ဒန်ပေါက်ကို အရမ်းကြိုက်ပါတယ်။ အိသက် အမျိုးသားက သိပ်မကြိုက်ပါဘူး။ ဒါကြောင့် ချက်ခဲတယ်။ ဒီနေ့တော့အိမ် ကိုဧည့်သည်လာမှာမို့ မစားရတာလဲကြာတော့ချက်ပါတယ်။ ထူးထူးဆန်းဆန်း အမျိုးသားလဲ တော်တော်စားတာ တွေ့ရပါတယ်။
အိသက်ကတော့ သိပ်အနံ့ပြင်းလဲ မကြိုက်လို့ မဆလာကိုအမေသင် ခဲ့သလို သုံးမျိုးစပ်ပါတယ်။
– ကုလားလေးမဆလာ ၃ ထုပ်
– ဂရမ်းမဆလာ ၃ဇွန်း (စားပွဲတင်)
– ရိုးရိုးမဆလာ ၃ဇွန်း ( ကုလားဆိုင်ကမဆလာ)
အဲဒါတွေကိုရောလိုက်တယ်။
ကြက်သွန် ၅လုံးပါးပါးလှီးပြီး မွှေးအောင်ဂီးထောပတ်နဲ့ဆီနဲ့ရောပြီး ရွှေဝါရောင်သန်းသည်အထိကြော်ပြီးဖယ်ထားပါ
ကြက်သားနယ်ဖို့ပါဝင်ပစ္စည်းများ( ၈ပွဲစာ)
– ကြက်၂ကောင် (အသေး)
– ဒိန်ချဉ် ၃၀၀ ဂရမ်
-သစ်ဂျပိုးခေါက် ၁ခု
-ပျင်းတော်သိမ် ၄ရွက်(Curry Leaf)
-လေးညှင်းပွင့် ၅ခု
-ဖာလာစေ့ ၅ စေ့
– ဆား၊ ကြက်သားမှုန့်၊အရောင်တင်မှုန့် ၃ဇွန်း
-မဆလာ ၂ဇွန်း
– စပျစ်သီးခြောက် ၅ခု( အဲဒါမှအသားထဲအချိုအရသာဝင်ပါမယ်)
ကြက်၂ကောင်ကို လေးခြမ်းဆီ ၈တုံး တုံးထားပါ။ အထက်ပါများကို ကြက်သားနဲ့ရောပြီး နယ်ပြီရေခဲသတ္တာထဲမှာတညသိပ်ထားပါ။
နောက်နေ့မှာ အဲဒီကြက်သာကိုဂီးထောပတ်လေးနဲနဲ ကြက်သွန်ကြော်များများနဲ့နယ်ပြီး နွားနို့နဲနဲ ထဲ့ပြီး မီးမျှင်းမျှင်းနဲ့လုံးပေးပါ။ မကျက်ခင်မှာ ချပြီး oven ထဲမှာ 30 မိနစ် လောက် 180 ဒီဂရီ အပေါ်မီး အောက်မီး နဲ့ထားပေးပါ။
ဒါကြက်သားလေး oven ထဲကပြန်ထုတ်လာပုံပါ
အခု ဒန်ပေါက်ထမင်းစချက်မယ်နော်။ အရင်ဆုံးထမင်းပေါင်းအိုးထဲကို ရေအမှတ်၎ အထိထဲ့ပြီး-သစ်ဂျပိုးခေါက်၁ ခု၊ ပျင်းတော်သိမ် ၄ရွက်၊ လေးညှင်းပွင့် ၅ခု၊ ဖာလာစေ့ ၅ စေ့ နဲ့ ရေဆူပါစေ။ ဆူရင် ဆန်ချိန်ခွက် ၅လုံးစာ ဆန်ထဲ့ပြီး ထမင်းချက်သလိုပဲ ဆား၁ဇွန်း (စတပ) ထဲ့ပြီးတည်ပါ။
ခဏနေ ဆန်မနပ်ခင်ရေစစ်ပြီးထားပါ။
ခုတခါအိုးကြီးတအိုးထဲကို ဒန်ပေါက်ဖောက်ရအောင်နော်။
ဒါက ဒန်ပေါက်အရောင်ပေါ့။ ရေဖျော်ထားပါ။
ထမင်းတလွှာခင်ပါ။ဂီးထောပတ်ဖြူးပါ။ ၁ဇွန်းစာပေါ့။
အဲဒီပေါ်က အရောင် ဖြန်:ပါ။ သီဟိုဠ်စေ့၊ စပျစ်သီးဖြူးပါ။
ကြက်သားဟင်းနဲ့ အနှစ်တင်ပါ။ နွားနို့နဲနဲဖြန်းပေးပါ
ကြက်သွန်ဖြူးပါ.မဆလာနဲနဲဖြူးပါ။
အဲဒီနည်းအတိုင်းတလွှာဆီ ထပ်ခင်းလိုက်ပြီး အိုးအဖုံးပိတ်ပြီး oven ထဲကိုထဲ့ပြီး ၃၀ မိနစ် နဲ့180 ဒီဂရီ လောက်အပေါ်မီး အောက်မီး နဲ့ထားပေးပါ။
စားတော့မယ်ဆိုရင် ဖွဖွခပ်ပြီး အသားနဲ့ထမင်းရောတင်ပြီး သရက်သီးသနပ်၊ ငရုတ်သီးကြော် ၊ မနုတ်တနီချဉ်ရည်ဟင်းတို့နဲ့စားလို့ရပါတယ်.အိမ်မှာ သခွါးသီးမရှိလို့ သခွါးချဉ် မလုပ်လိုက်ရပါ
မနုတ်တနီချဉ်ရည်ဟင်း
အလုပ်ကအပြန်ဧည့်သည်လာခါနည်းအမြန်ချက်ရတဲ့ချဉ်ရည်ပါ.
(ချဉ်ပေါင်ရွက်အစား spinach အရွက်တွေသုံးပါတယ် .အချဉ်ဓာတ်ရှိလို့.)
ကုလားပဲလက်တဆုပ်ပြုတ်ထားပါ
စစချင်း ကြက်သွန်နီ ၊ ငရုတ်သီးခြောက် ကိုပျဉ်းတော်သိမ်ရွက်(Curry Leaf)၊ ဖာလာစေ့၊ လေးညှင်းပွင့်၊ မုန်ညင်းစေ့၊ နံနံစေ့၊ ဇီယာစေ့၊ ကရဝေးရွက် အနည်းငယ်စီ ထည့်ပြီး ဆီသတ်ပါ။
ကုလားပဲပြုတ်၊ မုန်လာဥ( မထဲ့လဲရ) ထဲ့ဆီသတ်ပါ။ ပြီးရင်အရွက်၊ ခရမ်းချဉ်သီး ထဲ့ပါ။ ဆား၊ငံပြာရည်၊ ကြက်သားမှုန့်မကျည်းသီးမှည့်ကို ရေဖျော်ပြီးများများထည့်ပါ။ထို့နောက် ရေလိုသလောက်ထည့် ပြီးဆူလာပြီဆိုရင်တော့ အပေါ့၊ အငန်မြည်းပြီးရင် အအီပြေ မနုတ်တနီ ဟင်းရည် ရပါပြီ။
အမရေ…ဒီwebsiteလေးကိုမနေ့ကမှရောက်ဖူးတာ…အရမ်းကိုကောင်းပါတယ်…ဟင်းတွေအကုန်လုံးလဲဖတ်ပြီးပီ…အမြဲတမ်းအားပေးနေတယ်နော်
ကျေးဇူးပါညီမလေးရေ။ နောက်လဲလာလည်ပါနော်။
ma yay yoe yoe masala so tar bar lae him ? pyaw pya pay par naw ! thanks x)
nyi ma lay
you can find from any grocery shop. red colour masala( indian masala) . if u can not find i will post on dan pouk post, naw .
thank u.
pe top yogurt ka plain lar ma?
hote tae nyi ma lay . plain yogurt par.thank u naw
Thank you Ma Ei Thet, I like too much Dan Pop.
welcome ma phyu 🙂
I like to read your cooking, every day i open your website
Thank you so so much for interesting on my website. 🙂
Ma Ei Thet, I don’t know how to measure water. i plan to cook with 1 chicken. i will reduce to half portion for the rest of the ingredients. if i use 2.5 cup of rice, how much water shall i put in cup?
ထမင်းပေါင်းအိုးရဲ့ အမှတ် ၂ ကျော်ရုံထဲ့ညီမလေး။ အရမ်း မပျော့အောင်လို့နော်. 🙂
Thank you Ma! I am so excited to try. To night i will marinate chicken. Will definitely upload photos on FB 🙂
Ma.. i did it. he he. you are such a good teacher. i followed all the steps and i couldnt even believe that i could cook dan pauk. i made the same portion as you instructed. but i couldn’t cook the soup. fried some nga pi kyaw as well. thank you so so much. i really feel like saying ‘thank you’ in person. i’ve changed the mobile so lost your contact. pls give me your no again.
i am so glad it turned out right sis . 07515405576
စနေနေ.ကျရင်ချက်စားကြည်.မယ်နော်။ကျေးဇူးပါ။
may i ask why u using danuphyu daw saw yee name ?
ချက်စားခြင်နေတာ ကြာပြီမလုပ်တပ်လို့ လေ စမ်းကြည့်အုံးမယ်နော် ကျေးဇူးပါ..။
hote kae 🙂
a yan taw tar pal naw ,a ma ka
thank you par nyi ma layy yay, ma lae a yin ka ma chat tat par buu kwae 🙂
Thank you naw , nyi ma eithet…
hote welcome par ma ma yay 🙂
ဟင်းချက်နည်းတွေ တင်ထားပေးတဲ့ အစ်မ ကိုကျေးဇူးအများကြီးတင်ပါတယ် (အစ်မ တို့မီသားစု ဒီထက်မက ပျော်ရွင်ချမ်းမြေ့ပါစေ)ဒန်ပေါက် ချက်နည်းစမ်းကြည်မလို့ပါ.
I want to know how to cook dan pout. but I don’t know grand masala
where can I get it? Thank a lot.
အစ်မက အရမ်းတော်တာပဲ။ အစ်မ မလုပ်တတ်တာ ဘာမှမရှိသလောက်ပဲ။
လုံးဝလက်ခံသွားပြီး။
ကျေးဇူးပါ ညီမလေး 🙂