အော်ကွေးကျီဆိုတဲ့ တရုတ်မုန့်လေးကို စားချင်နေတာကြာပြီ။လုပ်နည်းလဲ မသိတော့လေ။ ကံကောင်းစွာပဲ facebook ထဲက ချစ်စရာခင်စရာအလွန်ကောင်းသော မမ ချန်လေးက ဒီနည်းလေးပေးလို့ နောက်လုပ်ချင်ရင်ပြန်ကြည့်လို့ရအောင် တစုတစည်းတဲလဲဖြစ်အောင် မမချန်လေးခွင့်ပြုချက်ယူပြီး အိသက် blog မှာတင်လိုက်ပါတယ်..
-ပိန်:ဥ ( taro) 4 lb ခြစ်ထား
-ဆန်မုန့် 1lbကိုရေ 3 ခွက်နဲ့ရေဖျော်ထား
-ဝက်(or )ကြက်တောက်တောက်စင်း1lb
-ပဲငံပြာရေ, ဆား, အချိုမှုန့် ,ငါးငံပြာရေ
ု-ပုဇွန်ခြောက် တဆုတ်ရေနွေးစိမ်ထား
ပိန်:ဥ ကိုခြစ်ထားလိုက်တယ်
ဝက်(or )ကြက်တောက်တောက်စင်း ကို ပဲငံပြာရေ, ဆား, အချိုမှုန့် ,ငါးငံပြာရေ ,five spice powder နဲ့နယ်ပြီ:ဆီသတ်ထား လိုက်ပါတယ်
ပိန်:ဥ ခြစ်,ဆန်မုန့် ရေဖျော်,ဝက်(or )ကြက်တောက်တောက်စင်းနယ် ပုဇွန်ခြောက် ရေနွေးစိမ် ရောမွှေ (ဇွန်းနဲ့)ပါ။ လက်တွေယားတတ်လို့….
steamer ထဲက ထုတ်ပြီးပုံ မရိုက်လိုက်မိဘူး
ပြီးရင် အတုံးလေးတွေတုံးပြီးဆီလေးမြုတ်အောင်ကြော်။ ပြီးရင်အချဉ်ရေလေးနဲ့တို့စားရင် ကောင်းမှကောင်းပဲ
မအိသက်ရေ အန်တီကမုံရွာသူပါ အိသက်ရဲ့ ဖေ့ ဘွတ်ကိုအန်တီအမြဲတန်းကြည့် ပါတယ် အန်တီကလဲအစားသောက်ကိုအထူးစိတ်ဝင်စားတယ် ကိုတိုင်လဲချက်တတ်ခြင်တယ် အားပေး
တယ်
အားပေးတာကျးဇူးပါအန်တီရေ။
အိသက်လုပ်ထားတာပိုကောင်းတယ် အမကိုခရက်ဒစ်ပေးထားတာကျေးဇူးနော်
မရေ မနည်းလေးက အရမ်းကောင်းပါတယ်။ ပိုင်ရှင်ကိုတော့ ဘယ်မှီပမလဲ 🙂
အရမ်းကောင်းတယ် မအိသက်ရေ
ငယ်ငယ်တုန်းကတော့ စားဖူးတယ် အဲဒိတုန်းကတော့ ရွှေဖရုံသီးနဲ့ လုပ်တယ်လို့ ပြောတယ် အဲလိုကော လုပ်လို့ ရလားဟင်
i have never try with that sis yay 🙂
Hi Ma Ei thet, Can i use pumpkin instead of yum ?
ohh yes you can 🙂