ပုဇွန်ခေါက်ဆွဲကြော်
ခေါက်ဆွဲကြော် ကိုအိမ်မှာ ခဏ ခဏ လုပ်စားဖြစ်တယ်။ တအိမ်လုံးကြိုက်လို့ လွယ်လဲလွယ်လို့ပါ။ လုပ်နည်းလေးရေးပါမယ်နော်။
ပါဝင်ပစ္စည်း ( လူ၅ ယောက်စာ)
-ခေါက်ဆွဲ ၈၀၀ ဂရမ်
-အသီးအရွက်စုံ( ဂေါ်ဖီ၊ မုန်လာဥနီ၊ ပဲပင်ပေါက်၊ ကြယ်သီးမှို )
-five spice powder
-ကြက်သွန်နီတလုံး( ပါးပါးလှီး)
-ဆား၊ ကြက်သားမှုန့်နဲနဲ
-ဂျင်း
-ပဲငံပြာရည်အကြည် ၃ဇွန်း( စားပွဲတင်)
-ပဲငံပြာရည်အနောက် ၂ဇွန်း(စပတ)
-ခရုဆီ ၂ဇွန်း( စပတ)
-သကြား ၂ဇွန်း(စပတ)
– ငုံးဥပြုတ်ပြီးသားများ
-ပုဇွန် ၆၀၀ ဂရမ် ( များများစားချင်လို့ပါ)
စကြော်ရအောင်နော်
အရင်ဆုံးကြက်သွန်နီ ပါးပါးလှီး ထားတာကိုဂျင်းနဲ့ဆီသတ်လိုက်ပါ၊
ရွှေဝါရောင်သန်းပြီဆိုရင်အသီးအရွက်စုံ( ဂေါ်ဖီ၊ မုန်လာဥနီ၊ ပဲပင်ပေါက်၊ ကြယ်သီးမှို ) ကိုဆား၊ ကြက်သားမှုန့်နဲနဲ နဲ့ကြော်ပါ၊
၁မိနစ်လောက်ကြော်ပြီးရင် ခေါက်ဆွဲထဲ့ပါ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ သကြား၊five spice powder တို့ရောကြော်ပါ၊ ခေါက်ဆွဲနူးအောင်ရေတောက်ပေးပါ။
ခေါက်ဆွဲမနူးခင်လေးမှာပုဇွန် ထဲ့ပါတယ်( ပုဇွန်ကိုအရင်ကြော်တာမကြိုက်လို့ ၊ သိပ်ကွေးမသွားအောင်)။ ငုံးဥပြုတ်လေးများရောပါ။
ကြက်သွန်မြိတ်လေးဖြူးပြီရင် ပြီးပါပြီ။
ကြက်ဥလေးကို ဒယ်ပြားလေးမှာဆီပါလေကာထဲ့ အပြားလိုက် မီးနဲနဲ နဲ့ ကြော်ပါ။ ပြီးရင်ကြော်နေရင်း ဇွန်းပြားလေးနဲ့လိပ်သွားလိုက်ပါ။
ကြက်ဥလိပ်လေးကိုစောင်းစောင်းလေးများလှီးပြီး ခေါက်ဆွဲပန်းကန်ထဲမှာအလှဆင်ပါ။
မအိသက် ဒီဆိုက်လေး လုပ်ထားတာ ခုမှ သိတာ… မအိသက် လက်ရာတွေ အရမ်းစားချင်တာ။ ခုတော့ အတော်ပဲ ဟင်းလေးတွေ စမ်းချက်လိုက်အုန်းနော်.. 🙂
ဝတ်ရည် ကတော်ပြီးသားပါ။ မလဲဝတ်ရည်လို ဟင်းတွေအများကြီးတင်းနိုင်အောင် ကြိုးစားရဦးမယ် 🙂
both of you are very good.
🙂