ရုံးပတီသီးကို အစပ်ကလေးနှပ်စားချင်တာကြာပြီ။ ဘယ်လိုကနေ ဘယ်လိုမေ့မေ့နေတယ်မသိဘူး။ ဒီနေ့တော့ ရုံးပတီသီးနုနုလေးတွေ ကုလားဆိုင်ကရလို့ချက်ဖြစ်တယ်။ ဗမာနည်းရိုးရိုးလေးပါနော်။
ရုံးပတီသီးကို အစပ်ကလေးနှပ်စားချင်တာကြာပြီ။ ဘယ်လိုကနေ ဘယ်လိုမေ့မေ့နေတယ်မသိဘူး။ ဒီနေ့တော့ ရုံးပတီသီးနုနုလေးတွေ ကုလားဆိုင်ကရလို့ချက်ဖြစ်တယ်။
ပါဝင်ပစ္စည်းများ-
-ရုံးပတီသီး၂၅၀ ဂရမ်
-ငရုတ်သီးခွဲခြမ်းမှုန့်
-အရောင်တင်မှုန့် ၂ဇွန်း( စားပွဲတင်)
-ပုဇွန်ခြောက် ၃၀ ဂရမ်
-ကြက်သွန်နီ ၁လုံး၊ ဖြူ ၄မွှာ
-ငံပြာရည် ၊ ဆား၊ ကြက်သားမှုန့်
ကြက်သွန်နီ၊ ဖြူ ကိုပုဇွန်ခြောက်နဲ့ရောကြိတ်ထားပါ။
ကြိတ်ပြီးသားအစာတွေကို ငံပြာရည် ၊ ဆား၊ ကြက်သားမှုန့်နဲ့ဆီသတ်ပါ။
ကြက်သွန်ရွှေဝါရောင်သန်းလာရင် ရုံးပတီသီးထဲ့လုံးပြီး ရေနွေးနဲနဲထဲ့ပြီးမီးအေးအေးနဲ့ ၁၀မိနစ်ခန့်နှပ်ထားလိုက်ပါ။ အပေါ့အငံလေးမြည်းပြီးသုံးဆောင်ပါ။
အဲလိုလေးချက်စားအုံးမယ် အိသက် ရေ…မ က အချိုဘဲကြော်စားနေတာ…:))
အရမ်းကောင်းတယ်မမီးရေ.
မမအိသက်ရေ…
ကင်းမုံသီးကို မမရဲ့ နည်းလေးအတိုင်း ရုံးပတေသီးအစား သူ့ကိုသုံးပြီးချက်လိုက်တာ စားလို့အရမ်းကောင်းတယ်။ ဟင်းချက်နည်းကောင်းလေးတွေအတွက် အထူးကျေးဇူးတင်ပါတယ်နော်
i like ကင်းမုံသီး too. u already r good cook nyi ma lay yay. thanks a lot for ur comment.:)
ဟင်းချက်နည်း အသစ်ရသွားပီ အမရေ ကျေးဇူးတင်ပါတယ် အမဟင်းချက်နည်းတွေက အရမ်းကောင်းပါတယ် သရေလည်းကျနေပါပီ 🙂
🙂
I try it its delicious.
စားချင်နေတာကြာပြီ,မမအိသက်ရေကျေးဇူးတင်ပါတယ်
:):)