ကင်မ်ချီထမင်းကြော်
ဗမာပြည်ပြန်တုန်းအိမ်ကအမတွေလိုက်ကျွေးလို့ ကိုရီယား အစားအစာတော်တော် ရောဂါ ထလာသေးတယ်။ အမြဲတော့မစားနိုင်ဘူး။ ဟို ပုံပြင်ထဲကလိုပဲ ကြွက်မလေးက ကြွက်ထီးလေးနဲ့ပဲ နောက်ဆုံးညားဆိုသလို ဗမာအစားအစာကကိုပဲပိုခံတွင်းပိုတွေ့ တာပေါ့နော်။ ဒီလိုကင်ချီလေးကိုတော့ ချဉ်ငံစပ်လေးဆိုတော့ မကြာခဏစားချင်စိတ်ပေါ်မိတယ်။ လုပ်ရတာလဲ လွယ်လို့ပါ။ ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ ( ၃ယောက်စာ)
-ထမင်းချက်ပြီးသားသုံးပွဲစား
-ဘေကင်(ဝက်ပေါင်ခြောက်) ၂၀၀ ဂရမ်
-ကင်မ်ချီ ၄၀၀ ဂရမ်(လှီးဖြတ်ထားပြီး)
-ကြက်ဥ ၃လုံး
-ငရုတ်သီးခြမ်းခွဲ ၁ဇွန်း(စားပွဲတင်)
-ဆား၊ ကြက်သားမှုန့်
ဘေကင်(ဝက်ပေါင်ခြောက်) ကို ငရုတ်သီးခြမ်းခွဲ နဲ့ ပထမဆုံး ကြော်လိုက်ပါ။
ဘေကင် ကျတ်ပြီဆိုရင်ကင်မ်ချီ (လှီးဖြတ်ထားပြီး) ကို ထဲ့ပါ။ အထုပ်ထဲကကင်မ်ချီအရည်တွေပါ ထဲ့ပါနော်။
ပိုကောင်းပါတယ်။ ပြီးရင်ထမင်းချက်ပြီးသား သုံးပွဲစား ထဲ့ကြော်ပါ။ ဆား၊ ကြက်သားမှုန့် သင့်သလိုထဲ့ပေးပါနော်။
အ၇မ်းသဘောကျတယ် ကျေးဇူးလဲတင်ပါတယ်
ဟုတ်ကဲ့ အိသက်လဲကျေးဇူးတင်ပါတယ်။နောက်လဲလာလည်ပါ။:)
မကြီးကိုရီးရားစာလည်းလုပ်တတ်တာပဲလား။ငါ့အမကတော့စံပါပဲ။အရမ်းတော်တယ်။
အားကျတယ်
kg ma lay,
can u write burmese font now. i am sure u r just like me.
tomorrow ko try kyi မယ်…
that will be brilliant babe:)
သူငယ်ချင်းေ၇ ကျေးဇူး (အထူး)နော် အ၇သာတော်တော်၇ှိပြီးတော်တော်လေးစားကောင်းတာဘဲ
love u a lot
welcome , love u too:)