ကြက်သားဘူးသီး( ကာလသားချက်)
ကြက်သားဘူးသီး( ကာလသားချက်) ဆိုတာ တောမှာ လူပျိုတွေကင်းစောင့်ကြရင်အပျင်းပြေချက်စားကြတဲ့ဟင်းပေါ့နော်။ ကြက်ကော ဘူးသီးကော သူများဆီက ခိုးချက်ကြတာပါ(သူခိုးကြောက်လို့ သူတို့ကင်းစောင့်ခိုင်းပါတယ်ဆိုမှ)ခိုးစားရတာပိုကောင်းတယ်ဆိုတာကိုနော။
အိသက် တခါစားဖူးတဲ့ ကြက်သားဘူးသီး( ကာလသားချက်)ကတော့ ဆေးချောက်ပါလို့ ကောင်းလိုက်တဲ့အမျိုး၊ ရီလိုက်ရတာလဲ ဗိုက်ကိုနာပြီးကျန်ခဲ့ရော။ ငယ်ငယ်ကပါနော်။
ခုတော့ဆေးချောက်မပါတဲ့ ကြက်သားဘူးသီး( ကာလသားချက်)လေးချက်ရအောင်နော်။
ပါဝင်ပစ္စည်းများ
-ကြက်တစ်ကောင်
-ဘူးသီးနုနု( စိတ်ပိုင်းပြီး)
-ကြက်သွန်နီ ၁လုံး ၊ ဖြူ ၃မွှာ
-စပါလင်တချောင်း
-ငံပြာရည် စားပွဲတင်ဇွန်း ၂ဇွန်း
-မဆလာ ၁ဇွန်းခွဲ
-ငရုတ်သီးခွဲခြမ်းမှုန့်၂ဇွန်း
-အရောင်တင်မှုန့် ၂ဇွန်း
-ဆား၊ ကြက်သားမှုန့်
ကြက်သားကိုရေစင်စင်ဆေးပြီးဆား၊ ကြက်သားမှုန့် နဲနဲ နဲ့ နယ်ထားပါ၊
ကြက်သွန်နီ၊ ဖြူ တို့ကိုထောင်းထားပါ.။ ပြီးရင်စပါလင်၊ မဆလာ၊ ငရုတ်သီးခွဲခြမ်းမှုန့်၊ ငံပြာရည် တို့နဲ့ ဆီသတ်ပါ။
ကြက်သွန်ကျတ်ပြီဆိုရင်ကြက်သားထဲ့လုံးပါ။ ကြက်သားကို၅မိနစ်ခန့် လုံးပြီရင် ရေ၁လီတာခန့်ထဲ့ပြီး၁၅မိနစ်အဖုံးအုပ်ထားပါ။
နောက်ဆုံးမှဘူးသီးစိတ်ပိုင်းပြီးသားကိုထဲ့ပြီ ပွက်ပါစေ။
ဘူးသီးနူးရင်အပေါ့အငံမြည်းပြီး အရည်ကျဲကျဲနဲ့ ကြက်သားဘူးသီး( ကာလသားချက်) လေးရပါပြီ။
စားချင်လာပြီနော်…. ကာလသားချက်…..
hee hee sarr layy 🙂
အမကလည်းဗျာ(ဂန်ဂျာ)ဆေးခြောက်လေးထည့် မှပိုမြိုင်တာပေါ့ ငီးငီးငီး
ဆေးခြောက် ကျုပ် လန်ဒန်မှာ ဘယ်နားဝယ်ရပါ့ 😛
အမရေ-အမလင့်ခ်ကျနော့် အာဝါဒါးဖရီးဘလောက်စပေါ့ မှာချိတ်ထားပါတယ်။ကြက်သားနဲ့  ဆေးခြောက် အဲဂန်ဂျာ ဟာဝုတ်ပါဘူး …ဗူးသီးဂွတ်တယ်ဗျာ..
ကြုံယင်အမကို ဝက်သားကို ကုလားလိုချက်နည်းပြောပြမယ်။
အမ စားဖူးတယ် ဖုန်းကြီးကျောင်း တခုမှာ ဂေါ်ရခါးလူမျိုးတယောက် ချက်ထားတာပြောတယ် မောင်လေး နည်းလေးလဲပြောပြပါအုန်း 🙂