ငါးအမွသရက်သီးစိမ်းသုပ်
ဒါလေးက ထိုင်းမှာစားခဲ့တာလေးပါ။ သိပ်မခက်ပါဘူးနော်။ လုပ်ကြည့်ရအောင်။
– ငါးအသား ၈၀၀ ဂရမ်(ဘယ်ငါးဖြစ်ဖြစ်ပါနော်)
-သရက်သီး ၁လုံး
– မုန်လာဥနီ ၁လုံး
– ဆား၊ ကြက်သားမှုန့်
-ငရုတ်ကောင်းမှုန့်
သရက်သီးနဲ့မုန်လာဥလေး များကို အချောင်းလေးများခြစ်ထားပါ။
ငါးအသားလေးတွေကို ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် လေးတွေနဲ့ နယ်ပြီး Oven ထဲမှာ ၁၈၀ ဒီဂရီနဲ့ မိနစ်၃၀လောက် ကင်ပေးပါနော်။
ငါးကင်နေတဲ့အချိန်မှာ အချဉ်ရည်လေးပြင်ထားရအောင်
– Sweet chilli sauce ၂ဇွန်း( စားပွဲတင်)
– သံပရာရည် ၁ဇွန်း
– ကြက်သားမှုန့်၁ဇွန်း
-ငံပြာရည် ၁ဇွန်း
အထက်ပါများကိုရောမွှေထားပါ။
ငါးရပြီဆိုရင်ငါးအသားလေးတွေကိုထောင်းပေးပါ။
ထောင်းပြီးသား အသားလေးတွေကို ဆီမြုတ်အောင်ကြော်ပါ။ အသားလေးတွေ ရွှေရောင်ပြောင်းပြီး ကျွတ်လာရင် ဆယ်ပြီးဆီစစ်ထားပါ။
ပန်းကန်ထဲတွင် သရက်သီးနဲ့မုန်လာဥလေး များကို ရောပြီးပုံပါအတိုင်းပြင်ထားပါ။
ကြော်ထားပြီးသားငါးလေးများကို ထဲ့ပါ။
အချဉ်ရည်ကို လိုသလောက်လောင်းပြီး ပွဲပြင်ပါ။
စားကာနီးမှ နှံ့အောင်မွှေပြီး စားလို့ရပါပြီ။