ဝက်သားလုံးကြော်က အိသက်အကြိုက် ၊ သားတွေ သမီးတွေ လဲကြိုက်တဲ့အစာ၊ သမီးလေးက အသားကျွေးလို့ မရတတ်ဘူး၊ ဒါပေမဲ့ ဒါလေးဆိုရင် ဘောလုံးကြော်ဆိုပြီးစားတယ်။ ခဏ ခဏစားဖြစ်တယ်။
ဘိတ်ချဉ်က အိသက်အမေရဲ့အကြိုက်ဆုံးအချဉ်၊ ကိုယ်တိုင်လဲအရမ်းကြိုက်တယ်။ အချဉ်လုပ်နည်းလေးအရင် ရေးလိုက်မယ်နော်။ လွယ်လွယ်လေးပါနော်။
-တရုတ်ငံပြာရည်(soy sauce)စားပွဲတင်ဇွန်း ၇ ဇွန်း
-သကြား စားပွဲတင်ဇွန်းတဝက်
– ငရုတ်သီးစိမ်းစိတ်
-ကြက်သွန်ဖြူစိတ် ၊
-နံနံပင်ဓါးနုတ်ပေါက် ၊
– ကြက်သားမှုန့် စားပွဲတင်ဇွန်းတဝက်
-သံပရာရည်နဲနဲ စားပွဲတင်ဇွန်းတဝက်
– နှမ်းဆီ၂စက်
အဲဒါတွေအားလုံးရောလိုက်ရင်ရပါပြီ။
ဝက်သားလုံးကြော်နည်း
ဝက်သားလုံးကြော်နည်း
-ဝက်သား ၅၀၀ ဂရမ်
-ကော်မှုန့်စားပွဲတင်ဇွန်း ၂ဇွန်း
– ဂျင်းpaste စားပွဲတင်ဇွန်း ၁ဇွန်း
-ကြက်သားမှုန့်စားပွဲတင်ဇွန်း ၁ဇွန်း
-ကြက်ဥ ၁ လုံး
အဆာပလာတွေအားလုံးကို ရောလုံးထားပါ။
ကော်မှုန့် နဲ့ ကြက်ဥ ထဲ့ရတာက စားတဲ့အခါ အသားအရမ်းကျစ် မနေပဲ အပြင် ကျွတ်ပြီး အထဲမှာ အိနေအောင်လို့ပါနော်၊
ပြီးရင် ဝက်သားလုံးလေးတွေဆီပူထဲ ကြော်ပြီး နီလာပြီဆိုရင် ပူပူလေးကို ဘိတ်ချဉ်လေးနဲ့တို့စားလို့ရပါပြီ။
thank u for your cooking instructions…..i’m not cooking well….i’ll try with your way…..
u can see in profile i can not cook before too suzann. u will be the expert one day, keep it up naw. thank u for watching my website.
အဲဒီဘိတ်ချဉ်ကို အရမ်းကြိုက်။ သခွားသီးနဲ့များတို့စားရင် တခြားဘာမှ မစားချင်တော့ဘူး
hote pa . evy yae. thank u naw . 🙂
အစ်မရေ .. အစ်မရဲ့ ဘလော့လေးကို စိတ်ကြိုက်ဝင်မွှေဖတ်သွားပါတယ်နော် … ညီမလည်း ဟင်းချက်ဝါသနာပါသူတစ်ယောက်ပါ … တစ်နေ့တစ်နေ့ ဘာဟင်းချက်ရမလဲ စဉ်းစားရတာလည်း မလုပ်တစ်မျိုးပါပဲ … နောက်လည်း ခဏခဏလာမွှေပါရစေနော် … 😛 … အစ်မဘလော့လေးက ဖတ်ရတာရှင်းတယ် … recipes လေးတွေကိုလည်း English လိုရေးပေးထားတော့ ဆိုင်မှာ မေးဝယ်ရတာ အဆင်ပြေသွားတာပေါ့ … ကျေးဇူးတင်ပါတယ် အစ်မရေ … ခင်မင်လေးစားစွာဖြင့် … မိုးဖြူ
🙂
မမ…တရုတ်ငံပြာရည်ဆိုတာ.. ပဲငံပြာရည်ကိုပြောတာလား..ရိုးရိုးငံပြာရည်ကိုပြောတာလား?
hote tae nyi ma lay , light soy sauce 🙂