအုံးနော်…ကျေးဇူးပါနော်…
sis yay , if u r from burma . i think u can get micro oven . i use proper oven in london. micro oven is fine for pre professional naw nyi ma lay