ဖာလူဒါလုပ်နည်း


အခုအိမ်မှာ  မုန့်လက်ဆောင်းဖတ် ရော ဂျုံပူတင်း ရော လုပ်ပြီး အဆင်သင့်ရှိနေတော့ ဖာလူဒါ လုပ်နည်းလေးတင်ပေးမယ်နော်။

လုပ်နည်းလေးကလွယ်ပါတယ်နော်။

     

လူ၇ယောက်စာ

-ရေခဲ
-သကြား ၂၀၀ ဂရမ်
-အနီရောင်အစာဆိုးဆေး@rose syrups
– နွားနို့ကျိုပြီးအပျစ် @ cream milk လီတာဝက်
-သာကူစေ့ လက်တဆုတ်စာ
– မုန့်လက်ဆောင်းဖတ်
– ဂျုံပူတင်း ဂျုံပူတင်း( ဖာလူဒါမှာသုံးရန်)/ Flour Pudding (to use in Falooda or Faluda)
-ရေခဲမုန့် ( ready made)
-ရောင်စုံဂျယ်လီ
သကြားကိုရေ လီတာဝက်ခန့်ထဲ့ပြီး အရောင်နဲငယ်ထဲ့ပြီးပျစ်လာအောင်ကျိုပါ။ rose syrups  အရည်လေး ၂ဇွန်းခန့်ရောပါ။အနံ့မွှေးစေရန်ဖြစ်ပါတယ်။

   
သာကူကိုလဲ မျက်စိပျောက်တဲအထိအရောင်ထဲ့ ပြီးကျိုပါ။ ပြီးရင်ဇကာထဲ သွန်ပြီးရေအေးနဲ့ဆေးပေးပါ။ သာကူများကပ်မနေစေရန်ဖြစ်ပါတယ်။

  

နို့ကိုပျစ်ပျစ်ကျိုထားပါ။ ကျိုပြီးကိုသုံးလဲရပါတယ်။ ကြာကြာကျိုစရာမလိုတော့ဘူးပေါ့။ ကျိုပြီးရင်အအေးခံထားပါ။

ရောင်စုံready made ဂျယ်လီ လေးများကိုအတုံးလေးများလှီးထားပါ။ အိသက်တို့ဆိုင်မှာတော့ ကိုယ်တိုင်လုပ်တာပေါ့နော်။ လွယ်အောင်လို့ ။

 

အားလုံးဆုံပြီဆိုတော့စပြင်ရအောင်..

  

အရင်ဆုံး သကြားရည်၂ဇွန်း( စားပွဲတင်)   ၊ ရေခဲထဲ့ မုန့်လက်ဆောင်း ၂ဇွန်း၊ သာကူ ၁ဇွန်း၊ ပူတင်: ၁ဖတ်၊ ရေခဲမုန့်၁ဇွန်း၊ နို့ ၅၀ ဂရမ် ( အချိုပေါ့ချင်ရင်နို့ပိုထဲ့ပါ) ၊  ဂျယ်လီလေးများအပေါ်က တင်ပြီးရင် ဖာလူဒါလေးရပါပြီ။ အားလုံးအဆင်ပြေပြေလုပ်နိုင်ပါစေနော်။

Advertisements

31 comments on “ဖာလူဒါလုပ်နည်း

  1. အရမ်းသောက်ကောင်းမှာဘဲ..လုပ်စားကြည့်အုံးမယ်မအိသက်..

  2. ဖာလူဒါထဲ ထည့်တဲ့ ပူတင်းကို ဘယ်လိုလုပ်ရမလဲဟင် ?

  3. လုပ်ပီးသောက်ကြည့်ချင်တယ်.. ကျေးဇူးတင်ပါတ.ယ် သူငယ်ချင်းတွေနဲ့ အပျော်လုပ်သောက်လို့ရတယ်ဟုတ်… စာဆိုရင် ကျားလောက်ကြောက်တယ် အစားဆို လှည်းနဲ့တိုက်ခဲ့ဆို ကျွန်တော်မှ အစစ်ဆိုတော့ ဒါလေး ကူးထားမှဖြစ်မယ်… ဟဲ ဟဲ အမ ရေ ကျေးကျေးဗျာ

  4. မအိရေ…အင်မတန်ကျေးဇူးတင်ပါတယ်ဗျာ။ ဖာလူတာလေး လုပ်စားပြီးပြီ။ အရမ်း Good တယ်။ ဒိုမီနို drink recipe လေးရှိရင် share ပါအုံး။ အရမ်းသတိရ လို့ ။ ကျေးဇူး…။

  5. ကျေးဇူးအထူးတင်လိုက်တာ..ညီမလေးရေး..စိတ်တော့မရှိနဲ့နော်..ဂျုံပူတင်းဆိုတာ..သာမာန်ဂျုံမှုံ့ကို
    ပြောတာမုတ်လား..မုန့်လုပ်တဲ့နေရာမှာ..(.ပေါင်မုန်…ကိတ်မုန့်..ပလာတာ..နံပြား.)စသည့်တို့ကိုလုပ်
    သည့်အခါ..ဂျုံမှုန့်အမျိုးစားခွဲခြားပါသလား..ကျွန်တော်သိသလောက်တော့.ဂျုံမှုန့်..အနုနဲ့အကြမ်းနှစ်
    မျိုးဘဲသိတယ်..ဂျုံမှုန့်ဘယ်နှစ်မျိုး..နှစ်စားရှိပါသလဲခင်ဗျား..နောက်ပြီး..မြန်မာပြည်မှာရှိစဉ်ခါဂျာမုန့်
    ကို..ကြိုက်တယ်..ညီမလေး eithet လုပ်စားဘူးပါသလား..လုပ်နည်းလေးပြောပြပါလား..ဗမာပြည်က
    ကုလားတွေလုပ်တဲ့ခါဂျာမုန့်လေ…စားကောင်းတယ်နော်..အထူးဘဲကျေးဇူးတင်ပါတယ်.ညီမရယ်..

  6. အိသက်ရေ ဖာလူဒါထဲကိုထဲ့တာက မမက ကျောက်ကျောကိုအရောင်နဲ့လုပ်ပါတယ် အိသက်ကjelly powder နဲ့ရေးထားတာတွေ့ပါတယ် ဘယ်ဟာကပိုအဆင်ပြေပါသလဲ
    နောက်ပြီး corn starch နဲ့ corn powder အတူတူဘဲလား ဖြေပေးပါအုန်းနော်

  7.ေ နာက်ပြီးတော့နို့အရည်ကိုလဲ မမ က Coffee mate နဲ့
    နို့စိမ်းနဲ့ဘဲရောပြီးလုပ်ပါတယ် အိသက်လုပ်သလိုဆိုရင်နို့ကိုပြစ်အောင်ကြိုပြီးလုပ်ရမှာပေါ့နောာ် ဘယ်ဟာကပိုပြီးကောင်းမလဲဆိုတာမမစမ်ကြည်ပါအုန်းမယ်
    မမလုပ်တဲ့နို့ရည်အရသာကဆိုင်ကလုပ်တာလောက်မကောင်းဘူဲး့

  8. မုန့်လက်ဆောင်းဖတ်ကို english လိုဘယ်လိုခေါ်လဲ? bal lo pyaw pee wal lo ya lal hin? 🙂

  9. Pingback: MyanmarEating.com Blog » Blog Archive » ဖာလူဒါလုပ်နည်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s