ကြက်ဥတိုဖူးကိုက်လန်ကြော်
ဒါကတော့အသီးအရွက်ကြိုက်တတ်သော အိသက်အဖေကို ကြော်ကျွေးနေကျလေးပါ။
ပါဝင်ပစ္စည်းများ
– ကြက်ဥတိုဖူး ၁ တောင့်
-ကိုက်လန် ၁စည်း
-ခရုဆီတဇွန်းခွဲ(စားပွဲတင်)
-သကြားတဇွန်း
– ကြက်သွန်ဆီချက်( အဆင်သင့်ရှိလျင်)
-ကြက်သွန်ဖြူ၂မွှာ
တိုဖူးလေးများကို အနေတော်လှီးပြီး ကြော်ထားပါ။
ဆီနဲနဲ နဲ့ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီးကြော်ပါ။
ပြီးရင် ကိုက်လန် အရိုးလေးများကိုရေစပ်စပ်လေးထဲ့အရင်ကြော်ပြီဖယ်ထားပါ။ ပြီးမှအရွက်ကြော်ပါ။ ပြီးရင် ကိုက်လန်ကို ပုံပါအတိုင်းပြင်ဆင်ပါ။
ပြင်ဆင်ပြီးရင် ဒယ်ပေါ်မှာခရုဆီတဇွန်းခွဲ(စားပွဲတင်)၊ သကြားတဇွန်း ကိုရေနဲရောပြီးပွက်ပါစေ။ ပြင်ဆင်ထားသောကိုက်လန်ပေါ်ကိုလောင်းလိုက်ပါ။ ပြီးမှတိုဖူးလေးများတင်ကြက်သွန်ဆီချက်လေးကို ဖြူးပြီး ပူပူလေးစားပါ။
ဆားလုံးဝမထဲ့ပါ၊ ခရုဆီက အငံကဲပြီးသားမို့ပါနော်
Hi ama, is there any substitute for egg tofu?