ရဲယိုရွက်ငါးခူစင်းကော


ရဲယိုရွက်ငါးခူစင်းကော ဆိုတာ အိသက် တို့ဆိုင်က လူကြိုက်များတဲ့ဟင်းတမျိုးပါ။ အိသက်လဲကြိုက်တယ်။ ရဲယိုရွက်ကကျန်းမာရေးအတွက်လဲအထူးသင့်တော်ပါတယ်၊ အရသာက နဲနဲလေးဖန်ပါတယ်။ ဒီမှာကရဲယိုရွက် မရှိတော့အမေကရန်ကုန်ကပို့ပေးပါတယ်။ EMS နဲ့ပို့ရင် ၃ရက်အတွင်း လတ်လတ်ဆတ်ဆတ်ဒီကိုရောက်ပါတယ်။ ခုအိမ်က ပို့လိုက်တဲ့ ရဲယိုရွက်လေးနဲ့ ငါးခူစင်းကောချက်ပါမယ်။

ပါဝင်ပစ္စည်းများ (၅ပွဲစာ)
-ငါးခူတကောင်ကြီးကြီး ၁ကီလို လောက်
-ရဲယိုရွက် ၃၀၀ ဂရမ် (အမြောင်းလေးများလှီးထားပါ)
-ကြက်သွန်နီ ၂လုံး၊ဖြူ၃မွှာ(လှီးထားပါ)
– ဂျင်း ၂ဇွန်း(စတပ)
-ဆား၊ ကြက်သားမှုန့်
-ဆနွမ်းမှုန့်နဲနဲ
-အရောင်တင်မှုန့် စားပွဲတင် ၁ဇွန်း
-ငံပြာရည် ၁ဇွန်း(စပတ)
-ငရုတ်သီးခွဲခြမ်း ၃ဇွန်း

-ရဲယိုရွက်

ငါးခူကို ရေစင်စင်ဆေးပြီး အသားချည်းလှီးပြီးဓားနုတ်ပေါက်ထားပေးပါ။ ပီးရင် ဂျင်း၊ ဆနွမ်းမှုန့်နဲနဲ၊ ဆား၊ ကြက်သားမှုန့်တို့နဲ့နယ်ထားပေးပါ။

ပြီး ကြက်သွန်ဖြူ၊နီ ကို အရောင်တင်မှုန့်၊ ငရုတ်သီးခွဲခြမ်း ထဲ့ ဆီသတ်ပါ။ ကြက်သွန်ရပြီ ဆိုရင် ငါးအသားနယ်ထားတာတွေကို ထဲ့လုံးပါ။

 

ငံပြာရည်ထဲ့ပါ။ ငါးခူ လဲကျက်ပြီ အရသာလဲ အနေတော်ဆိုရင် ရဲယိုရွက် လေးများထဲ့ပြီး လုံးပါ။

  

ရဲယိုရွက်လေးများနွမ်းရင်ရပါပြီ။

Advertisements

5 comments on “ရဲယိုရွက်ငါးခူစင်းကော

  1. စားချင်လာပြီ—ပုံတွေ ကြည့်၇င်းနဲ့ကိုစားချင်လာတာ

  2. HOW LUCKY YOU ARE NYI MA EI THET, AND ENGLISH QUARANTINE IS SO KIND TOO ! WE CANNOT GET ANY KIND OF FRESH PRODUCTS HERE IN OZ NO MATTER WHERE IT’S COMING FROM, I MEAN OVERSEAS. AUSTRALIA QUARANTINE IS EXTREMELY STRICT ON THE FOOD PRODUCTS THAT BEEN SENT FROM OVERSEAS AS THEY ARE SO PARTICULAR ON DISEASES, INSECTS, CONTAMINATION, ETC ETC.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s