သာကူပြင်/Flattened Pearl Sago(Thargu Byin)


012
သာကူပြင်ကို ကြိုက်လွန်းလို့အိမ်မှာ ခဏခဏပွဲမရှိလဲလုပ်ပါတယ်။ ဒီတိုင်းကိုစားကြတာ။ လွယ်လဲ လွယ်ပါတယ်။ မိတ်ဆွေတွေ အလှူရှိရင်လဲ လက်ဆောင်ပေးဖြစ်ပါတယ်။ ရန်ကုန်စကော့ဈေး မှာဆိုရင်တော့ ပျော့ပြဲပြဲလေးတွေကို ခပ်ပြီးဖတ်ခနဲထဲ့ပေးတာပါ။ ကျမရဲ့ သာကူပြင်လုပ်နည်းရဲ့ ထူးတာက ရိုးရိုးသာကူပြင်များက ဝယ်စားရင် ခတ်ပျော့ပျော့ဖြစ်ပြီး လှီးစိတ်တဲ့အခါအတုံးမလှတတ်ပါဘူး။ ကျမက ဘုန်းကြီးပွဲပြင်ရင် အတုံးလိုက်လေးလိုချင်တော့ အနဲငယ် လုပ်နည်းကို ပြုပြင်ရပါတယ်။ ဒါကြောင့် ဂျုံထဲ့ကြည့်တာအောင်မြင်သွားပါတယ်။ အတုံးလှလှ ပွဲပြင်နိုင်ရန်နဲ့ ဘယ်လို အရသာရှိအောင်လုပ်မလဲ ကြည့်ရအောင်နော်

ပါဝင်ပစ္စည်းများ( ၈” * ၆” * ၂.၅* မုန့်ဖုတ်ဘန်း)

-သာကူ ၁၈၀ ဂရမ်
-သကြား ၁၀၀ ဂရမ်
-အုန်းနို့၂ဘူး
-ဂျုံ စားပွဲတင် ၁ဇွန်း( သာကူအတွက် ) အချိုဇွန်း ၁ဇွန်း ( အုန်းနို့ပြင်အတွက်)
-ဆား ၁/၂ အချိုဇွန်း

သာကူကိုရေများများနဲ့ စကျိုပြီး သကြား ထဲ့ပါ။ ဆားထဲ့ပါ။
ဒီနေရာအရေးကြီးပါတယ်နော်။
သာကူကျိုတဲ့အခါ အုန်းနို့ အနဲငယ်( အနံ့မွှေးအောင်) ၄ဇွန်း (စားပွဲတင်) နှင့် ဂျုံ (wheat flour) စားပွဲတင်ဇွန်း၁ဇွန်း စာရေဖျော်ပြီးထဲ့ကျိုပါ။ အဆက်မပြတ် အိုးမကပ်အောင် မွှေပေးပါ။

075 085

086

 

သာကူများပျစ်ခဲလာပြီး အိုးမှာကပ်မနေတော့ဘူးဆိုရင် မုန့်ဖုတ်မဲ့ ဗန်းကို ထောပတ်ဆီသုတ်ပြီး မျက်နာပြင် ညှိထားပါ။အအေးခံထားလိုက်ပါ။

087 088

 

သာကူအအေးခံထားချိန်မှာ ကျန်သောအုန်းနို့ များကို သကြားနဲနဲထဲ့ ၊ဂျုံ လ္ဖက်ဇွန်း၁ဇွန်းရေဖျောပြီး ခပ်ပျစ်ပျစ်ကျိုပါ။ အုန်းဆီမဖြစ်သွားအောင်သတိထားပါ။

117 118

ကြွက်မြီးတန်း ပျစ်လာသော အုန်းနို့များကို အအေးခံထားသောသာကူမျက်နာပြင်ပေါ်သို့ လောင်းထဲ့ပါ။

 

119
ပြီးရင်Oven ထဲ ထဲ့ပြီး အပေါ်မီးသတ်သတ်ချည်း ၁၅၀ ဒီဂရီ ၁၅ မိနစ် ထားပြီး အုန်းနို့ပြင် တင်းရင် ထုတ်ပြီး အအေးခံပြီး လှီးစိတ်ကာ ပြင်ဆင်စားသုံးပါ. oven မရှိရင်တော့ ဒန်းအိုးအဖုံးပေါ်ကို မီးသွေးခဲ ရဲရဲတင်ကာ သာကူပြင်ဘန်းပေါ်ကနေ မြန်မာနည်းမြန်မာဟန်ဖြင့် အုန်းနို့ကို တင်းအောင်လုပ်လို့ရပါတယ်

121 136 017

I bake this flattened pearl sago more than often even if there is no party/donation at my home as I love it so much. It’s easy to do. It is often baked as a present for my friends’ donations. Baton’s presiding monk in London loves my Thargu Byin. This is now baked for him. Let’s take a look.

 

-180g of pearl sago
-100g of sugar
-2 tins of coconut cream

Boil the pearl sago with lots of water and add a tiny bit of salt. Here is an important bit coming. When you boil, add a bit of coconut cream(to get a lovely smell)and 1tbl spoon of wheat flour diluted in water into the pot. It will form a piece that can be cut as you wish. But in Scott Market’s side stall’s style, the hawker will just tear it apart from a paste like cake. So it is important to have a beautiful cut for the donations to the monks. By adding these was a success.

Once the Pearl Sago has been transformed into a pasty form and not sticking into the pot, then add them into the buttered brushed baking tray and make sure that the paste is level.

While you cool down the pearl sago paste, boil the rest of the coconut cream with a bit of sugar, 1tea spoon of wheat flour until it becomes quite thick. Careful though that you are not cooking for coconut oil.

All these thicken paste are to be poured on top of the surface of already cooled down flattened pearl sago.

Then, bake it in the oven for 15 minutes with 150 C from top heat only and once the surface is a bit toughened then it is ready to cut and eat. Enjoy.

 

 

Advertisements

53 comments on “သာကူပြင်/Flattened Pearl Sago(Thargu Byin)

  1.ွှThank You recipe for Sago pudding..
    I want know how to make Sago pudding…
    I made many time not success..

  2. သာကူပြင်အရမ်းကြိုက်တာအိတုန်လေးမို့
    လုပ်တိုင်းပျော့သွားလို့အိသက်နည်းနဲ့လုပ်ကြည့်ဦးမယ်

  3. ညီမရေ..အုန်းနို့နဲ့မတည့်လို့…နွားနို့နဲ့လုပ်လို့ရောရလားဟင်?

  4. ဒန်ပေါက် ချက်ပြီးပြီး ကောင်းမှကောင်းဘဲ သူငယ်ချင်းေ၇
    ဒီတခါ သာကူပြင် လုပ်စားကြည့်မယ်နော်

    • ငါ့ချစ်ချစ် စားရတယ်ဆိုရင်ငါပင်ပန်းရကျိုးနပ်ပြီ:P

  5. အုန်းနို့ ကိုအ အေးခံဘို့လိုသေးလားဟင်?
    အေးပါ ငါသေချာ ဖတ် မှတ်ပြီး ချက်ကျွေးနေပါတယ် 😛

  6. Ei Thet,
    Thank you so much for ur sharing. Today I could contribute over 40boxes of Thar Ku Pyin to the Monastery’s Hta Ma Nel festival.That is one of my favorite burmese dessert and I never thought about to make it, but I’ve done by ur recipes. Cheers…

    • oh really, Thank you for letting me know naw. I am really happy they turned out right. ဗုဒ္ဓဘာသာတယောက်အနေနဲ့ ကိုယ့်လုပ်နည်းလေးနဲ့ အလှူလုပ်တယ်ကြားရလို့ ပီတိဖြစ်ရပါတယ်။ကိုယ့်ကိုပါ ကုသိုသ်တွေရတယ်လို့ ခံစားရပါတယ်၊ အချိန်ကုန်ခံ စာရေးပြီး အသိပေးတာ ကျေးဇူးအများကြီးတင်ပါတယ်နော်။ 🙂

  7. မရေ
    ပေါင်မုန့် အုန်းနိ့ဆမ်း ဘယ်လိုလုပ်လဲ သိချင်လို့ပါ အရမ်းတော့ မခက်ဘူးထင်ပေမဲ့
    မအိသက် တို့ ပြင်ဆင် တာ ကြည့်ချင်တာလည်းပါတယ်…..ပြောပြပေးပါလား …အဆင်ပြေရင်….

  8. ကောက်ညှင်းက english လိုဘယ်လို ခေါလဲ မ သိဘူးနော် အမ….

  9. Hi Ei Thet,
    I made this one last night but mine was a bit watery and not firm at all. May be i put too much water when I boiled sago pearl. Can you please tell me how many cups of water for 180g of pearl sago? And also, I used Plain flour for the wheat flour as in your recipe. Do u think they work the same?
    Anyway, the taste is really beautiful…Thank you so much for all the delicious & easy to follow recipes..You are so talented :0)

  10. မအိသက်ရေ သာကူပြင်ကအရမ်းကောင်းတယ်။သားသားကအရမ်းကြိက်နေတာ။
    ကျေးဇူးတင်ပါတယ်နော်။

  11. မရေ…ညီမလည်းသာကူပြင်အ၇မ်းကြိုက်တာ တကယ်လို့ oven မ၇ှိရင် ဘယ်လိုဆက်ပေါင်းလို့
    ရမလဲ မ….oven အစားပေါ့နော်…အဆောင်မှာက gas မီးဖိုပဲထားပေးထားလို့ပါ…အဲဒါနဲ့ဘယ်လို
    လုပ်လို့ရမလဲဆိုတာလေး သိချင်လို့ပါ မရေ….ကျေးဇူးပါနော်….

  12. မရေ သာကူကိုရေများများနဲ့ကျိုဆိုတော့ ဘယ်လောက်ထဲ့ရမလဲဟင် တော်ကြာရေများသွားမှာစိုးလို့ပါ၊ အရမ်းစားချင်နေတဲ့မုန့်လုပ်နည်းလေးကိုတွေ့လိုက်ရတော့ ကျေးဇူးအများကြီးတင်ပါတယ်။ လုပ်စားကြည့်ချင်လို့ပါ။

    • ၂လီတာကစကျိုပါနော်၊ သာကူပျစ်လာအောင်တော့ရေကို နဲနဲစီထပ်ထဲ့ပေးနော် 🙂

  13. မမရေ …..
    ငယ်လုပ်စားတာ သာကူကျိုတာရေများသွားလို့လားမသိဘူး
    လှီးစိတ်လို့ မရပဲ ဇွန်းနဲ့ပဲ ခပ်စားရတယ်မမရေ
    စားလို့ကတော့ ကောင်းမှကောင်း 🙂
    မကျေနပ်နိုင်သေးဘူး
    နောက်ထပ် လုပ်စားကြည့်ဦးမယ် 😉

  14. mama yay.. mama yet receipe twe nert home mar mont a sone lote sar pyit tal.. thanks naw… mama si mar mont lin ma yar lote nee shi yin tin pay par ohm shint.. mont lin ma yar sar chin loon lo 😀

  15. ညီမအိသက်ရေ
    ဒီနေ.သာကူလုပ်ကြည်.တယ်။ သာကူကတော.ပျစ်ပါတယ်မာလဲမာတယ် after baking အဆင်.အထိ။ ဒါပေမယ်.အပေါ်ကအုန်းနို.ရည်ကအကြာကြီးကျိုပြီး ခပ်ပျစ်ပျစ်မှာရပ်လိုက်ပြီး ထည်.တာဘဲ။ After baking မှာအဲဒီ.ပျစ်ပျစ်ကြီးအတိုင်းဘဲထွက်လာတယ်။ အပေါ်ယံကတူးတူးလေးတော.ဖြစ်တယ်ဒါပေမယ်.ခဲမနေဘူး။ စိတ်တွေကိုညစ်သွားတာဘဲ။ နောက်တစ်ခေါက်ထပ်လုပ်အုံးမယ်။ အဲဒါဘာကြောင်.လဲ ဂျုံမှုန်.နည်းနည်းပိုထည်.ရမယ်ထင်တာဘဲ အုန်းနို.ကျိုတဲ.အခါလေ။ အိသက်ပုံထဲကအတိုင်းမဖြစ်တာ စိတ်ဓါတ်ကျစရာ။ ကြည်.တော.လွယ်မလိုနဲ.တကယ်လုပ်တော. အချိုးအစားမမှန်ရင် ဖြစ်ကိုမလာဘူး။ 😀 Thanks for your recipes!

    • မရေ ဂျုံးနဲလို့ထင်တယ် တချို့ အုန်းနို့ဘူးတွေက ရေပိုများတယ်။ အနှစ်နဲတတ်တယ်။ ဒီအခါကြာကြာပိုကျိုပေးဖို့လိုပါတယ်။ ကျိုပြီးရင် အအေးခံလိုက်ရင်လဲ အပေါ်အုန်းနို့ပြန်မာသွားတတ်ပါတယ်။ သိပ်ကျဲနေတာဆိုရင်တော့ ဂျုံးနဲနဲပိုထဲ့ပေးပါ။ 🙂

  16. Ma yay, ma yet blog ko kyit pee tar ku pyin loan kyit nay tel. :). nyi ma ayann kyite tet mote ta khu lel pyit tel ma. ayann ko kyay zuu tin par tel.

  17. Thanks for giving your recipes.I can’t see yours. But can see when had been sharing by my fb friend.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s